လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဉီးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၉-၄-၂၀၂၀)ရက်နေ့ (၀၇:၃၀)နာရီအချိန်မှစ၍ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်၊ အပင်နှစ်ဆယ်ကျေးရွာအုပ်စု၊ အပင်နှစ်ဆယ်ကျေးရွာ၊ ကိုးသောင်းကျေးရွာ၊ သံပတ်ကုန်းကျေးရွာ၊ သောကကုန်းကျေးရွာတို့၌လည်းကောင်း၊ ခုံဇင်ကုန်းကျေးရွာအုပ်စု၊ ခုံဇင်ကုန်းကျေးရွာ၊ ကျွန်းချောင်းကျေးရွာ၊ ရိုးကြီးကျေးရွာ၊ ရာပန်းကုန်းကျေးရွာတို့၌လည်းကောင်း၊ ဒဂုံးကြီးကျေးရွာအုပ်စု၊ ဒဂုံးကြီးကျေးရွာ၊ ဂျိုးပင်ဆိပ်ကျေးရွာ၊ ညောင်ပင်ကြီးကုန်းကျေးရွာနှင့် ရေကျော်ကျေးရွာတို့၌လည်းကောင်း လတ်တလောနိုင်ငံအသီးသီးတွင် ကူးစက်ပြန့်ပွား လျက်ရှိသော COVID-19 ကူးစက်ရောဂါနှင့်ပတ်သက်၍ ကျေးရွာနေပြည်သူများအား အသိပညာပေးဟောပြောခြင်းများ ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။
#ar
#ayy_apr2020
Source: ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ)