Author Archives: Aye Kyimann
-
COVID-19 ရောဂါနှင့် ပတ်သက်၍ အသိပညာပေးလုပ်ငန်းများဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထား ရေးဝန်ကြီးထားဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဉီးစီးဌာန၊ မအူပင်ခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၁၂-၅-၂၀၂၀)ရ က်နေ့တွင် ဓနုဖြူမြို့နယ်၊ ရေတွင်းကုန်းကျေးရွာ အုပ်စုအတွင်း ရှိ ကျေးရွာ ခွဲ(၄)ရွာ၌ Covid-19 ရောဂါကူးစက် ပျံ့ပွားမှုများ မဖြစ်ပွားစေရန်တွက် အများပြည်သူ သိရှိလိုက်နာဆောင်ရွက်ရန် အချက်များ အား လော်စပီကာ၊ ဟန်းစပီကာများဖြင့် လှည့်လည်ဟောပြောခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #ayy_may2020 Source: မအူပင်ခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
လေဘေးသင့်ပြည်သူများအတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး ဝန်ကြီးထားဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဉီးစီးဌာန၊ သရက် ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် သရက်ခရိုင်၊ သရက် မြို့နယ်၌ (၁၁.၅.၂၀၂၀)ရက်နေ့၊ (၁၆:၀၀)နာရီမှ (၁၆:၁၅)အချိန် အထိ ကျေးရွာအုပ်စု(၂)စု၊ ကျေးရွာ(၂)ရွာတွင် လေပြင်းတိုက်ခတ်မှုကြောင့် လူနေအိမ်(၉)လုံး၊ ဘုန်းတော်ကြီးကျောင်း(၁) ကျောင်း အမိုးလန်ပျက်စီးခဲ့ပြီး အဆိုပါလေဘေးသင့် ဘုန်းတော်ကြီး ကျောင်း(၁)ကျောင်း၊ အိမ်ထောင်စု(၉)စု၊ လူဦးရေ(၃၁)ဦးတို့ အတွက် ဆန်ရိက္ခာဖိုး (၇) ရက်စာ (၆၅၁၀ဝ/-)၊ အိမ်ဆောက်/ကျောင်း ဆောက်ပစ္စည်းဖိုး (၃၀၀၀၀ဝ/-)၊ ရန်ပုံငွေစုစုပေါင်း (၃၆၅၁၀ဝ/-)ကျပ်တို့အား (၁၂.၅.၂၀၂၀)ရက်နေ့၊ မွန်းလွဲ(၁၃:၀၀)နာရီအချိန်တွင် သရက်မြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီး … Read more
-
လေဘေးသင့်ပြည်သူများအတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး ဝန်ကြီးထားဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဉီးစီးဌာန၊ သရက် ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် သရက်ခရိုင်၊ အောင်လံမြို့နယ်၌ (၁၁-၅-၂၀၂၀)ရက်နေ့၊ (၁၇:၃၀)နာရီမှ (၁၇:၄၅) အချိန်အထိ ကျေးရွာအုပ်စု(၄)စု၊ ကျေးရွာ (၄) ရွာတွင် လေပြင်းတိုက်ခတ်မှုကြောင့် လူနေအိမ်(၂၃)လုံး အမိုးလန်ပျက်စီးခဲ့ပြီး အိမ်ထောင်စု(၂၃)စု၊ လူဦးရေ (၈၁) ဦးလေဘေးသင့်ခဲ့ရာ လေဘေးသင့် အိမ်ထောင်စု (၂၃) စု၊ လူဦးရေ (၈၁) ဦးတို့အတွက် ဆန်ရိက္ခာဖိုး(၇)ရက်စာ (၁၇၀၁၀ဝ/-)၊ အိမ်ဆောက်ပစ္စည်းဖိုး (၄၄၆၀၀ဝ/-)ကျပ်၊ ရန်ပုံငွေစုစုပေါင်း (၆၁၆၁၀ဝ/-)ကျပ်တို့အား (၁၂.၅.၂၀၂၀) ရက်နေ့၊ နံနက် … Read more
-
COVID-19 ရောဂါနှင့် ပတ်သက်၍ အသိပညာပေးလုပ်ငန်းများဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး ဝန်ကြီးထားဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဉီးစီးဌာန၊ မွန် ပြည်နယ်ဉီးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၂-၅-၂၀၂၀) ရက်နေ့ မွန်ပြည်နယ်၊ မော်လမြိုင်မြို့နယ်၊ ကော့လှာကျေးရွာနှင့် ဖဲထော်ကျေးရွာတို့တွင် COVID -19 ကူးစက်ရောဂါနှင့်ပတ်သက်၍ ကြိုတင်ကာကွယ် ထိန်းချုပ်နိုင်ရန် ပြည်သူများထံသို့ အသိပညာပေး ပန်ကြားချက်များ အား အသံချဲ့စက်များဖြင့် လှည့်လည်အသိပေး ဟောပြောခြင်း၊ ဗီနိုင်းပိုစတာပေးအပ်ခြင်းများ ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #mon_may2020 Source: မွန်ပြည်နယ်ဦးစီးမှူးရုံး (ဘစမ)
-
COVID-19 ရောဂါနှင့် ပတ်သက်၍ အသိပညာပေးလုပ်ငန်းများဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီး ထားဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဉီးစီးဌာန၊ လပွတ္တာ ခရိုင်ဉီးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၂.၅.၂၀၂၀) ရက်နေ့တွင်၊ နံနက်(၀၉:၀၀) နာရီမှ (၁၂:၀၀)နာရီအချိန်အထိ လပွတ္တာ မြို့နယ်၊ ဘာတာကုန်း ကျေးရွာအုပ်စု၊ ဘာတာကုန်းကျေးရွာ၊ အနန်းကုန်းကျေးရွာ၊ ကနစိုငုတ်ကျေးရွာနှင့် ကျောက်အိုင်ကျေးရွာ များသို့သွားရောက်၍ COVID – 19 နှင့်ပတ်သက်၍ ဆောင်ရန်/ရေှာင်ရန်များအား လိုက်နာဆောင်ရွက်သွားကြရန် လှည့်လည်၍ အသိပညာပေး ပြောကြားခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #ayy_may2020 Source: လပွတ္တာခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
COVID-19 ရောဂါနှင့် ပတ်သက်၍ အသိပညာပေးလုပ်ငန်းများဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွမှုဦးစီးဌာန၊ တာချီလိတ် မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၂-၅-၂၀၂၀) ရက်နေ့တွင် တာချီလိတ်မြို့၊ မိုင်းဖုန်းကျေးရွာအုပ်စု၊ ဝမ်ဆောက်ခုံ ကျေးရွာ၊ ဝမ်မိုင်(၁)ကျေးရွာ၌ Covid-19 ရောဂါကူးစက်ပျံ့နှံ့မှုမဖြစ်ပွားစေရန် သိရှိလိုက်နာဆောင်ရွက်ရမည့်အချက်များကို ရှမ်းဘာသာ၊ မြန်မာဘာသာဖြင့် လှည့်လည်ဆောသြခဲ့ပြီး အသိပညာပေး လုပ်ငန်းများဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #shn_may2020 Source: တာချီလိတ်မြို့နယ်ဦးစီးမှူးရုံး (ဘစမ)
-
COVID-19 ရောဂါနှင့် ပတ်သက်၍ အသိပညာပေးလုပ်ငန်းများဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွမှုဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၂-၅-၂၀၂၀)ရက်နေ့ (၀၈:၀၀)နာရီအချိန်မှစ၍ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့် မြို့နယ်၊ ဝါးဒူးကျေးရွာအုပ်စု၊ အနောက်စုကြီးကျေးရွာ၊ အနောက်စုလေး ကျေးရွာ၊ သရက်တောကျေးရွာ၊ လေးအိမ်တန်းကျေးရွာ၊ ပုလဲကူးတောင်ကျေးရွာ၊ ပုလဲကူးမြောက်ကျေးရွာနှင့် အကယ်လေးကျေးရွာတို့၌လည်းကောင်း၊ ကျုံပဒုတ်ကျေးရွာအုပ်စု၊ ကျုံပ ဒုတ်ကျေးရွာ၊ ခရောင်းကွင်းကျေးရွာ၊ ပေါ်တော်မူကျေးရွာ၊ အကယ်ကြီးကျေးရွာ၊ ကုန်းစွန်းကျေးရွာနှင့် တကုန်းကြီးရွာမကျေးရွာ တို့၌ လည်းကောင်း၊ လတ်တလောနိုင်ငံအသီးသီးတွင် ကူးစက်ပြန့်ပွား လျက်ရှိသော COVID-19 ကူးစက်ရောဂါနှင့် ပတ်သက်၍ သက်ဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ကျေးရွာနေပြည်သူများအား အသိပညာပေးဟောပြောခြင်းများ ဆောင်ရွက်ခဲ့ပါကြောင်း … Read more
