Author Archives: Aye Kyimann

  • COVID-19 ရောဂါနှင့်ပတ်သက်၍ အသိပညာပေးလုပ်ငန်းများဆောင်ရွက်မှုသတင်း

    ​​​ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မွန်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၈-၄-၂၀၂၀) ရက်နေ့ (၁၀:၃၀) နာရီအချိန်မှ (၁၅:၀၀) နာရီအချိန်ထိ မွန်ပြည်နယ်  မော်လမြိုင်ခရိုင်၊ မော်လမြိုင်မြို့နယ်၊ ကတိုးကျေးရွာ၊ ကွမ်တာကျေးရွာ၊ သံကပိုင်ကျေးရွာ၊ ကော့နှတ်ကျေးရွာ​တို့တွင် ပြည်သူ များကို COVID -19 ကူးစက်ရောဂါနှင့်ပတ်သက်၍ ဆောင်ရန်/ ရှောင်ရန်တို့အား အသိပညာပေးခြင်းများ ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #mon_apr2020 Source:     မွန်ပြည်နယ်ဦးစီးမှူးရုံး (ဘစမ)

  • လေဘေးသင့်ပြည်သူများအတွက် ​ထောက်ပံ့မှုသတင်း

    ​​​ ​​လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မင်းဘူးခရိုင် ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မင်းဘူးခရိုင်၊ ​ပွင့်ဖြူမြို့နယ်၊ ​နန်း​တော်ကျွန်း​ကျေးရွာအုပ်စု၊ ​​ကျွန်းက​လေးကျေးရွာ၊ ဇီးကိုင်း​ကျေးရွာအုပ်စု၊ ဇီးကိုင်း​ကျေးရွာနှင့် သံကိုင်း​ကျေးရွာအုပ်စု၊ သိမ်ကုန်း​ကျေးရွာတို့တွင် (၂၆-၄-၂၀၂၀)ရက်​နေ့၌ ဖြစ်ပွားခဲ့​သော မိုးသက်​လေပြင်းတိုက်ခတ်မှုကြောင့် ​​​လေဘေးသင့်အိမ်​ခြေ(၄)လုံး၊ အိမ်​ထောင်စု(၄)စု၊ လူဦးရေ(၁၉)ဦးတို့အတွက် အိမ်​ဆောက် ပစ္စည်းဖိုး (၁၂၀,၀၀၀/-)၊ ဆန်ရိက္ခာဖိုး(၇)ရက်စာ (၃၉,၉၀ဝ/-)၊ စုစု​ပေါင်း​ထောက်ပံ့​ငွေ(၁၅၉,၉၀ဝ/-)အား (၂၈-၄-၂၀၂၀)ရက်​နေ့ (၁၀:၀၀)အချိန်တွင် ​ကျေးရွာအုပ်စုအုပ်​ချုပ်​ရေးမှူးများနှင့်အတူ ​ဘေးသင့်ပြည်သူများလက်ဝယ်အ​ရောက် သွား​ရောက်ထောက်ပံ့​ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ha_sgw #mgy_apr2020 Source:     မင်းဘူးခရိုင်ဦးစီးမှူးရုံး (ဘစမ)

  • COVID-19 ရောဂါနှင့်ပတ်သက်၍ အသိပညာပေးလုပ်ငန်းများဆောင်ရွက်မှုသတင်း

    ​​လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မင်းဘူးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၈-၄-၂၀၂၀) ရက်နေ့တွင် မင်းဘူးခရိုင်၊ ပွင့်ဖြူမြို့၊ ​အ​ရှေ့ပိုင်းရပ်ကွက်၊ အလယ်ပိုင်း ရပ်ကွက်၊ အ​နောက်ပိုင်းရပ်ကွက်၊ သက်​တော်ရှည်ရပ်ကွက်၊ ပွင့်ဖြူမြို့နယ်၊ ​ကုန်း​ဇောင်းကျေးရွာနှင့် ​သံကိုင်းကျေးရွာများအတွင်း Covid-19 ရောဂါကူးစက်ပျံ့နှံ့မှုမဖြစ်ပွားစေရန် သိရှိလိုက်နာ ဆောင်ရွက်ရမည့်အချက်များကို ​ခရိုင်မီးသတ်ဦးစီးဌာနမှ တာဝန်ရှိ သူများ၊ ကျေးရွာအုပ်ချုပ်​ရေးမှူးများ၊ ရပ်မိရပ်ဖများနှင့်ပူး​ပေါင်း၍ အသိပေးဟောပြောခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #mgy_apr2020 Source:     မင်းဘူးခရိုင်ဦးစီးမှူးရုံး (ဘစမ)    

