Author Archives: Aye Kyimann

  • လေဘေးသင့်ပြည်သူများအတွက် ထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မင်းလှ မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မင်းလှမြို့နယ်၊ ဆင်မကျကျေးရွာအုပ်စု၊ ဆင်မကျကျေးရွာတွင် (၆.၅.၂၀၂၀) ရက်နေ့၊ (၁၄:၃၀)နာရီအချိန် လေပြင်းတိုက်ခတ်မှုကြောင့် နေအိမ်(၂)လုံး အမိုးလန်ပျက်စီးခဲ့ပြီး အိမ်ခြေ(၂)လုံး၊ အိမ်ထောင်စု(၂)စု၊ လူဦးရေ စုစုပေါင်း (၅)ဦး ဘေးသင့်ခဲ့ရာ ဘေးသင့်လူဦးရေ (၅)ဦးအတွက် ဆန်ရိက္ခာဖိုး(၇)ရက်စာ (၁၀၅၀ဝ/-)နှင့် နေအိမ် (၂) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုး (၁၀၀,၀ဝဝ/-)ကျပ်၊ ရန်ပုံငွေ စုစုပေါင်း (၁၁၀,၅၀ဝ/- )ကျပ်အား (၈.၅.၂၀၂၀) ရက်နေ့တွင် မင်းလှမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများရှေ့မှောက်တွင် … Read more

  • တိုင်းဒေသကြီး/ပြည်နယ်အချို့တို့တွင် လေပြင်းများတိုက်ခတ်၊ ထောက်ပံ့ကူညီမှုများဆောင်ရွက်လျက်ရှိ

    မေလ (၇)ရက်၊ နေပြည်တော် မြန်မာနိုင်ငံအနေဖြင့် မိုးကြိုကာလများဖြစ်သော မတ်လ၊ ဧပြီလနှင့် မေလများအတွင်း လေပြင်းတိုက်ခတ်ခြင်း၊ မိုးတိမ်တောင်များဖြစ်ပေါ်ခြင်း၊ မိုးကြိုးပစ်ခြင်း၊ မိုးသီးကြွေခြင်းများဖြစ်ပေါ်လေ့ ရှိပြီး ယခုနှစ်တွင်လည်း လေပြင်းတိုက်ခတ်မှုများဖြစ်ပွားလျက်ရှိရာ (၆-၅-၂၀၂၀)ရက်နေ့တွင် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ လယ်ဝေးမြို့နယ်၌ နေအိမ်(၂)လုံးပြိုကျပျက်စီးပြီး၊ နေအိမ်(၉)လုံး အမိုးအကာလန်ပျက်စီးခြင်း၊ ကချင်ပြည်နယ်၊ မြို့နယ်(၃)ခု၌ နေအိမ်(၇)လုံး အမိုးအကာလန်ပျက်စီးခြင်း၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မြို့နယ်(၁၄)ခု၌ နေအိမ်(၄)လုံး ပြိုကျပျက်စီးပြီး၊ နေအိမ်(၃၈၉)လုံးနှင့် ဘာသာရေးအဆောက်အဦ(၁၀)လုံး အမိုးအကာ လန်ပျက်စီးခြင်း၊ ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့နယ်၌ နေအိမ်(၄)လုံး ပြိုကျပျက်စီးပြီး နေအိမ်(၇၈)လုံး အမိုးအကာလန်ပျက်စီးခြင်း၊ … Read more

  • COVID-19 ရောဂါနှင့် ပတ်သက်၍ အသိပညာပေးလုပ်ငန်းများဆောင်ရွက်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဉီးစီးဌာန၊ ဘောလခဲ ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၇.၅.၂၀၂၀) ရက်နေ့တွင် ဘောလခဲမြို့နယ်၊ ရွာသစ်မြို့၊ တောင်ပိုင်းရပ်ကွက်၊ မြောက်ပိုင်း ရပ်ကွက်၊ ဝမ်လွဲ့ကျေးရွာအုပ်စု၊ ဝမ်လွဲ့ကျေးရွာ၊ လွယ်ဝိုင်း ကျေးရွာအုပ်စု၊ လွယ်ဝိုင်းကျေးရွာ၊ နမ့်အလင်းကျေးရွာ၊ ဝမ်ဗလေကျေးရွာများရှိ ပြည်သူများအား COVID-19ကူးစက်ရောဂါ ပြန့်ပွားမှုမဖြစ်ပွားစေရန်အတွက် သိရှိလိုက်နာရန် အချက်များနှင့် သဘာဝဘေးအန္တရာယ်နှင့်စပ်လျဉ်းသည့် ဆောင်ရန်၊ ရှောင်ရန်များကို အသိပညာဖြန့်ဝေပေးခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #kyh_may2020 Source:  ဘောလခဲခရိုင်ဦးစီးမှူးရုံး (ဘစမ)

  • COVID-19 ရောဂါနှင့် ပတ်သက်၍ အသိပညာပေးလုပ်ငန်းများဆောင်ရွက်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဉီးစီးဌာန၊ ဖရူဆိုမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၇.၅.၂၀၂၀) ရက်နေ့တွင် ဖရူဆိုမြို့နယ်၊ ကေ ကောကျေးရွာအုပ်စု၊ ဖာဝယ်ကျေးရွာ၊ စောပလိခိုကျေးရွာ၊ ထီးဝေါခေါကျေးရွာနှင့် ဖော်လော်ကျေးရွာများရှိ ပြည်သူများအား COVID-19 ကူးစက်ရောဂါ ပြန့်ပွားမှု မဖြစ်ပွားစေရန်အတွက် သိရှိလိုက်နာရန်အချက်များနှင့် သဘာဝဘေးအန္တရာယ်နှင့်စပ်လျဉ်းသည့် ဆောင်ရန်၊ ရှောင်ရန်များကို အသိပညာဖြန့်ဝေပေးခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #kyh_may2020 Source:  ဖရူဆိုမြို့နယ်ဦးစီးမှူးရုံး (ဘစမ)  

