Author Archives: Aye Kyimann
-
COVID-19 ရောဂါနှင့် ပတ်သက်၍ အသိပညာပေးလုပ်ငန်းများဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဉီးစီးဌာန၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တိုင်းဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဌာနဆိုင်ရာအဖွဲ့အစည်းများနှင့် ပူးပေါင်း၍ (၁၉-၄-၂၀၂၀)ရက်နေ့ နံနက် (၀၈:၄၅) အချိန်မှ ညနေ(၁၆:၀၀) အချိန်အထိ လယ်ဝေးမြို့နယ်၊ ရုံးပင်ကျေးရွာအုပ်စု၊ ရုံးပင်ကျေးရွာ ပြည်သူများအား COVID-19 ရောဂါကူးစက် ပြန့်နှံ့မှုများ မဖြစ်ပွားစေရန်အတွက် သိရှိလိုက်နာဆောင်ရွက် ရမည့်အချက်များနှင့် ပတ်သက်၍ အသိပညာပေးခြင်းများ ဆောင်ရွက်ပေးခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #npw_apr2020 Source: ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တိုင်းဦးစီးမှူးရုံး (ဘစမ)
-
COVID-19 ရောဂါနှင့် ပတ်သက်၍ အသိပညာပေးလုပ်ငန်းများဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဉီးစီးဌာန၊ ဖရူဆိုမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၉.၄.၂၀၂၀) ရက်နေ့တွင် ဖရူမြို့နယ်၊ ဟိုယာကျေးရွာအုပ်စု၊ ခေါဘာ ကျေးရွာ၊ ဟိုမိုထေးကျေးရွာနှင့် ရာဧပရားကျေးရွာအုပ်စု၊ ယိုစပရားကျေးရွာနေ မိဘပြည်သူများအား COVID-19 ရောဂါ ကူးစက်ပြန့်နှံ့မှု မဖြစ်ပွားစေရန်အတွက် သိရှိလိုက်နာရန်အချက်များကို အသိပညာဖြန့်ဝေပေးခဲ့ပါကြောင်း သတင်းရရှိပါ သည်။ #ar #kyh_apr2020 Source: ဖရူဆိုမြို့နယ်ဦးစီးမှူးရုံး (ဘစမ)
-
COVID-19 ရောဂါနှင့် ပတ်သက်၍ အသိပညာပေးလုပ်ငန်းများဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဉီးစီးဌာန၊ ကယားပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၉.၄.၂၀၂၀)ရက်နေ့တွင် လွိုင်ကော်မြို့နယ်၊ ဒေါပေါ်ကလဲကျေးရွာ အုပ်စု၊ ဘာဒိုကျေးရွာနှင့် ထေးငှားလျားရပ်ကွက်ရှိ မိဘပြည်သူများအား COVID-19 ရောဂါကူးစက်ပြန့်နှံ့မှု မဖြစ်ပွားစေရန် အတွက် သိရှိလိုက်နာရန်အချက်များအား အသိပညာဖြန့်ဝေခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #kyh_apr2020 Source: ကယားပြည်နယ်ဦးစီးမှူးရုံး (ဘစမ)
-
COVID-19 ရောဂါနှင့် ပတ်သက်၍ အသိပညာပေးလုပ်ငန်းများဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဉီးစီးဌာန၊ မအူပင်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၉-၄-၂၀၂၀) ရက်နေ့တွင် မအူပင်မြို့နယ်၊ တာပါတ်အနောက်ကျေးရွာ အုပ်စုအတွင်းရှိ ကျေးရွာခွဲ(၄)ရွာ၌ Covid-19 ရောဂါ ကူးစက်ပျံ့ပွားမှုများ မဖြစ်ပွားစေရန်တွက် အများပြည်သူသိရှိ လိုက်နာဆောင်ရွက်ရန်အချက်များအား လော်စပီကာ ဟန်းစပီကာများဖြင့် လှည့်လည်ဟောပြောခြင်း ဆောင်ရွက်ခဲ့ပါ ကြောင်း သတင်းရရှိပါသည်။ #ar #ayy_apr2020 Source: မအူပင်ခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
