လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မိတ္ထီလာ ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် သာစည်မြို့၊ ညောင်ရမ်း(ဈေး)ကျေးရွာအုပ်စု၊ မိုးညှင်းကျေးရွာတွင် မတ်လ (၇) ရက်နေ့၌ မီးဘေးဖြစ်ပွားခဲ့ရာ မီးဘေးသင့်အိမ်ခြေ (၁) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၁၀၀၀၀၀/-) ကျပ်၊ လူ(၈)ဦးအတွက် ဆန်ဖိုးငွေ (၁၆၈၀၀/-) ကျပ်၊ ကယ်ဆယ်ရေးပစ္စည်း (၁၇) မျိုး တစ်အိမ်ထောင်စာတို့ကို မတ်လ (၈) ရက်နေ့တွင် မီးဘေးသင့် ပြည်သူများလက်ဝယ်သို့ ထောက်ပံ့ခဲ့ပါကြောင်း သတင်းရရှိပါသည်။
#ha_fir
#mdy_mar2020
Source: မိတ္ထီလာခရိုင်ဦးစီးမှူးရုံး (ဘစမ)