လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဟိုပန်ခရိုင် ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် သက်ဆိုင်ရာ ရပ်ကွက်/ ကျေးရွာအုပ်ချုပ်ရေးမှူး၊ ရပ်/ကျေးစာရေးများနှင့်ပူးပေါင်း၍ (၁၄-၅-၂၀၂၀)ရက်နေ့ ဖြစ်ပွားခဲ့သည့် လေဘေးနှင့် မိုးသီးကြွေဘေးကြောင့် အမိုးလန်ပျက်စီးခဲ့သည့် အိမ်ထောင်စု (၁၁၄)စု ဘာသာရေး ကျောင်း (၁) ကျောင်းတို့အတွက် အိမ်ဆောက်ပစ္စည်းဖိုး (၇၀၆၇၀၀၀/-) ကျပ်၊ ပြိုကျပျက်စီးခဲ့သည့် အိမ်ထောင်စု (၅) စုအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၇)မျိုး (၅)စု၊ အိမ်ဆောက် ပစ္စည်းဖိုးထောက်ပံ့ငွေ (၅၀၀၀၀၀/-)ကျပ်အား ထောက်ပံ့ပေးခဲ့ရာ စုစုပေါင်း ထောက်ပံ့ငွေ (၇၅၆၇၀၀၀/-)ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း (၁၇)မျိုး (၅) စုစာအား (၁၈- ၅ -၂၀၂၀) နံနက် (၁၄:၀၀) နာရီအချိန် တွင် ပြည်သူများလက်ဝယ်သို့ သွားရောက်ထောက်ပံ့ပေးအပ် ခဲ့ပါကြောင်း သတင်းရရှိပါသည်။
#ha_sgw_hstr
#shn_may2020
Source: ဟိုပန်ခရိုင်ဦးစီးမှူးရုံး (ဘစမ)