တိုင်းဒေသကြီး/ပြည်နယ်အချို့တို့တွင် လေပြင်းများတိုက်ခတ်၊ ထောက်ပံ့ကူညီမှုများဆောင်ရွက်လျက်ရှိ

- မြန်မာနိုင်ငံအနေဖြင့် မိုးကြိုကာလများဖြစ်သော မတ်လ၊ ဧပြီလနှင့် မေလများအတွင်း လေပြင်းတိုက်ခတ်ခြင်း၊ မိုးတိမ် တောင်များဖြစ်ပေါ်ခြင်း၊ မိုးကြိုးပစ်ခြင်း၊ မိုးသီးကြွေခြင်းများဖြစ်ပေါ်လေ့ရှိပြီး ယခုနှစ်တွင်လည်း လေပြင်း တိုက်ခတ်မှုများ ဖြစ်ပွားလျက်ရှိရာ (၁၈-၅-၂၀၂၀)ရက်နေ့နှင့် (၁၉-၅-၂၀၂၀)ရက်နေ့များတွင်
- ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ မြို့နယ်(၂)ခု၌ နေအိမ်(၉)လုံး အမိုးအကာလန် ပျက်စီးခြင်း၊
- စစ်ကိုင်းတိုင်းဒေသကြီး၊ မြို့နယ်(၄)ခု၌ နေအိမ်(၁)လုံးပြိုကျပျက်စီးပြီး နေအိမ်(၃၉)လုံးနှင့် ဘာသာရေးအဆောက်အဦ (၁)လုံး အမိုးအကာလန်ပျက်စီးခြင်း၊
- ပဲခူးတိုင်းဒေသကြီး၊ မြို့နယ်(၈)ခု၌ နေအိမ်(၅၃)လုံးနှင့် ဘာသာရေးအဆောက်အဦ(၁)လုံး အမိုးအကာလန်ပျက်စီးခြင်း၊
- မကွေးတိုင်းဒေသကြီး၊ မြို့နယ်(၁၁)ခု၌ နေအိမ်(၂)လုံးပြိုကျပျက်စီးပြီး နေအိမ်(၈၂)လုံးနှင့် ဘာသာရေးအဆောက်အဦ (၂)လုံး အမိုးအကာလန်ပျက်စီးခြင်း၊
- မန္တလေးတိုင်းဒေသကြီး၊ မြို့နယ်(၄)ခု၌ နေအိမ်(၈)လုံး အမိုးအကာလန်ပျက်စီးခြင်
- ဧရာဝတီတိုင်းဒေသကြီး၊ မြို့နယ်(၃)ခု၌ နေအိမ်(၄)လုံး ပြိုကျပျက်စီးပြီး နေအိမ်(၁)လုံးနှင့် ဘာသာရေးအဆောက်အဦ (၁)လုံး အမိုးအကာလန် ပျက်စီးခြင်းတို့ဖြစ်ပွားခဲ့ပြီး ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ တိုင်းဒေသကြီး/ပြည်နယ်ရုံး များမှ ထောက်ပံ့မှုများအမြန်ဆုံး သွားရောက် ဆောင်ရွက်ခဲ့ပါသည်။
- (၉-၄-၂၀၂၀)ရက်နေ့မှ (၁၉-၅-၂၀၂၀)ရက်နေ့အထိ မြန်မာနိုင်ငံတစ်ဝန်း၌ လေပြင်းတိုက်ခတ်မှု နှင့် မိုးသီးကြွေကျမှု တို့ကြောင့် နေအိမ်(၇၉၉)လုံးနှင့် ဘာသာရေးအဆောက်အဦ(၁၄)လုံး ပြိုကျပျက်စီးခြင်း၊ နေအိမ်(၁၁၄၄၂)လုံးနှင့် ဘာသာရေး အဆောက်အဦ(၂၂၄)လုံး အမိုးအကာလန် ပျက်စီးခြင်းနှင့် လူ(၇)ဦးသေဆုံးပြီး လူ(၂၄)ဦးဒဏ်ရာရရှိခဲ့ပါသည်။ လူမှု၀န်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး၀န်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာနမှ ဆန်ရိက္ခာဖိုး၊ အိမ်ဆောက်ပစ္စည်းဖိုး၊ ကယ်ဆယ်ရေးပစ္စည်းဖိုးများနှင့် သေဆုံး၊ ဒဏ်ရာရသူထောက်ပံ့ခြင်းများအတွက် စုစုပေါင်းကျပ်(၆၆၅.၁)သန်းကျော် ထောက်ပံ့ခဲ့ပြီးဖြစ်ပါ သည်။
- ပြည်သူလူထုအနေဖြင့်လည်း ယခုကာလ၌ဖြစ်ပွားတတ်သည့် လေပြင်းတိုက်ခတ်ခြင်း၊ အချိန်အခါမဟုတ် မိုးသည်း ထန်စွာရွာသွန်းခြင်း၊ မိုးသီးကြွေခြင်း၊ မိုးကြိုးပစ်ခြင်းတို့နှင့်ပတ်သက်၍ အထူးဂရုပြုနေထိုင်ကြပါရန်နှင့် သဘာ၀ဘေး အန္တရာယ်များနှင့်ပတ်သက်၍ လူမှု၀န်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး၀န်ကြီးဌာနတွင် ဖွင့်လှစ်ထားရှိ သည့် Hot-line ဖုန်းများဖြစ်သော ၀၆၇-၃၄၀၄၆၆၆ နှင့် ၀၆၇-၃၄၀၄၇၇၇ တို့သို့ ဆက်သွယ်အကူအညီ တောင်းခံနိုင်ပါ ကြောင်း သိရှိရပါသည်။
- #ha_sgw
#St_Re_may2020
Source: MOSWRR