  • COVID-19 ရောဂါနှင့်ပတ်သက်၍ အသိပညာပေးလုပ်ငန်းများဆောင်ရွက်မှုသတင်း

    ​ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ညောင်တုန်း မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၈.၄.၂၀၂၀) ရက်နေ့တွင် ညောင်တုန်းမြို့၊ မြို့ပေါ်ရပ်ကွက်များနှင့် ဆားမလောက် ကျေးရွာတို့၌ Covid-19 လတ်တလောအသက်ရှူလမ်းကြောင်း ဆိုင်ရာရောဂါနှင့်ပတ်သက်၍ အများပြည်သူသိရှိလိုက်နာရန် အချက်များအား အသံချဲ့စက်ဖြင့် လှည့်လည်အသိပညာပေး လုပ်ငန်းများအား ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #ayy_apr2020 Source:     ညောင်တုန်းမြို့နယ်ဦးစီးမှူးရုံး (ဘစမ)  

  • COVID-19 ရောဂါနှင့်ပတ်သက်၍ အသိပညာပေးလုပ်ငန်းများဆောင်ရွက်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပြည်ထောင်စု နယ်မြေ၊ နေပြည်တော်တိုင်းဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၇-၄-၂၀၂၀) ရက်နေ့ နံနက် (၁၀:၀၀) အချိန်မှ ညနေ (၁၄:၀၀) နာရီအချိန်အထိ COVID-19 ကူးစက်ရောဂါနှင့် ပတ်သက်သည့် ဆောင်ရန်/ရှောင်ရန်များကို အသံချဲ့စက်များဖြင့် လယ်ဝေးမြို့နယ်၊ သစ်ကြိမ်းကျေးရွာအုပ်စု၊ ဘုရားကုန်းကျးရွာ၊ ကြို့ကုန်းကျးရွာ၊ ညောင်ပင်ဝိုင်းကျေးရွာ၊ ကုန်းသာကျေးရွာများ အတွင်းရှိ ပြည်သူများထံသို့ လိုက်လံအသိပေးဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #npw_apr2020 Source:     ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တိုင်းဦးစီးမှူးရုံး (ဘစမ)  

  • လေဘေးသင့်ပြည်သူများအတွက် ထောက်ပံ့မှုသတင်း

    ​ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မန္တလေးတိုင်း ဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မြစ်သားမြို့နယ်၊ သပြေတောင်းကျေးရွာအုပ်စုမှ ကျေးရွာ(၅)ရွာ၌ (၂၅-၄ -၂၀၂၀) ရက်နေ့တွင် တိုက်ခတ်သွားသော လေဘေးသင့် အိမ်ခြေ (၂၂) လုံး၊ အိမ်ထောင်စု (၂၂) စု၊ လူဦးရေ (၈၈) ဦးအတွက် ဆန်ရိက္ခာ ဖိုးထောက်ပံ့ငွေကျပ် (၁၈၄,၈၀၀/-)နှင့် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေကျပ် (၁,၂၈၈,၀၀၀/-)၊ စုစုပေါင်းထောက်ပံ့ငွေကျပ် (၁,၄၇၂,၈၀၀/-)အား (၂၇-၄-၂၀၂၀) ရက်နေ့ (၁၀:၁၀)အချိန်တွင် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ha_sgw #mdy_apr2020 Source:     … Read more

  • COVID-19 ရောဂါနှင့်ပတ်သက်၍ အသိပညာပေးလုပ်ငန်းများဆောင်ရွက်မှုသတင်း

    ​ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မန္တလေးတိုင်း ဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၇.၄.၂၀၂၀) ရက်နေ့တွင် ပုသိမ်ကြီးမြို့နယ်အတွင်းရှိ ရပ်ကွက်၊ ကျေးရွာအုပ်စု၊ ကျေးရွာများတွင် COVID-19 ကူးစက်ရောဂါနှင့် ပတ်သက်သည့် ဆောင်ရန်/ရှောင်ရန်များကိုအသံချဲ့စက်များဖြင့် အသိပညာပေး လုပ်ငန်းများအား ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #mdy_apr2020 Source:     မန္တလေးတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ)

  • ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်အခြေအနေ

    ========================================= (၂၀၂၀ ပြည့်နှစ်၊ ဧပြီလ (၂၇) ရက်နေ့ မြန်မာစံတော်ချိန်(၁၇:၀၀)နာရီအချိန်ထုတ်ပြန်ချက်) “ယနေ့မြန်မာစံတော်ချိန် (၁၆:၃၀)နာရီအချိန် တိုင်းထွာချက်များအရ ကပ္ပလီပင်လယ်ပြင် တောင်ပိုင်းနှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော ဘင်္ဂလားပင်လယ်အော်အရှေ့တောင်ပိုင်းတို့တွင် (နောက် ၇၂ နာရီအတွင်း) (၃၀.၄.၂၀၂၀)ရက်ခန့်တွင် လေဖိအားနည်းရပ်ဝန်းတစ်ခု ဖြစ်ပေါ်နိုင်ပြီး၊ ပိုမိုအားကောင်းလာကာ (နောက် ၁၂၀ နာရီအတွင်း) (၂.၅.၂၀၂၀)ရက်ခန့်တွင် မုန်တိုင်းငယ်အဖြစ်သို့ ရောက်ရှိနိုင်သည်ဟု ခန့်မှန်းရပါသည်။”

  • COVID-19 ရောဂါနှင့်ပတ်သက်၍ အသိပညာပေးလုပ်ငန်းများဆောင်ရွက်မှုသတင်း

    ​ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ သာပေါင်း မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်၊‌ တောင်ကွင်းကျေးရွာအုပ်စု၊ တောင်ကွင်းကျေးရွာ၊ သစ်ဆွဲလဲကျေးရွာနှင့် ကညင်ကွင်းကျေးရွာတို့၌ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူး၊ရပ်မိရပ်ဖများ၊ ကျေးရွာရှိတာ၀န်ရှိသူများနှင့်အတူ (၂၇-၄-၂၀၂၀)ရက်နေ့၌ (၁၁၃၀)နာရီအချိန်တွင် လက်တလောနိုင်ငံအသီးသီးတွင် ကူးစက်ပြန့်ပွားလျက်ရှိသော COVID-19 ကူးစက် ရောဂါနှင့်ပတ်သက်ပြီး ဆောင်ရန်/ရှောင်ရန်များကို ကျေးရွာ/ရပ်ကွက်နေပြည်သူတို့အားအ သိပညာပေးဟောပြော ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #ayy_apr2020 Source:     သာပေါင်းမြို့နယ်ဦးစီးမှူးရုံး (ဘစမ)

  • လေဘေးသင့်ပြည်သူများအတွက် ​ထောက်ပံ့မှုသတင်း

    ​ ​​လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ စလင်း မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မင်းဘူးခရိုင်၊ ​စလင်းမြို့နယ်၊ ​​ကျောက်ရဲကျွန်း​ကျေးရွာအုပ်စု၊ ကျောက်ရဲကျွန်းကျေးရွာ နှင့် လက်မဲ​ကျေးရွာအုပ်စု၊ ဇယ်တွင်း​ကျေးရွာတို့တွင် (၂၆-၄-၂၀၂၀) ရက်​နေ့၌ ဖြစ်ပွားခဲ့​သော မိုးသက်​လေပြင်း တိုက်ခတ်မှု ကြောင့် ​​​လေဘေးသင့်အိမ်​ခြေ (၇) လုံး၊ အိမ်​ထောင်စု (၇) စု၊ လူဦးရေ(၃၀)ဦးတို့အတွက် အိမ်​ဆောက်ပစ္စည်း ဖိုး(၂၁၀,၀၀၀/-)၊ ဆန်ရိက္ခာဖိုး(၇)ရက်စာ (၆၃,၀၀ဝ/-)၊ စုစု​ပေါင်း​ထောက်ပံ့​ငွေ(၂၇၃,၀၀ဝ/-)အား (၂၇-၄-၂၀၂၀)ရက်​နေ့ (၁၅:၀၀) အချိန်တွင် ​ကျေးရွာအုပ်စုအုပ်​ချုပ်​ရေးမှူးများနှင့်အတူ ​ဘေးသင့်ပြည်သူများလက်ဝယ်အ​ရောက် သွား​ရောက်ထောက်ပံ့​ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ … Read more

Sign Up

Upcoming Events