-
တိုင်းဒေသကြီး/ပြည်နယ်အချို့တို့တွင် လေပြင်းများတိုက်ခတ်၊ ထောက်ပံ့ကူညီမှုများဆောင်ရွက်လျက်ရှိ
မေလ (၁၁)ရက်၊ နေပြည်တော် မြန်မာနိုင်ငံအနေဖြင့် မိုးကြိုကာလများဖြစ်သော မတ်လ၊ ဧပြီလနှင့် မေလများအတွင်း လေပြင်းတိုက်ခတ်ခြင်း၊ မိုးတိမ် တောင်များဖြစ်ပေါ်ခြင်း၊ မိုးကြိုးပစ်ခြင်း၊ မိုးသီးကြွေခြင်းများဖြစ်ပေါ်လေ့ရှိပြီး ယခုနှစ်တွင်လည်း လေပြင်းတိုက်ခတ်မှုများ ဖြစ်ပွားလျက်ရှိရာ (၁၀-၅-၂၀၂၀)ရက်နေ့တွင် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ တပ်ကုန်းမြို့နယ်၌ နေအိမ်(၂)လုံး အမိုးအကာလန် ပျက်စီးခြင်း၊ ကယားပြည်နယ်၊ လွိုင်ကော်မြို့နယ်၌ နေအိမ်(၁၆)လုံး အမိုးအကာလန်ပျက်စီးခြင်း၊ ပဲခူးတိုင်းဒေသကြီး၊ မြို့နယ်(၅)ခု၌ နေအိမ်(၄)လုံး ပြိုကျပျက်စီးပြီး နေအိမ်(၈)လုံး အမိုးအကာလန်ပျက်စီးခြင်း၊ မကွေးတိုင်းဒေသကြီး၊ မင်းတုန်းမြို့နယ်နှင့် သရက်မြို့နယ်၌ နေအိမ်(၁၂)လုံး အမိုးအကာလန် ပျက်စီးခြင်း၊ မန္တလေးတိုင်းဒေသကြီး၊ … Read more
-
ကချင်ပြည်နယ်၊ ကရင်ပြည်နယ်၊ ရှမ်းပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့ရှိ IDP စခန်းများတွင် COVID-19 ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ တုံ့ပြန်ရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်လျက်ရှိ
မေလ ၁၁ ရက်၊ နေပြည်တော် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနသည် IDP စခန်းများနှင့် တိုက်ပွဲရှောင်စခန်းများ တွင် နေထိုင်ကြသည့် ပြည်တွင်းနေရပ်စွန့်ခွာသူများအား COVID – 19 ရောဂါကူးစက်ပြန့်ပွားခြင်းမှ ကာကွယ်၊ ထိန်းချုပ်၊ တုံ့ပြန်ရေးလုပ်ငန်းများကို သက်ဆိုင်ရာဌာန၊ အဖွဲ့အစည်းများနှင့်ပူးပေါင်း၍ အကောင်အထည် ဖော်ဆောင်ရွက်လျက်ရှိပါသည်။ ယနေ့တွင် ကချင်ပြည်နယ်၊ မိုးကောင်း၊ နမ္မတီးမြို့နယ်ရှိ လန်ဘရော့ယန်၊ စိန့်ပေါလ်ကက်သလစ်၊ မြို့ဦးစိန့်ဒေါမနစ်၊ ကံလှဧမာနွေလ IDP စခန်းများနှင့် ဖားကန့် မြို့နယ်ရှိ မော်ဝမ်းမူရင်းနှစ်ခြင်း၊ မော်ဝမ်းမူရင်းအေဂျီ၊ လုံးခင်းလယ်ပြင် ကုဋေ၊ … Read more
-
COVID-19 ရောဂါနှင့် ပတ်သက်၍ အသိပညာပေးလုပ်ငန်းများဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွမှုဦးစီးဌာန၊ ညောင်ဦး ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မြတ်ဒါနအောက်ဆီဂျင်အခမဲ့နှင့် လူမှုကူညီရေးအသင်းမှ အဖွဲ့ဝင်များနှင့်အတူ (၁၁.၅.၂၀၂၀) ရက်နေ့တွင် ညောင်ဦးမြို့ရှိ ကျေးရွာအုပ်စု (၆) စုမှ ရွာပေါင်း (၁၂) ရွာနှင့် ကျောက်ပန်းတောင်းမြို့ပေါ်ရပ်ကွက် (၉) ရပ်ကွက်နှင့် ဘဲများအုပ်စု၊ စီရင်စုကျေးရွာသို့ သွားရောက်၍ ရပ်ကွက်/ကျေးလက်နေ ပြည်သူများအား Covid -19 ရောဂါ အကြောင်း သိကောင်းစရာများကို လှဲ့လှည် အသိပညာပေးဟောပြောခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #mdy_may2020 Source: ညောင်ဦးခရိုင်ဦးစီးမှူးရုံး (ဘစမ) … Read more
