Author Archives: Aye Kyimann
-
Covid_ 19 ရောဂါနှင့်ပတ်သက်၍ အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကယားပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၃၀-၃-၂၀၂၀) ရက်နေ့တွင် ကယားပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်၊ ငွေတောင် ကျေးရွာအုပ်စု၊ ညောင်ကုန်းကျေးရွာရှိ ပြည်သူများအား Covid-19 ရောဂါနှင့်ပတ်သက်၍ အသိပညာပေး လက်ကမ်းစာစောင် များဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #kyh_mar2020 Source: ကယားပြည်နယ်ဦးစီးမှူးရုံး (ဘစမ)
-
လေပြင်းဘေးကြိုတင်ပြင်ဆင်ရေးနှင့် မြို့နယ်အဆင့်သဘာ၀ဘေးစီမံခန့်ခွဲမှုသင်တန်းကျင်းပပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရှမ်းပြည်နယ် ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၆.၃.၂၀၂၀)ရက်နေ့မှ (၇.၃.၂၀၂၀)ရက်နေ့အထိ ဆီဆိုင်မြို့နယ်ဦးစီးမှူးရုံး အစည်း အဝေးခန်းမတွင် လေပြင်းဘေးကြိုတင်ပြင်ဆင်ရေးနှင့် မြို့နယ်အဆင့်သဘာ၀ဘေးစီမံခန့်ခွဲမှုသင်တန်းအား ဖွင့်လှစ်ခဲ့ရာ ဆီဆိုင်မြို့နယ်အတွင်းရှိ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် ရပ်ကျေးစာရေးများ အပါအဝင် သင်တန်းသား/သူ (၅၀) ဦးတက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။ #sgw #ar #shn_mar2020 Source: ရှမ်းပြည်နယ်ဦးစီးမှူးရုံး (ဘစမ)
-
မီးဘေးသင့်ပြည်သူများအတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မိတ္ထီလာ ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် သာစည်မြို့၊ ညောင်ရမ်း(ဈေး)ကျေးရွာအုပ်စု၊ မိုးညှင်းကျေးရွာတွင် မတ်လ (၇) ရက်နေ့၌ မီးဘေးဖြစ်ပွားခဲ့ရာ မီးဘေးသင့်အိမ်ခြေ (၁) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၁၀၀၀၀၀/-) ကျပ်၊ လူ(၈)ဦးအတွက် ဆန်ဖိုးငွေ (၁၆၈၀၀/-) ကျပ်၊ ကယ်ဆယ်ရေးပစ္စည်း (၁၇) မျိုး တစ်အိမ်ထောင်စာတို့ကို မတ်လ (၈) ရက်နေ့တွင် မီးဘေးသင့် ပြည်သူများလက်ဝယ်သို့ ထောက်ပံ့ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ha_fir #mdy_mar2020 Source: မိတ္ထီလာခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
မီးဘေးသင့်ပြည်သူများအတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မိတ္ထီလာ ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဝမ်းတွင်းမြို့၊ ကုန်းကြီးကျေးရွာအုပ်စု၊ ကြပ်ကန်ကျေးရွာတွင် မတ်လ(၆)ရက်နေ့၌ မီးဘေးဖြစ်ပွားခဲ့ရာ မီးဘေးသင့်အိမ်ခြေ (၁) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၁၀၀၀၀၀/-) ကျပ်၊ လူ(၄)ဦးအတွက် ဆန်ဖိုးငွေ (၈၄၀၀/-) ကျပ်၊ ကယ်ဆယ်ရေးပစ္စည်း (၁၇) မျိုး တစ်အိမ်ထောင်စာတို့ကို မတ်လ (၇) ရက်နေ့တွင် မီးဘေး သင့်ပြည်သူများ လက်ဝယ်သို့ ထောက်ပံ့ပေးခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ha_fir #mdy_mar2020 Source: မိတ္ထီလာခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
