လေးပြင်းဘေးကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်မှုသတင်း

8_Pic_01

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပဲခူးတိုင်း ဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် လေးပြင်းဘေးကြို တင်ကာကွယ်ရေးလုပ်ငန်းစီမံချက်အတွက် မိုးညိုမြို့နယ်၊ ကရင်ချောင်ကျေးရွာအုပ်စု၊ ငါးကျီးကျေးရွာ၊ ထန်းပင်ကုန်းကျေးရွာ အုပ်စု၊ ငါးကျီးကျေးရွာ၊ ရေကင်းကျေးရွာအုပ်စု၊ သက္ကယ်တန်းကျေးရွာ၊ ကျွန်းကလေးကျေးရွာ၊ ရေခင်းခြံကျေးရွာနှင့် မင်းကြီး ကျေးရွာများတွင် မိုးဦးကျကာလ၌ ဖြစ်ပွားတက်သော လေးပြင်းဘေးကြောင့် ပျက်စီးနိုင်သော နေအိမ်များ၊ ကြံ့ခိုင်မှုအားနည်းပြီး ပြန်လည်မပြုပြင်နိုင်သောနေအိမ်များအား သင့်တင့်သော ခိုင်ခန့်မှုရရှိရန်အတွက် သက်ဆိုင်ရာတာ၀န်ရှိသူများနှင့်အတူ၊ မြို့နယ် ကြက်ခြေနီသူနာပြုတပ်ဖွဲ့၊မေတ္တာပေါင်းကူးပရဟိတအသင်းတို့နှင့်ပူးပေါင်း၍ (၇-၃-၂၀၂၀)ရက်နေ့၌ ကွင်းဆင်းစာရင်းကောက် လျက်ရှိပါကြောင်း သတင်းရရှိပါသည်။

#sgw

#bgo_mar2020

Source:  မိုးညိုမြို့နယ်ဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events