COVID-19 ရောဂါနှင့် ပတ်သက်၍ အသိပညာပေးလုပ်ငန်းများဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဉီးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၉-၄-၂၀၂၀)ရက်နေ့ (၀၇:၃၀)နာရီအချိန်မှစ၍ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်၊ အပင်နှစ်ဆယ်ကျေးရွာအုပ်စု၊ အပင်နှစ်ဆယ်ကျေးရွာ၊ ကိုးသောင်းကျေးရွာ၊ သံပတ်ကုန်းကျေးရွာ၊ သောကကုန်းကျေးရွာတို့၌လည်းကောင်း၊ ခုံဇင်ကုန်းကျေးရွာအုပ်စု၊ ခုံဇင်ကုန်းကျေးရွာ၊ ကျွန်းချောင်းကျေးရွာ၊ ရိုးကြီးကျေးရွာ၊ ရာပန်းကုန်းကျေးရွာတို့၌လည်းကောင်း၊ ဒဂုံးကြီးကျေးရွာအုပ်စု၊ ဒဂုံးကြီးကျေးရွာ၊ ဂျိုးပင်ဆိပ်ကျေးရွာ၊ ညောင်ပင်ကြီးကုန်းကျေးရွာနှင့် ရေကျော်ကျေးရွာတို့၌လည်းကောင်း လတ်တလောနိုင်ငံအသီးသီးတွင် ကူးစက်ပြန့်ပွား လျက်ရှိသော COVID-19 ကူးစက်ရောဂါနှင့်ပတ်သက်၍ ကျေးရွာနေပြည်သူများအား အသိပညာပေးဟောပြောခြင်းများ ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #ayy_apr2020 Source: ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ)
-
COVID-19 ရောဂါနှင့် ပတ်သက်၍ အသိပညာပေးလုပ်ငန်းများဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဉီးစီးဌာန၊ ရေစကြို မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၉.၄.၂၀၂၀) ရက်နေ့တွင် (၀၈:၀၀)နာရီမှစတင်၍ (၁၃:၀၀)အချိန်အထိ ရေစကြိုမြို့နယ်၊ ပညှင်းကျေးရွာ၊ ကြီးကံကျေးရွာ၊ သက်ရွာကျေးရွာ၊ တောင်အိုကျေးရွာ၊ ပခန်းကြီးကျေးရွာနှင့် ဆင်ချောင်းကျေးရွာများသို့ COVID-19ရောဂါကူးစက်ပျံ့နှံ့မှုများ မဖြစ်ပွားစေရန်အတွက် သိရှိလိုက်နာဆောင်ရွက်ရန်များကို လော်စပီကာဖြင့် အသိပေး ကြေညာဆောင်ရွက်ခြင်းပြုလုပ်ခဲ့ပါကြောင်း သတင်းပေးရရှိပါသည်။ #ar #mgy_apr2020 Source: ရေစကြိုမြို့နယ်ဦးစီးမှူးရုံး (ဘစမ)
-
COVID-19 ရောဂါနှင့် ပတ်သက်၍ အသိပညာပေးလုပ်ငန်းများဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဉီးစီးဌာန၊ ရေစကြို မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၈.၄.၂၀၂၀) ရက်နေ့တွင် (၀၉:၃၀)နာရီမှစတင်၍(၁၃:၃၀)အချိန်ထိ ရေစကြိုမြို့နယ်၊ နန်းဦးကျေးရွာအုပ်စု၊ နန်းဦးကျေးရွာ၊ ထန်းတောကူနီကျေးရွာ၊ သဲအင်းကျေးရွာ၊ ချောင်းတောင်ဘက်ကျေးရွာ၊ ကျွန်းစု ကျေးရွာနှင့် ရေပေါင်လောင်းကျေးရွာများသို့ COVID-19 ရောဂါကူးစက်ပျံ့နှံ့မှုများ မဖြစ်ပွားစေရန်အတွက် သိရှိလိုက်နာ ဆောင်ရွက်ရန်များကို လောစပီကာဖြင့် အသိပေးကြေညာဆောင်ရွက်ခြင်းပြုလုပ်ခဲ့ပါကြောင်း သတင်းပေးရရှိပါသည်။ #ar #mgy_apr2020 Source: ရေစကြိုမြို့နယ်ဦးစီးမှူးရုံး (ဘစမ)
