တိုင်းဒေသကြီး/ပြည်နယ်အချို့တို့တွင် လေပြင်းများတိုက်ခတ်၊ ထောက်ပံ့ကူညီမှုများဆောင်ရွက်လျက်ရှိ

မေလ (၁၁)ရက်၊ နေပြည်တော်
- မြန်မာနိုင်ငံအနေဖြင့် မိုးကြိုကာလများဖြစ်သော မတ်လ၊ ဧပြီလနှင့် မေလများအတွင်း လေပြင်းတိုက်ခတ်ခြင်း၊ မိုးတိမ် တောင်များဖြစ်ပေါ်ခြင်း၊ မိုးကြိုးပစ်ခြင်း၊ မိုးသီးကြွေခြင်းများဖြစ်ပေါ်လေ့ရှိပြီး ယခုနှစ်တွင်လည်း လေပြင်းတိုက်ခတ်မှုများ ဖြစ်ပွားလျက်ရှိရာ (၁၀-၅-၂၀၂၀)ရက်နေ့တွင်
- ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ တပ်ကုန်းမြို့နယ်၌ နေအိမ်(၂)လုံး အမိုးအကာလန် ပျက်စီးခြင်း၊
- ကယားပြည်နယ်၊ လွိုင်ကော်မြို့နယ်၌ နေအိမ်(၁၆)လုံး အမိုးအကာလန်ပျက်စီးခြင်း၊
- ပဲခူးတိုင်းဒေသကြီး၊ မြို့နယ်(၅)ခု၌ နေအိမ်(၄)လုံး ပြိုကျပျက်စီးပြီး နေအိမ်(၈)လုံး အမိုးအကာလန်ပျက်စီးခြင်း၊
- မကွေးတိုင်းဒေသကြီး၊ မင်းတုန်းမြို့နယ်နှင့် သရက်မြို့နယ်၌ နေအိမ်(၁၂)လုံး အမိုးအကာလန် ပျက်စီးခြင်း၊
- မန္တလေးတိုင်းဒေသကြီး၊ မြို့နယ် (၃)ခု၌ နေအိမ်(၂၇)လုံး ပြိုကျပျက်စီးပြီး နေအိမ်(၂၄၇)လုံး၊ ဘာသာရေးအဆောက် အဦ (၁)လုံး အမိုးအကာလန်ပျက်စီးခြင်း၊
- ရှမ်းပြည်နယ်၊ မြို့နယ်(၅)ခု၌ နေအိမ်(၁)လုံး ပြိုကျပျက်စီးပြီး၊ နေအိမ်(၁၈၈)လုံး၊ ဘာသာရေးအဆောက်အဦ(၈)လုံး အမိုးအကာလန်ပျက်စီးခြင်း၊
- ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်မြို့နယ်နှင့် လေးမျက်နှာမြို့နယ်၌ နေအိမ်(၈)လုံး အမိုးအကာလန် ပျက်စီးခြင်းတို့ ဖြစ်ပွားခဲ့ပါသည်။
- အလားတူ (၁၁-၅-၂၀၂၀)ရက်နေ့တွင် မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ်ရှိ ရပ်ကွက် (၂)ခုနှင့် ကျေးရွာအုပ်စု (၄) ခုတို့တွင် လေပြင်းတိုက်ခတ်မှုကြောင့် နေအိမ်(၁)လုံးပြိုကျ၊ နေအိမ်(၉)လုံး အမိုးလန်ခဲ့ပြီး သစ်ပင်/သစ်ကိုင်းများ ကျိုးကျခြင်း၊ ဓာတ်တိုင်များ လဲပြိုခြင်းတို့ဖြစ်ပွားခဲ့ပြီး လေပြင်းတိုက်ခတ်စဉ် မိုးကြိုးပစ်၍ လူ(၁)ဦးသေဆုံးခဲ့ကြောင်း ကနဦးသိရှိရပါသည်။ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မိတ္ထီလာခရိုင်ဦးစီးမှူးရုံးအနေဖြင့် ထောက်ပံ့မှုများ အမြန်ဆုံးဆောင်ရွက်နိုင်ရေး ဒေသရှိဌာနဆိုင်ရာများနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်းသိရှိရပါသည်။
- (၉-၄-၂၀၂၀)ရက်နေ့မှ (၁၁-၅-၂၀၂၀)ရက်နေ့အထိ မြန်မာနိုင်ငံတစ်ဝန်း၌ လေပြင်းတိုက်ခတ်မှုများကြောင့် နေအိမ် (၄၄၁)လုံးနှင့် ဘာသာရေးအဆောက်အဦ(၁၄)လုံး ပြိုကျပျက်စီးခြင်း၊ နေအိမ် (၇၁၁၈)လုံးနှင့် ဘာသာရေးအဆောက်အဦ (၁၄၄)လုံး အမိုးအကာလန်ပျက်စီးခြင်းများဖြစ်ပွားခဲ့ပြီး လူ(၂)ဦးသေဆုံးခဲ့ပါသည်။ လူမှု၀န်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေး၀န်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ဆန်ရိက္ခာဖိုး၊ အိမ်ဆောက်ပစ္စည်းဖိုး၊ ကယ်ဆယ် ရေးပစ္စည်းဖိုးများနှင့် သေဆုံးသူထောက်ပံ့ခြင်းများအတွက် စုစုပေါင်း ကျပ်(၃၇၀.၅) သန်းကျော် ထောက်ပံ့ခဲ့ပြီးဖြစ်ပါသည်။
- ပြည်သူလူထုအနေဖြင့်လည်း ယခုကာလ၌ဖြစ်ပွားတတ်သည့် လေပြင်းတိုက်ခတ်ခြင်း၊ အချိန်အခါမဟုတ် မိုးသည်း ထန်စွာရွာသွန်းခြင်း၊ မိုးသီးကြွေခြင်း၊ မိုးကြိုးပစ်ခြင်းတို့နှင့် ပတ်သက်၍ အထူးဂရုပြုနေထိုင်ကြပါရန်နှင့် သဘာ၀ဘေး အန္တရာယ်များနှင့် ပတ်သက်၍ လူမှု၀န်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး၀န်ကြီးဌာနတွင် ဖွင့်လှစ်ထားရှိ သည့် Hot-line ဖုန်းများဖြစ်သော ၀၆၇-၃၄၀၄၆၆၆ နှင့် ၀၆၇-၃၄၀၄၇၇၇ တို့သို့ ဆက်သွယ်အကူအညီ တောင်းခံနိုင်ပါကြောင်း သိရှိရပါသည်။#ha_sgw
#St_Re_may2020 Source: MSWRR