ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်အတွင်းရှိ IDP စခန်းများတွင် COVID-19 ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ တုံ့ပြန်ရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်လျက်ရှိ

မေလ ၁၉ရက်၊ နေပြည်တော်

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနသည် IDP စခန်းများနှင့် တိုက်ပွဲရှောင်စခန်းများတွင်နေထိုင်ကြသည့် ပြည်တွင်းနေရပ်စွန့်ခွာသူ များအား COVID – 19 ရောဂါကူးစက်ပြန့်ပွားခြင်းမှ ကာကွယ်၊ ထိန်းချုပ်၊ တုံ့ပြန်ရေး လုပ်ငန်းများကို သက်ဆိုင်ရာဌာန၊ အဖွဲ့အစည်းများနှင့်ပူးပေါင်း၍ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါသည်။

(၁၈-၅-၂၀၂၀)နေ့နှင့် (၁၉-၅-၂၀၂၀)နေ့တို့တွင် ကချင်ပြည်နယ်၊ ချီဖွေမြို့နယ်ရှိ အမှတ်(၁)စခန်းနှင့် အမှတ်(၂)စခန်း၊ ပူတာအိုမြို့နယ်ရှိ လုံးစွတ် ရပ်ကွက်နှင့် ဒုတ္ထန်ရပ်ကွက်၊ ရွှေကူမြို့နယ်ရှိ ကက်သလစ်ကျောင်း၊ နှစ်ခြင်းကျောင်း၊ ဝိုင်းမော်မြို့နယ်ရှိ မြို့မနှစ်ခြင်း၊ လော်ဝေါ်နှစ်ခြင်း၊ မူရင်းနှစ်ခြင်း၊ လော်ဝေါ်အေဂျီ၊ လီဆူနှစ်ခြင်း၊ မဒိန်  KBC ၊ ခတ်ချို အလယ်ပိုင်း၊ နောင်ဟီး၊ မိုင်းနား RC ၊ မိုင်းနားအေဂျီ၊ မိုင်းနားလဝမ်၊ မိုင်းနားဖွံ့ဖြိုးရေးခြံနှင့် မိုးကောင်းမြို့နယ်ရှိ မိုးကောင်းနှစ်ခြင်းမူကြိုကျောင်း၊ နတ်ကြီးကုန်းနှင့် မဟောင်နှစ်ခြင်း နောင်ကိုင်တော်  IDP စခန်း စုစုပေါင်း (၂၁)ခုသို့ သွားရောက်၍ လက်သန့်ဆေးရည် (၃၀၈၈)ဗူး၊ ဆပ်ပြာ(၇၄၆၂)ခဲ၊ ထုံးအိတ်(၂၀၀)အိတ်နှင့် အပူချိန်တိုင်းကိရိယာ(၂၀)ခု၊ လက်ဆေးစင်(၆)ခု၊ အဝတ် Mask (၄၆၄၄)ခု၊ Hand Speaker (၄)ခု၊ COVID-19 အသိ     ပညာပေး အသံဖိုင်ထည့်သွင်းထားသော Memory Stick (၄)ခုနှင့် ဗီနိုင်း(၂)ချပ်တို့အား ထောက်ပံ့ခဲ့ပါသည်။

အလားတူ ရှမ်းပြည်နယ်၊ ကွတ်ခိုင်မြို့နယ်ရှိ နမ့်ဖက်ကာနှစ်ခြင်းအသင်းတော်၊ နမ့်ဖက်ကာနယ်မြေ(၄)၊ မိုင်းယုလေး၊ မိုင်းယု၊ ကုန်စုံ IDP စခန်း စုစုပေါင်း (၅)ခုသို့  သွားရောက်၍

အဝတ် Mask (၂၃၉၆)ခု၊ လက်သန့်ဆေးရည် (Hand gel) (၅၁၀)ဗူးနှင့် ဗီနိုင်း(၂)ချပ်တို့အား ထောက်ပံ့ခဲ့ပါသည်။

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနအနေဖြင့် COVID-19 ကူးစက်ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ တုံ့ပြန်ရေးနှင့်ပ တ်သက်၍ ထောက်ပံ့မှုလုပ်ငန်း များအပြင်  အသိပညာပေးလုပ်ငန်းများ၊    အသိပေးနှိုးဆော်ခြင်း လုပ်ငန်းများနှင့်   စိတ်ဓါတ်ရေးရာမြှင့်တင်ပေးမှုဆိုင်ရာ လုပ်ငန်းများကို နေပြည်တော်ကောင်စီအပါအဝင် တိုင်းဒေသကြီး/ ပြည်နယ်အားလုံးတွင် စဉ်ဆက်မပြတ်ဆောင်ရွက်လျက်ရှိကြောင်း သိရှိရပါသည်။

#ar
#Kcn_shn_may2020

Source:  MOSWRR

Sign Up

Upcoming Events