Author Archives: Aye Kyimann
-
သဘာဝဘေးအသိပညာပေးဟောပြောပွဲပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရွှေဘိုခရိုင် ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၄-၁-၂၀၂၀) ရက်နေ့ နေ့လည် (၁၃:၀၀) နာရီမှ (၁၄:၃၀)နာရီအထိ ရွှေဘိုမြို့၊ အ.လ.က(၁) အခြေခံပညာအထက်တန်းကျောင်း(ခွဲ)၌ ကျောင်းသား/ သူ(၅၀၀)ဦးတို့အား သဘာဝဘေးအသိပညာပေး ဆွေးနွေးဟောပြော ခဲ့ပြီး၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာ ဆောင်ရန်/ရှောင်ရန် လက်ကမ်းစာစောင်များဖြန့်ဝေခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #sgg_jan2020 Source: ရွှေဘိုခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
သဘာဝဘေးအသိပညာပေးဟောပြောပွဲပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ သာပေါင်း မြို့နယ်ဦးစီးမှူးရုံးနှင့် ကြက်ခြေနီအသင်းခွဲတို့ ပူးပေါင်းဆောင်ရွက်သော ” ကြက်ခြေနီလှုပ်ရှားမှုနှင့် သဘာဝဘေးအန္တရာယ်များ အကြောင်း သိကောင်းစရာဟောပြောပွဲ ” ကို (၂၁.၁.၂၀၂၀) ရက်နေ့တွင် သာပေါင်းမြို့နယ်၊ ထန်းဇင်လှကျေးရွာ အခြေခံပညာ အထက်တန်းကျောင်း(ခွဲ)နှင့် အင်းကလေးကျေးရွာအခြေခံပညာ အလယ်တန်းကျောင်း၌ ကျောင်းသား/သူ(၂၀၀)ခန့်အား သဘာဝဘေးနှင့်ပတ်သတ်ပြီး အသိပညာပေးဟောပြောခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #ayy_jan2020 Source: သာပေါင်းမြို့နယ်ဦးစီးမှူးရုံး (ဘစမ)
-
သဘာဝဘေးအသိပညာပေးဟောပြောပွဲပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန မွန်ပြည်နယ် ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မော်လမြိုင်မြို့ ကတိုးကျေးရွာ၌ ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီလ နှစ်ဆယ့်တစ်ရက်နေ့၊ (၁၁:ဝဝ) နာရီအချိန်မှ (၁၂:၀၀) နာရီအချိန်အထိ ကျေးရွာသူ၊ ကျေးရွာသား စုစုပေါင်း (၆၀)ဦးအား သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောဆွေးနွေးခဲ့ပြီး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #mon_jan2020 Source: မွန်ပြည်နယ်ဦးစီးမှူးရုံး (ဘစမ)
-
သဘာဝဘေးအသိပညာပေးဟောပြောပွဲပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မြဝတီ ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၇-၁-၂၀၂၀) ရက်နေ့၌ မြဝတီမြို့၊ အမှတ်(၅)ရပ်ကွက်၊ အ.ထ.က(၃)ကျောင်းတွင် ကျောင်းသား/ကျောင်းသူ ဦးရေ (၂၅၀)ကျော်အား သဘာဝဘေးအန္တရာယ်အသိပညာပေးဟောပြောခြင်း၊ တက်ရောက်လာသူများ အား အသိပညာပေးလက်ကမ်းစာစောင်များ ဝေငှပေးခြင်းတို့ ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #krn_jan2020 Source: မြဝတီခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မိုင်းဖြတ်မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၆.၁.၂၀၂၀)ရက်နေ့ နံနက် (၁၀:ဝဝ)နာရီ မှ (၁၁:၃၀)နာရီ အထိ မိုင်းဖြတ်မြို့နယ်၊ နမ့်နန်းအာခါကျေးရွာရှိအခြေခံပညာမူလတန်းကျောင်းတွင် ဆရာ၊ ဆရာမ၊ ကျောင်း သား၊ ကျောင်းသူနှင့် ကျေးရွာသူကျေးရွာသား စုစုပေါင်း (၅၀) ဦး အား ငလျင်ဘေးနှင့် အခြားသဘာဝဘေးများ ဆိုင်ရာ အသိပညာပေးဟောပြောပွဲအားပြုလုပ်ဆောင်ရွက်ခဲ့ပါသည်။ အဆိုပါဟောပြောပွဲတွင် ဦးစီးဌာန၏ လုပ်ငန်း တာဝန်များ၊ ရည်ရွယ်ချက်များ၊ ထောက်ပံ့မှုနှုန်းထားများ၊ ဘေး (၈)မျိုး ဆောင်ရန် ရှောင်ရန်များ၊ ဘေး (၈) မျိုး … Read more
-
ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ ကလေးသူငယ်များနှင့် လက်နက်ကိုင်ပဋိပက္ခဆိုင်ရာအထူးကိုယ်စားလှယ် Ms. Virginia Gamba နှင့်အဖွဲ့အား လက်ခံတွေ့ဆုံမှုသတင်း
ဇန်နဝါရီ ၁၅၊ နေပြည်တော် လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထား ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးသည် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်၏ ကလေးသူငယ်များနှင့် လက်နက်ကိုင်ပဋိပက္ခဆိုင်ရာအထူးကိုယ်စားလှယ် Ms. Virginia Gamba နှင့်အဖွဲ့အား ယနေ့ နံနက် ပိုင်းတွင် အဆိုပါဝန်ကြီးဌာန မေခလာခန်းမ၌ လက်ခံတွေ့ဆုံခဲ့ပါသည်။ ထိုသို့တွေ့ဆုံရာတွင် ကလေးသူငယ်များနှင့်လက်နက်ကိုင် ပဋိပက္ခဆိုင်ရာကိစ္စရပ်များ နှင့်စပ်လျဉ်း၍ ပြည်ထောင်စုဝန်ကြီးက အထူး ကိုယ်စားလှယ်၏ ၂၀၁၈ ခုနှစ်၊ မေလ က လာရောက်ခဲ့သော ခရီးစဉ်နှင့် ယခုခရီးစဉ်အကြား များစွာသော တိုးတက်မှုများရှိပါကြောင်း၊ ကလေးသူငယ်အခွင့်အရေးများ ဆိုင်ရာဥပဒေ … Read more
-
သဘာဝဘေးအသိပညာပေး ဗွီနိုင်းဆိုင်းဘုတ်စိုက်ထူပေးမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ သာပေါင်း မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၀.၁.၂၀၂၀) ရက်နေ့တွင် သာပေါင်းမြို့နယ် ဘောလုံးကွင်းရှေ့၌ သဘာဝဘေးနှင့် ပတ်သက်သည့် အကြောင်းအရာများကို ပြည်သူလူထုများသိရှိစေရေးအတွက် ယခင်စိုက်ထူထားသော ရေဘေးအသိပညာပေး ဗွီနိုင်းဆိုင်းဘုတ်အစား မီးဘေးအသိပညာပေး ဗွီနိုင်းဆိုင်းဘုတ်အား သွားရောက်စိုက်ထူပေးပေးခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #ayy_jan2020 Source: သာပေါင်းမြို့နယ်ဦးစီးမှူးရုံး (ဘစမ)
-
လူ့ဘဝအစ ရက် (၁၀၀၀) ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အသိပညာပေးလုပ်ငန်းများ ကျယ်ကျယ်ပြန့်ပြန့်ဆောင်ရွက်နိုင်ရေး ညိှနှိုင်းစည်းဝေးကျင်းပ
