လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဉီးစီးဌာန၊ ရေစကြို မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၉.၄.၂၀၂၀) ရက်နေ့တွင် (၀၈:၀၀)နာရီမှစတင်၍ (၁၃:၀၀)အချိန်အထိ ရေစကြိုမြို့နယ်၊ ပညှင်းကျေးရွာ၊ ကြီးကံကျေးရွာ၊ သက်ရွာကျေးရွာ၊ တောင်အိုကျေးရွာ၊ ပခန်းကြီးကျေးရွာနှင့် ဆင်ချောင်းကျေးရွာများသို့ COVID-19ရောဂါကူးစက်ပျံ့နှံ့မှုများ မဖြစ်ပွားစေရန်အတွက် သိရှိလိုက်နာဆောင်ရွက်ရန်များကို လော်စပီကာဖြင့် အသိပေး ကြေညာဆောင်ရွက်ခြင်းပြုလုပ်ခဲ့ပါကြောင်း သတင်းပေးရရှိပါသည်။
#ar
#mgy_apr2020
Source: ရေစကြိုမြို့နယ်ဦးစီးမှူးရုံး (ဘစမ)