
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဉီးစီးဌာန၊ ရေစကြို မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၈.၄.၂၀၂၀) ရက်နေ့တွင် (၀၉:၃၀)နာရီမှစတင်၍(၁၃:၃၀)အချိန်ထိ ရေစကြိုမြို့နယ်၊ နန်းဦးကျေးရွာအုပ်စု၊ နန်းဦးကျေးရွာ၊ ထန်းတောကူနီကျေးရွာ၊ သဲအင်းကျေးရွာ၊ ချောင်းတောင်ဘက်ကျေးရွာ၊ ကျွန်းစု ကျေးရွာနှင့် ရေပေါင်လောင်းကျေးရွာများသို့ COVID-19 ရောဂါကူးစက်ပျံ့နှံ့မှုများ မဖြစ်ပွားစေရန်အတွက် သိရှိလိုက်နာ ဆောင်ရွက်ရန်များကို လောစပီကာဖြင့် အသိပေးကြေညာဆောင်ရွက်ခြင်းပြုလုပ်ခဲ့ပါကြောင်း သတင်းပေးရရှိပါသည်။
#ar
#mgy_apr2020
Source: ရေစကြိုမြို့နယ်ဦးစီးမှူးရုံး (ဘစမ)