  • COVID-19 ရောဂါနှင့် ပတ်သက်၍ အသိပညာပေးလုပ်ငန်းများဆောင်ရွက်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဉီးစီးဌာန၊ ကယား ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၇.၅.၂၀၂၀) ရက်နေ့တွင် လွိုင်ကော်မြို့နယ်၊ ထီးစဲခါးကျေးရွာအုပ်စု၊ ကွန်နား ကလိုးခူကျးရွာ၊ ကုန်းပေါင်းကျေးရွာနှင့် ဒေါတဟေးကျေးရွာ၊ နွားလဝိုးကျေးရွာအုပ်စု၊ ထီးသူးကူးကျေးရွာနှင့် နွားလဝိုးရွာမ ကျေးရွာ၊ လွိုင်လင်ကျေးရွာအုပ်စု၊ ကုန်းဆွတ်ကျေးရွာများရှိ ပြည်သူများအား COVID-19 ကူးစက်ရောဂါ ပြန့်ပွားမှု မဖြစ်ပွားစေရန် အတွက် သိရှိလိုက်နာရန်အချက်များနှင့် သဘာဝဘေးအန္တရာယ်နှင့် စပ်လျဉ်းသည့် ဆောင်ရန်၊ ရှောင်ရန်များကို အသိပညာဖြန့်ဝေ ပေးခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #kyh_may2020 Source:  ကယားပြည်နယ်ဦးစီးမှူးရုံး … Read more

  • လေဘေးသင့်ပြည်သူများအတွက် ထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဉီးစီးဌာန၊ ရေကြည် မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ရေကြည်မြို့နယ်၊ ကွမ်းသီး​ချောင်းကျေးရွာအုပ်စု၊ အရှေ့ရွာသစ်ကျေးရွာတွင် (၅.၅.၂၀၂၀)ရက်နေ့၌ ဖြစ်ပွားသောလေဘေးကြောင့် အမိုးလန်ပျက်စီး နေအိမ်(၁)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုး ရန်ပုံငွ ေ(၅၀၀၀ဝ/-)၊ လူဦးရေ (၃) ဦးအတွက် ဆန်ရိက္ခာ (၇) ရက်စာရန်ပုံငွေ (၆၃၀ဝ/-)၊ စုစုပေါင်းရန်ပုံငွေ (၅၆၃၀ဝ/-)ကျပ်အား (၇.၅.၂၀၂၀)ရက်နေ့ (၁၅:၂၀)နာရီအချိန်တွင် ဘေးသင့်ပြည်သူများလက်ဝယ်အရောက်ထောက်ပံ့ပေးခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ha_sgw #ayy_may2020 Source:  ရေကြည်မြို့နယ်ဦးစီးမှူးရုံး (ဘစမ)

  • COVID-19 ရောဂါနှင့် ပတ်သက်၍ အသိပညာပေးလုပ်ငန်းများဆောင်ရွက်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဉီးစီးဌာန၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တိုင်းဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၅-၅-၂၀၂၀) ရက်နေ့ (၁၀:၀၀) အချိန်မှ (၁၅:၀၀) အချိန်အထိ ပြည်သူများအား COVID-19 ရောဂါကူးစက်ပြန့်နှံ့မှုများ မဖြစ်ပွားစေရန်အတွက် သိရှိလိုက်နာဆောင်ရွက်ရမည့် အချက်များနှင့် ပတ်သက်၍ အသိပညာပေးခြင်းကို  လယ်ဝေးမြို့နယ်၊ ရေအိုးစဉ်အုပ်စု၊ ရေအိုးစဉ်ကျေးရွာ၊ မြွေရိုးလေးကျေးရွာ၊ ဇီးကုန်းကျေးရွာ အတွင်းရှိပြည်သူများသို့ လိုက်လံအသိပေးနိူး ဆော်ခြင်းနှင့် သဘာဝဘေးအသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းများ ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #npw_may2020 Source:  ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တိုင်းဦးစီးမှူးရုံး (ဘစမ) … Read more

  • COVID-19 ရောဂါနှင့် ပတ်သက်၍ အသိပညာပေးလုပ်ငန်းများဆောင်ရွက်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဉီးစီးဌာန၊ ဟိုပန်ခရိုင် ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၅-၅- ၂၀၂၀)ရက်နေ့တွင် ဟိုပန်မြို့နယ်၊ စင်ကျိုင်းကျေးရွာအတွင်း COVID-19 ရောဂါ ကူးစက်ပျံ့နှံ့မှုများမဖြစ်ပွားစေရန်အတွက် သိရှိလိုက်နာ ဆောင်ရွက်ရမည့်အချက်များအား အသိပညာပေးဟောပြောခြင်း၊ အဓိကသတင်း  စကား (၁၀) ချက်အား ကြေငြာခြင်း၊  Covid-19နှင့် ပတ်သက်သည့် လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းနှင့် လေပြင်းဘေး၊ မုန်တိုင်းဘေးလက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #shn_may2020 Source:  ဟိုပန်ခရိုင်ဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events