သောက်သုံးရေများ ဖြန့်ဝေပေးမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဒီးမော့ဆို မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၆.၃.၂၀၂၀) ရက်နေ့တွင် ဒီးမော့ဆိုမြို့နယ်၊ ဒေါရောက်ခူကျေးရွာအုပ်စု၊ ဒေါဝယ်ကူး ကျေးရွာသို့ ရေသယ်ယာဉ်(၁)စီးဖြင့် သောက်သုံးရေဂါလံ(၁၂၀၀)အားလည်းကောင်း၊ ဒီးမော့ဆိုမြို့နယ်၊ ဒေါရောက်ခူ ကျေးရွာ အုပ်စု၊ လေမအန်းခူကျေးရွာသို့ ရေသယ်ယာဉ် (၁)စီးဖြင့် သောက်သုံးရေဂါလံ(၃၂၀၀) အားလည်းကောင်း သွားရောက်ဖြန့်ဝေ ပေးခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ha_drg #kyh_mar2020 Source: ဒီးမော့ဆိုမြို့နယ်ဦးစီးမှူးရုံး (ဘစမ)
-
သောက်သုံးရေများ ဖြန့်ဝေပေးမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဖရူဆိုမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၆.၃.၂၀၂၀) ရက်နေ့တွင် ဖရူဆိုမြို့နယ်၊ ဒိုးပရယ်ကျေးရွာအုပ်စု၊ ဘီဆို ကျေးရွာသို့ ရေသယ်ယာဉ် (၁) စီးဖြင့် သောက်သုံးရေဂါလံ (၁၂၀၀) အား လည်းကောင်း၊ ဖရူဆိုမြို့နယ်၊ မာခရော်ရှေ့ ကျေးရွာအုပ်စု၊ ဒေါသဲကျေးရွာသို့ ရေသယ်ယာဉ် (၁) စီးခြင့် သောက်သုံးရေ ဂါလံ (၃၂၀၀) အားလည်းကောင်း သွားရောက် ဖြန့်ဝေပေးခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ha_drg #kyh_mar2020 Source: ဖရူဆိုမြို့နယ်ဦးစီးမှူးရုံး (ဘစမ)
-
လေးပြင်းဘေးကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပဲခူးတိုင်း ဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် လေးပြင်းဘေးကြို တင်ကာကွယ်ရေးလုပ်ငန်းစီမံချက်အတွက် မိုးညိုမြို့နယ်၊ ကရင်ချောင်ကျေးရွာအုပ်စု၊ ငါးကျီးကျေးရွာ၊ ထန်းပင်ကုန်းကျေးရွာ အုပ်စု၊ ငါးကျီးကျေးရွာ၊ ရေကင်းကျေးရွာအုပ်စု၊ သက္ကယ်တန်းကျေးရွာ၊ ကျွန်းကလေးကျေးရွာ၊ ရေခင်းခြံကျေးရွာနှင့် မင်းကြီး ကျေးရွာများတွင် မိုးဦးကျကာလ၌ ဖြစ်ပွားတက်သော လေးပြင်းဘေးကြောင့် ပျက်စီးနိုင်သော နေအိမ်များ၊ ကြံ့ခိုင်မှုအားနည်းပြီး ပြန်လည်မပြုပြင်နိုင်သောနေအိမ်များအား သင့်တင့်သော ခိုင်ခန့်မှုရရှိရန်အတွက် သက်ဆိုင်ရာတာ၀န်ရှိသူများနှင့်အတူ၊ မြို့နယ် ကြက်ခြေနီသူနာပြုတပ်ဖွဲ့၊မေတ္တာပေါင်းကူးပရဟိတအသင်းတို့နှင့်ပူးပေါင်း၍ (၇-၃-၂၀၂၀)ရက်နေ့၌ ကွင်းဆင်းစာရင်းကောက် လျက်ရှိပါကြောင်း … Read more
-
