Author Archives: Aye Kyimann
-
COVID-19 ရောဂါနှင့် ပတ်သက်၍ အသိပညာပေးလုပ်ငန်းများဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ စစ်ကိုင်းတိုင်း ဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့နယ် (၆-၇-၂၀၂၀) ရက်နေ့ ညနေတွင် (၁၇:၃၀) နာရီမှစ၍ ဘုန်းစိုးရပ်ကွက် ချမ်းမြသာစည်ရပ်ကွက်များတွင် COVID-19 ရောဂါကူးစက်မှုမပြန့်ပွားရေးအတွက် ဆောင်ရန်/ ရှောင် ရန်များ အသိပညာပေးနှိုးဆော်ခြင်းများဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #sgg_jul2020 Source: စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ)
-
ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ လုံခင်း၊ ဖားကန့်ရတနာမြေအတွင်း မြေပြိုကျမှုဖြစ်စဉ်နှင့် စပ်လျဉ်း၍ စုံစမ်းဖော်ထုတ်ခြင်းနှင့် ပံ့ပိုးကူညီမှု ပေးခြင်းများဆက်လက်ဆောင်ရွက်မှုသတင်း
ဇူလိုင် ၄ရက်၊ ဖားကန့်မြို့ ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ လုံခင်း၊ ဖားကန့်ရတနာမြေ၊ ဆိပ်မူကျေးရွာအုပ်စု၊ ဝှေခါကျေးရွာ၌ (၂-၇-၂၀၂၀)နေ့၊ နံနက်ပိုင်း၌ မြေပြိုကျမှုကြောင့် ရေမဆေးကျောက်ရှာဖွေသူများ သေဆုံး/ထိခိုက်ဒဏ်ရာရမှုဖြစ်စဉ်နှင့် ပတ်သက်၍ စုံစမ်းဖော်ထုတ်ခြင်းနှင့် ပံ့ပိုးကူညီမှုပေးခြင်း များဆောင်ရွက်ရန်အတွက် “လုံခင်း၊ ဖားကန့်ရတနာမြေအတွင်း မြေပြိုကျမှုဖြစ်စဉ်နှင့် စပ်လျဉ်း၍ စုံစမ်းစစ်ဆေးရေးအဖွဲ့” ဥက္ကဌ ပြည်ထောင်စု ဝန်ကြီး ဦးအုန်းဝင်း၊ အဖွဲ့ဝင်များဖြစ်ကြသော ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ်၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး၊ ကချင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာခက်အောင်တို့သည် တာဝန်ရှိသူများလိုက်ပါလျက် ယနေ့မွန်းလွဲပိုင်းတွင် မြစ်ကြီးနားမြို့မှဖားကန့်မြို့နယ်သို့ မော်တော်ယာဉ်မျာဖြင့် သွားရောက်ခဲ့ကြပါသည်။ … Read more
-
လေဘေးသင့်ပြည်သူများအတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဉီးစီးဌာန၊ ဖျာပုံခရိုင် ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁-၇-၂၀၂၀) ရက်နေ့တွင် ဖြစ်ပွားခဲ့သော လေပြင်းတိုက်ခတ်မှုကြောင့် ကျိုက်လတ်မြို့နယ်၊ ကွင်းချောင်းကြီးကျေးရွာအုပ်စု၊ အရွှဲကျေးရွာတွင် လေပြင်းတိုက်ခတ်မှုကြောင့် တစ်စိတ်တပိုင်းပျက်စီးခဲ့သော