လေဘေးသင့်ပြည်သူများအတွက် ထောက်ပံ့မှုသတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဉီးစီးဌာန၊ ဖျာပုံခရိုင် ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁-၇-၂၀၂၀) ရက်နေ့တွင် ဖြစ်ပွားခဲ့သော လေပြင်းတိုက်ခတ်မှုကြောင့် ကျိုက်လတ်မြို့နယ်၊ ကွင်း​ချောင်းကြီးကျေးရွာအုပ်စု၊ အရွှဲကျေးရွာတွင်​ လေပြင်းတိုက်ခတ်မှု​ကြောင့် တစ်စိတ်တပိုင်းပျက်စီး​ခဲ့​သော​ နေအိမ်(၁)လုံး၊ အိမ်​ထောင်စု(၁)စု၊ လူဦးရေ(၃)ဦးအတွက် အိမ်​ဆောက်ပစ္စည်းဖိုး​ထောက်ပံ့​ငွေ (၅၀၀၀ဝ/-)ကျပ်နှင့် ဆန်ရိက္ခာဖိုး​ထောက်ပံ့​ငွေ (၆၃၀၀ဝ/-)၊ စုစု​ပေါင်း​ငွေ (၅၆၃၀ဝ/-)ကျပ်တို့အား (၂-၆-၂၀၂၀) ရက်နေ့တွင် ကျိုက်လတ်မြို့နယ်၊ အ​ထွေ​ထွေအုပ်ချုပ်​ရေးမှူးရုံးတွင် အ​ထွေ​ထွေအုပ်ချုပ်​ရေးမှူးရုံးမှတာဝန်ရှိသူများနှင့်အတူ​ဘေးသင့်ပြည်သူထံလက်ဝယ်သို့ သွားရောက်ထောက်ပံ့ပေးခဲ့ ပါကြောင်း သတင်းရရှိပါသည်။

Sign Up

Upcoming Events