တိုက်ပွဲရှောင်ပြည်သူများအတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ စစ်တွေခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၆.၃.၂၀၂၀) ရက်တွင် ရသေ့တောင်မြို့နယ်အတွင်း တိုက်ပွဲများဖြစ်ပွားမှုကြောင့် စစ်တွေမြို့၊ ရွာကြီးတောင်ရပ်ကွက်၊ မဏိ ရတနာကျောင်းတိုက်သို့ ထပ်တိုးရောက်ရှိခိုလှုံနေထိုင်လျက်ရှိသော တိုက်ပွဲရှောင် အိမ်ထောင်စု (၂၇) စု၊ လူဦးရေ (၈၆) ဦးအတွက် ဆန်ရိက္ခာ (၂) ပတ်စာဖိုး ထောက်ပံ့ငွေ(၃၆၁၂၀၀/-)တို့ကို (၇.၃.၂၀၂၀) ရက်တွင် သွားရောက်ထောက်ပံ့ပေးခဲ့ပါကြောင်း သတင်းရရှိပါသည်။ #otr #rke_mar2020 Source: စစ်တွေခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
ဒုတိယဝန်ကြီး ဦးစိုးအောင် ပြည်ထောင်စုနယ်မြေ နေပြည်တော်လူမှုဝန်ထမ်းဦးစီးဌာန လက်အောက်ရှိ မူလတန်းကြိုကျောင်းများမှ ဝန်ထမ်းများ နှင့်တွေ့ဆုံခြင်းအခမ်းအနား ကျင်းပ =======
မတ်လ ၇၊ နေပြည်တော် ပြည်ထောင်စုနယ်မြေ နေပြည်တော်လူမှုဝန်ထမ်း ဦးစီးဌာနလက်အောက်ရှိ မူလတန်းကြိုကျောင်းများမှ ဆရာမများ၊ ဝန်ထမ်းများ နှင့်တွေ့ဆုံခြင်းအခမ်းအနားကို ယနေ့ နံနက်ပိုင်းတွင် ဝန်ကြီးရုံးစုပေါင်းခန်းမ၌ ကျင်းပရာ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချ ထားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးစိုးအောင်တတ်ရောက်ခဲ့ပါသည်။ အခမ်းအနားတွင်ဒုတိယဝန်ကြီးက အဖွင့်အမှာစကားပြောကြားရာ မိမိတို့ဝန်ကြီး ဌာနသည်တိုင်းပြည်အနာဂတ်ဖြစ်သည့် ကလေး သူငယ်များကို ပြုစုစောင့်ရှောက်ပေးနေ သည့်ဌာန တစ်ခုဖြစ်သည့်အညီ ကလေးငယ်များအတွက် ဉာဏ၊ စိတ်ခံစားမှု၊ ရုပ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုး တိုးတက်မှုများ စဉ်ဆက်မပြတ်ရရှိစေဖို့ ဆောင်ရွက်ရန် အထူးအရေးကြီးပါကြောင်း၊ အစိုးရသစ်လက်ထက်တွင် ကိုယ်ဝန်ဆောင် … Read more
-
ပြည်ထောင်စု၀န်ကြီး ဒေါက်တာ၀င်းမြတ်အေး ဧရာ၀တီတိုင်းဒေသကြီး ဖျာပုံနှင့် ဒေးဒရဲမြို့များတွင် ရပ်ရွာအခြေပြု စေတနာလူမှု၀န်ထမ်းသမား များနှင့်တွေ့ဆုံ
မတ်လ ၇၊ ဖျာပုံ လူမှု၀န်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး၀န်ကြီးဌာန ပြည်ထောင်စု၀န်ကြီး ဒေါက်တာ၀င်းမြတ်အေးသည် နံနက်ပိုင်းတွင် တာ၀န်ရှိသူများလိုက်ပါလျက် ဖျာပုံမြို့ရှိ ရှေးဟောင်းသမိုင်း၀င် ပြည်လုံးချမ်းသာ သာစည်ဘုရားကြီးသို့ သွားရောက်ဖူးမျှော်ပြီး အလှူငွေပေးအပ် လှူဒါန်းခဲ့ပါသည်။ ဆက်လက်၍ ကန်တော်မင်္ဂလာ ဘိုးဘွားရိပ်သာသို့သွားရောက်ခဲ့ပြီး ဘိုးဘွား (၃၅) ဦးအတွက် အလှူငွေ ကျပ် (၅) သိန်း၊ စောင် များနှင့် အခင်းများ ပေးအပ်လှူဒါန်းခဲ့ပါသည်။ ထို့နောက် ပြည်ထောင်စု၀န်ကြီးနှင့်အဖွဲ့သည် ထန်းပင်ကျောင်းပရိယတ္တိစာသင်တိုက်သို့ သွားရောက် ကာ နိုင်ငံတော် သံဃမဟာနာယက အဖွဲ့ တွဲဘက်အကျိုးတော်ဆောင် … Read more