နေအိမ်(၁)လုံး၊ အိမ်ထောင်စု(၁)စု၊ လူဦးရေ(၃)ဦးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၅၀၀၀ဝ/-)ကျပ်နှင့် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၆၃၀၀ဝ/-)၊ စုစုပေါင်းငွေ (၅၆၃၀ဝ/-)ကျပ်တို့အား (၂-၆-၂၀၂၀) ရက်နေ့တွင် ကျိုက်လတ်မြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးမှူးရုံးတွင် အထွေထွေအုပ်ချုပ်ရေးမှူးရုံးမှတာဝန်ရှိသူများနှင့်အတူဘေးသင့်ပြည်သူထံလက်ဝယ်သို့ သွားရောက်ထောက်ပံ့ပေးခဲ့ ပါကြောင်း သတင်းရရှိပါသည်။
-
Covid-19 လတ်တလောအသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါနှင့် ဘေးအန္တရာယ်ဆိုင်ရာအသိပညာပေးဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကသာခရိုင် ဦးစီးမှူးရုံးမှ (၃၀-၆-၂၀၂၀)ရက်၊ (၁၃:၀၀)နာရီမှ (၁၇:၀၀)နာရီထိ ကသာမြို့နယ်၊ ကျန်တောကျေးရွာ၊ မိဿလင်းကျေးရွာ၊ စေတီ ကုန်းကျေးရွာ၊ ပေကုန်းကျေးရွာ၊ ကပ္ပလိပ်ကျေးရွာ၊ ပေါမမြိုင်ကျေးရွာ၊ နလယ်အင်းကျေးရွာ၊ နန့်လှိုင်ကုန်းကျေးရွာ၊ မံစီကျေးရွာ၊ သာစည်ကျေးရွာ၊ မင်းလယ်ကျေးရွာ၊ မက်လင်ချောင်းကျေးရွာ၊ မဲဟင်းကျေးရွာနှင့် ရွှေပြည်သစ်ကျေးရွာနေ ပြည်သူများအား COVID19 ကူးစက်မြန်ရောဂါအသိပညာပေးခြင်းနှင့် မိုးကြိုးဘေး၊ ရေဘေးအသိပညာပေး လက်ကမ်းစာစောင်များ ပေးဝေခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #sgg_jun2020 Source: ကသာခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
Covid-19 လတ်တလောရောဂါအသက်ရှုလမ်းကြောင်းဆိုင်ရာနှင့် ဘေးအန္တရာယ်ဆိုင်ရာအသိပညာပေးဟောပြောမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ သရက်ချောင်း မြို့နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၁.၇.၂၀၂၀) ရက်နေ့၌ သရက်ချောင်းမြို့နယ်အတွင်းရှိ သဲချောင်းကြီးကျေးရွာ၊ ဝင်းက ဖော်ကျေးရွာ၊ ကျွဲခြံ၊ အလယ်စု၊ ဗျတ်ဝိသားကျေးရွာတို့တွင် လော်စပီကာ၊Memory stick နှင့်Hand Speaker တို့ဖြင့် Covid-19 လတ်တလောအသက်ရှုလမ်းကြောင်းဆိုင်ရာ ရောဂါနှင့်ပက်သက်၍ လိုက်နာဆောင်ရွက်ရမည့်အချက်များနှင့် မိုးရာသီကာလသို့ ရောက်ရှိလာပြီဖြစ်သည့်အတွက် ရေဘေး၊ မြေပြိုဘေးနှင့် မိုးကြိုးဘေးစသည့် သဘာဝဘေးအန္တရာယ်နှင့် ပက်သက်သည့် ဆောင်ရန်/ရှောင်ရန်အချက်များအား ပြည်သူသို့ အသိပညာပေး ပန်ကြားချက်များအား လှည့်လည်ကြေညာခြင်းများ ဆောင်ရွက် ခဲ့ပြီး လက်ကမ်းစာစောင် … Read more