ဇန်နဝါရီ ၈၊ နေပြည်တော် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်း ဦးစီးဌာနသည် လူ့ဘဝအစ ရက် (၁၀၀၀) ဖွံ့ဖြိုး တိုးတက်ရေးအတွက် လူမှုကာကွယ်စောင့်ရှောက်ရေးဆိုင်ရာလုပ်ငန်းများ၊ ရှေးဦးအရွယ်ကလေးသူငယ် ပြုစု ပျိုးထောင်ရေးနှင့် ဘက်စုံဖွံ့ဖြိုး တိုးတက်ရေးလုပ်ငန်းများ၊ ရှေးဦးအရွယ်ကလေးသူငယ် ဖွံ့ဖြိုးရေးအခြေအနေ တိုင်းတာ စစ်ဆေးခြင်းနှင့် ကူညီပံ့ပိုးခြင်းဆိုင်ရာ ဝန်ဆောင်မှုလုပ်ငန်းများကို ဝန်ကြီးဌာန၏ ဦးစားပေးလုပ်ငန်းများအဖြစ် အကောင် အထည်ဖော်ဆောင်ရွက်လျက်ရှိပါသည်။ ထိုလုပ်ငန်းများ လုပ်ငန်းစီမံချက်တည်ရှိရာဒေသများတွင်သာမဟုတ်ပဲ တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ကျယ်ကျယ် ပြန့်ပြန့် အသိပညာပေး လုပ်ငန်းများ ဆောင်ရွက်နိုင်ရေးအတွက် ညိှနှိုင်းအစည်းအဝေးအား ယနေ့မွန်းလွဲပိုင်းတွင် … Read more
-
တိုက်ပွဲရှောင်ပြည်သူများအတွက် ထောက်ပံ့မှုသတင်း
ကျောက်ဖြူခရိုင်၊ အမ်းမြို့၊ ကဇုကိုင်းကျေးရွာအုပ်စု၊ ရှောက်ခြုံကျေးရွာ၊ သရက်ပင်ချောင်းကျေးရွာ၊ အုန်းတည်ချောင်းကျေးရွာ၊ အမ်းမြို့နယ်၊ ဒါးလက်အုပ်စု၊ ဒါးလက်တောင်ရွာ၊ ဒါးလက်ရွာဟောင်းရွာနှင့် မြေပုံမြို့နယ်၊ စညှင်းကျေးရွာအုပ်စု၊ စညှင်းကျေးရွာတို့တွင် (၂.၁.၂၀၂၀) ရက်နေ့၌ ရောက်ရှိခိုလှုံလျက်ရှိသော တိုက်ပွဲရှောင်အိမ်ထောင်စု(၁၄)စုမှ ကျား(၂၄)ဦး၊ မ(၂၉)ဦး၊ စုစုပေါင်း (၅၃) ဦးတို့အတွက် ဆန်ရိက္ခာ (၂) ပတ်စာတန်ဖိုးငွေ (၂၂၂၆၀၀/-) တို့ကို (၈.၁.၂၀၂၀)ရက်နေ့ (၁၃:၀၀)နာရီအချိန်တွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကျောက်ဖြူ ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် အမ်းမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူးထံသို့ လွှဲပြောင်းထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #otr … Read more
-
အမျိုးသားသဘာဘေးအန္တရာယ်ဆိုင်စီမံခန့်ခွဲမှုကော်မတီရန်ပုံငွေတည်ဆောက်ထားသော သံခွံစက်လှေစစ်ဆေးမှုသတင်း
တနင်္သာရီတိုင်းဒေသကြီးအတွင်း သဘာ၀ဘေးအန္တရာယ်များကျရောက်လာပါက အရေးပေါ်ရှာဖွေကယ်ဆယ်ရေးနှင့် ထောက်ပံ့ ရေးလုပ်များတွင် အသုံးပြုရန် မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ်တွင် ထူးထက်ရှိန်ကုမ္ပဏီမှ တင်ဒါအောင်မြင် တည်ဆောက်လျက်ရှိ သော သံခွံစက်လှေအင်ဂျင်အမျိုးအစား Hino Ho 7c (130) hp ၊ အရွယ်အစား (၅၂ × ၈.၅ × ၄) ပေ (၂)စီး၏ ဆောက်လုပ်ပြီးစီးမှု အခြေအနေအား (၅.၁.၂၀၂၀) ရက်နေ့တွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးနှင့်စည်ပင် သာယာရေး၀န်ကြီး၊ လျှပ်စစ်နှင့် စွမ်းအင်၀န်ကြီး၊ တနင်္သာရီမြို့နယ်လွှတ်တော်ကိုယ်စားလှယ်တို့နှင့်အတူ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရေကြောင်း ပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန၊ … Read more