-
လေဘေးသင့်ပြည်သူများအတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဉီးစီးဌာန၊ ရေစကြို မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ရေစကြိုမြို့နယ်၊ နန်းဦးကျေးရွာအုပ်စု၊ သဲအင်းကျေးရွာတွင် (၁၆-၄-၂၀၂၀) ရက်နေ့၊ (၂၀:ဝ၀) နာရီအချိန်မှ (၂၁:၀၀) နာရီ အချိန်ထိလေပြင်းတိုက်ခတ်မှုကြောင့် သွပ်မိုး၊ ထရံကာ၊ ဝါးကြမ်းခင်း(၂)ထပ်နေအိမ်ပေါ်သို့ သီးပင်လဲကျခဲ့ရာ လူနေအိမ်(၁)လုံး၊ အိမ်ထောင်စု(၁)စု၊ လူဦးရေ(၄)ဦးတို့အတွက် အိမ်ဆောက်ပစ္စည်းဖိုး(၈၀၀၀ဝ/-)၊ ဆန်ရိက္ခာဖိုး(၈၄၀ဝ/-)၊ စုစုပေါင်းကျပ်(၈၈၄၀ဝ/-)အား (၁၈-၄-၂၀၂၀)ရက်နေ့၊ (၉:၀၀)နာရီအချိန်တွင် ကျေးရွာအုပ်ချုပ်ရေးမှူး နှင့်အတူ ဘေးသင့်ပြည်သူ လက်ဝယ်အရောက် ကွင်းဆင်းထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းပေးရရှိပါသည်။ #ha_sgw #mgy_apr2020 Source: ရေစကြိုမြို့နယ်ဦးစီးမှူးရုံး (ဘစမ)
-
COVID-19 ရောဂါနှင့် ပတ်သက်၍ အသိပညာပေးလုပ်ငန်းများဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဉီးစီးဌာန၊ ပခုက္ကူခရိုင် ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၈-၄-၂၀၂၀) ရက်နေ့ (၀၈:၀၀)အချိန်မှ (၂၁:ဝဝ)အချိန်ထိပခုက္ကူမြို့ပေါ်ရပ်ကွက်များ၊ ကျွဲတဲကျေးရွာ၊ ရွှေချောင်းကျေးရွာများသို့ COVID -19 ကူးစက်မြန်ရောဂါ ကြိုတင်ကာကွယ်ရေးပြည်သူများသို့ အသိပညာပေး ပန်ကြားချက်များနှင့် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ပြည်သူများသို့ပန်ကြားချက်များအား လှည့်လည်အသိပေးခြင်းနှင့် အသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေခြင်းတို့ကို ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #mgy_apr2020 Source: ပခုက္ကူခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
COVID-19 ရောဂါနှင့် ပတ်သက်၍ အသိပညာပေးလုပ်ငန်းများဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မြောင်းမြ ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၈-၄-၂၀၂၀) ရက်နေ့၊ နံနက်(၀၈:၃၀)နာရီအချိန်မှစတင်၍ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ်၊ ရွာသစ်ကျေးရွာအုပ်စု၊ ရွာသစ်ကျေးရွာ၊ဂယက်ကြီးကျးရွာအုပ်စု၊ ဂယက်ကြီးကျေးရွာ၊ တကောကျေးရွာအုပ်စု၊ တကောကျးရွာ၊ ကွင်းယားတံခွန်တိုင်ကျေးရွာအုပ်စု၊ တံခွန်တိုင်ကျေးရွာတို့တွင် လက်တလောနိုင်ငံအသီးသီးတွင် ကူးစက် ပြန့်ပွားလျက်ရှိသော COVID-19 ကူးစက်ရောဂါနှင့်ပတ်သက်ပြီး ဆောင်ရန်/ ရှောင်ရန်တို့အား ကျေးရွာ/ရပ်ကွက်နေ ပြည်သူတို့ အား အသိပညာပေးဟောပြော ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #ayy_apr2020 Source: မြောင်းမြခရိုင်ဦးစီးမှူးရုံး (ဘစမ)