-
အငယ်တန်းစာရေး ရာထူးနှင့် ပစ္စည်းထိန်း-၅ ရာထူးရေးဖြေစာမေးပွဲကျင်းပမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရခိုင်ပြည်နယ် ဦးစီးမှူးရုံးမှ ဦးဆောင်၍ (၂၈-၆-၂၀၂၀) ရက်နေ့တွင် အငယ်တန်းစာရေးရာထူးနှင့် ပစ္စည်းထိန်း-၅ ရာထူးများအတွက် သုတရေးရာ စာမေးပွဲအား စစ်တွေမြို့၊ အ.ထ.က(၂)၌ (၀၉:၀၀)နာရီအချိန်မှ (၁၁:၀၀)နာရီအချိန်အထိ စစ်ဆေးခဲ့ပြီး အငယ်တန်းစာရေးရာထူး အတွက် စာရင်းရှိ (၁၃၄)ဦး၊ ဖြေဆိုသူ (၆၆)ဦး၊ ပျက်ကွက် (၆၈)ဦးဖြစ်ပါသည်။ ပစ္စည်းထိန်း-၅ ရာထူးအတွက် စာရင်းရှိ (၇၇)ဦး၊ ဖြေဆိုသူ (၄၂)ဦး၊ ပျက်ကွက် (၃၅)ဦး ဖြစ်ကြောင်း သတင်းရရှိပါသည်။ #otr #rke_jun2020 … Read more
-
အငယ်တန်းစာရေး ရာထူးနှင့် ပစ္စည်းထိန်း-၅ ရာထူးရေးဖြေစာမေးပွဲကျင်းပမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရခိုင်ပြည်နယ် ဦးစီးမှူးရုံးမှ ဦးဆောင်၍ (၂၇-၆-၂၀၂၀)ရက်နေ့တွင် အငယ်တန်းစာရေးရာထူးနှင့် ပစ္စည်းထိန်း-၅ ရာထူးများအတွက် ရေးဖြေ စာမေးပွဲအား စစ်တွေမြို့၊ အ.ထ.က(၂)၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ အငယ်တန်းစာရေးရာထူးအတွက် မြန်မာစာဘာသာရပ်အား (၀၉:၀၀)နာရီအချိန်မှ (၁၁:၀၀)နာရီအချိန်အထိ စစ်ဆေးခဲ့ပြီး စာရင်းရှိ(၁၃၄)ဦး၊ ဖြေဆိုသူ(၆၇)ဦး၊ ပျက်ကွက်(၆၇)ဦးဖြစ်ပါသည်။ အဂ်လိပ်စာဘာသာရပ်အား (၁၃:၀၀)နာရီမှ (၁၅:၀၀) နာရီအထိ စစ်ဆေးခဲ့ပြီး စာရင်းရှိ(၁၃၄)ဦး၊ ဖြေဆိုသူ(၆၆)ဦး၊ ပျက်ကွက် (၆၈)ဦးဖြစ်ပါသည်။ ပစ္စည်းထိန်း-၅ ရာထူးအတွက် မြန်မာစာဘာသာရပ်အား (၀၉:၀၀)နာရီအချိန်မှ (၁၁:၀၀)နာရီ အချိန်အထိ … Read more
-
COVID 19 လုပ်ငန်းစဉ်များတွင် ပါဝင်ကူညီကြသည့် ရန်ကုန်နှင့် ဧရာဝတီတိုင်းဒေသကြီးတို့ရှိ စေတနာ့ဝန်ထမ်းများနှင့် ပရဟိတအဖွဲ့များအား အသိအမှတ်ပြုဂုဏ်ပြုခြင်းများ ဆောင်ရွက်မှုသတင်း
ဇွန်၊ ၂၇၊ ပုသိမ် အမျိုးသားအဆင့်စေတနာ့ဝန်ထမ်းဦးဆောင်အဖွဲ့အနေဖြင့် ရန်ကုန်တိုင်းဒေသကြီးနှင့် ဧရာဝတီတိုင်းဒေသကြီးတို့အတွင်း COVID 19 ကာကွယ်၊ ထိန်းချုပ်၊ တုံ့ပြန်ရေးလုပ်ငန်းစဉ်များတွင် ပါဝင်ကူညီဆောင်ရွက်ပေးကြသည့် စေတနာ့ဝန်ထမ်းများနှင့် ပရဟိတအဖွဲ့များအား အသိအမှတ်ပြု ဂုဏ်ပြုခြင်းများကို ဦးဆောင်အဖွဲ့ အတွင်းရေးမှူး၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက ယနေ့ ဆောင်ရွက်ခဲ့ ပါသည်။ ပြည်ထောင်စုဝန်ကြီးနှင့်အတူ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးဝန်ကြီး၊ လူမှုဝန်ထမ်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးနှင့် ကုသရေး ဦးစီးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန တာဝန်ရှိသူများလိုက်ပါဆောင်ရွက်ခဲ့ကြပါသည်။ ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးသည် … Read more
-
သဘာဝဘေးအသိပညာပေး ဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မန္တလေးတိုင်း ဒေသကြီးအတွင်းရှိ မိတ္ထီလာခရိုင်ဦးစီးမှူးရုံး၊ ပြင်ဦးလွင်ခရိုင်ဦးစီးမှူးရုံး၊ တောင်သာမြို့နယ်ဦးစီးမှူးရုံး၊ ပျော်ဘွယ်မြို့နယ်ဦးစီး မှူးရုံး၊ မြင်းခြံမြို့နယ်ဦးစီးမှူးရုံး၊ နွားထိုးကြီးမြို့နယ်ဦးစီးမှူး၊ တံတားဦးမြို့နယ်ဦးစီးမှူးရုံး၊ ကျောက်ဆည်မြို့နယ်ဦးစီးမှူးရုံး၊ မလှိုင်မြို့နယ်ဦးစီးမှူးရုံးနှင့် ဝမ်းတွင်းမြို့နယ်ဦးစီးမှူးရုံးတို့မှ တာ၀န်ရှိသူများသည် မိတ္ထီလာမြို့နယ်၊ ပြင်ဦးလွင်မြို့နယ်၊၊ တောင်သာ မြို့နယ်၊ ပျော်ဘွယ်မြို့နယ်၊ မြင်းခြံမြို့နယ်၊ နွားထိုးကြီးမြို့နယ်၊ တံတားဦးမြို့နယ်၊ ကျောက်ဆည်မြို့နယ်၊ မလှိုင်မြို့နယ်နှင့် ဝမ်းတွင်းမြို့နယ်များရှိ ရပ်ကွက်၊ ကျေးရွာအုပ်စု၊ ကျေးရွာများသို့ (၂၇-၆-၂၀၂၀) ရက်နေ့တွင် COVID-19 အသိပညာပေးခြင်းနှင့် မိုးရာသီကာလအတွင်းဖြစ်ပွားတတ်သော သဘာဝဘေးအန္တရာယ်များအကြောင်း အသိပညာပေးခြင်းဆောင်ရွက်ခဲ့ပါကြောင်း … Read more
-
အငယ်တန်းစာရေး ရာထူးနှင့် ပစ္စည်းထိန်း-၅ ရာထူးရေးဖြေစာမေးပွဲကျင်းပမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဧရာဝတီ ဒေသကြီးဦးစီးမှူးရုံးမှ ဦးဆောင်၍ (၂၇-၆-၂၀၂၀)ရက်နေ့ ၊ (၀၉:ဝဝ)နာရီအချိန်မှ(၁၁:၀၀)နာရီအချိန်အထိ အငယ်တန်းစာရေး ရာထူးနှင့် ပစ္စည်းထိန်း-၅ ရာထူးရေးဖြေစာမေးပွဲအား ပုသိမ်မြို့၊ အ.ထ.က(၉)၌ ကျင်းပပြုလုပ်ခဲ့ရာ၊ အဆိုပါ ရေးဖြေစာမေးပွဲတွင် အငယ်တန်းစာရေးရာထူးဖြေဆိုမှုမှာ စာရင်းရှိ(၁၈၂)၊ဦး၊ ဖြေဆိုသူ(၁၁၅)ဦး၊ ပျက်ကွက်(၆၇)ဦးဖြစ်ပြီး၊ ပစ္စည်းထိန်း-၅ ဖြေဆိုမှုမှာစာရင်းရှိ (၈၈)ဦး၊ ဖြေဆိုသူ(၅၃)ဦး၊ ပျက်ကွက်(၃၅)ဦး၊ စုစုပေါင်းစာရင်းရှိ(၂၇၀)ဦး၊ ဖြေဆိုသူ (၁၆၈)ဦး၊ ပျက်ကွက် (၁၀၂)ဦးတို့ဖြစ်ပါကြောင်း သတင်းရရှိပါသည်။ #otr #ayy_jun2020 Source: ဧရာဝတီဒေသကြီးဦးစီးမှူးရုံး (ဘစမ)
