လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဒီးမော့ဆို မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၆.၃.၂၀၂၀) ရက်နေ့တွင် ဒီးမော့ဆိုမြို့နယ်၊ ဒေါရောက်ခူကျေးရွာအုပ်စု၊ ဒေါဝယ်ကူး ကျေးရွာသို့ ရေသယ်ယာဉ်(၁)စီးဖြင့် သောက်သုံးရေဂါလံ(၁၂၀၀)အားလည်းကောင်း၊ ဒီးမော့ဆိုမြို့နယ်၊ ဒေါရောက်ခူ ကျေးရွာ အုပ်စု၊ လေမအန်းခူကျေးရွာသို့ ရေသယ်ယာဉ် (၁)စီးဖြင့် သောက်သုံးရေဂါလံ(၃၂၀၀) အားလည်းကောင်း သွားရောက်ဖြန့်ဝေ ပေးခဲ့ပါကြောင်း သတင်းရရှိပါသည်။
#ha_drg
#kyh_mar2020
Source: ဒီးမော့ဆိုမြို့နယ်ဦးစီးမှူးရုံး (ဘစမ)