လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဉီးစီးဌာန၊ ရေစကြို မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ရေစကြိုမြို့နယ်၊ နန်းဦးကျေးရွာအုပ်စု၊ သဲအင်းကျေးရွာတွင် (၁၆-၄-၂၀၂၀) ရက်နေ့၊ (၂၀:ဝ၀) နာရီအချိန်မှ (၂၁:၀၀) နာရီ အချိန်ထိလေပြင်းတိုက်ခတ်မှုကြောင့် သွပ်မိုး၊ ထရံကာ၊ ဝါးကြမ်းခင်း(၂)ထပ်နေအိမ်ပေါ်သို့ သီးပင်လဲကျခဲ့ရာ လူနေအိမ်(၁)လုံး၊ အိမ်ထောင်စု(၁)စု၊ လူဦးရေ(၄)ဦးတို့အတွက် အိမ်ဆောက်ပစ္စည်းဖိုး(၈၀၀၀ဝ/-)၊ ဆန်ရိက္ခာဖိုး(၈၄၀ဝ/-)၊ စုစုပေါင်းကျပ်(၈၈၄၀ဝ/-)အား (၁၈-၄-၂၀၂၀)ရက်နေ့၊ (၉:၀၀)နာရီအချိန်တွင် ကျေးရွာအုပ်ချုပ်ရေးမှူး နှင့်အတူ ဘေးသင့်ပြည်သူ လက်ဝယ်အရောက် ကွင်းဆင်းထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းပေးရရှိပါသည်။
#ha_sgw
#mgy_apr2020
Source: ရေစကြိုမြို့နယ်ဦးစီးမှူးရုံး (ဘစမ)