Author Archives: Aye Kyimann

  • Covid-19 ကူးစက်ရောဂါနှင့် စပ်လျဉ်းသည့် အသိပညာပေးခြင်းနှင့် သဘာဝဘေးအသိပညာပေးခြင်းများ ဆောင်ရွက်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မအူပင်ခရိုင် ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၉-၇-၂၀၂၀) ရက်နေ့တွင် ပန်းတနော်မြို့ပေါ် တောင်ပိုင်းရပ်ကွက်၌ COVID-19 ရောဂါကူး စက်ပျံ့နှံ့မှု ဒုတိယလှိုင်းမဖြစ်ပွားစေရန် အများပြည်သူအလွယ်တကူ သိရှိလိုက်နာဆောင်ရွက်ရန်အချက်များနှင့် မိုးရာသီတွင် ဖြစ်ပွားလေ့ရှိသည့် သဘာဝဘေးအန္တရာယ်များကို ကြိုတင်ပြင်ဆင်ရေး အသိပေးချက်များကို  လှည်လည်ဟောပြောခြင်း၊ ဘေး (၈)မျိုးလက်ကမ်းစာစောင်များ ဝေငှခြင်းနှင့် ဗီနိုင်းပိုစတာဖြန့်ဝေခြင်းများ ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #ayy_jul2020     Source:   မအူပင်ခရိုင်ဦးစီးမှူးရုံး (ဘစမ)

  • Covid-19 ကူးစက်ရောဂါနှင့် စပ်လျဉ်းသည့် အသိပညာပေးခြင်းနှင့် သဘာဝဘေးအသိပညာပေးခြင်းများ ဆောင်ရွက်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ညောင်တုန်း မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၉-၇-၂၀၂၀) ရက်နေ့တွင် ညောင်တုန်းမြို့နယ်၊ ဂုံမင်းဆိပ်ကျေးရွာအုပ်စု နှင့် တူးချောင်းကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာများ၌ covid-19 ကူးစက်ရောဂါ ဒုတိယလှိုင်းမဖြစ်ပွားစေရန်အတွက် ဒုတိယ အကြိမ်အသိပညာပေးခြင်းနှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ ဆောင်ရန်၊ ရှောင်ရန်များအား အသိပညာပေးခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့၍ လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #ayy_jul2020     Source:   ညောင်တုန်းမြို့နယ်ဦးစီးမှူးရုံး (ဘစမ)  

  • Covid-19 ကူးစက်မှု (ဒုတိယလှိုင်း) မဖြစ်ပွားစေရန် အသိပညာပေးခြင်းနှင့် သဘာဝဘေး အသိပညာပေးခြင်းများဆောင်ရွက်ခြင်း

     လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မြောင်းမြခရိုင် ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၉.၇.၂၀၂၀) ရက်နေ့ ၊ မနက် (၀၈:၃၀) နာရီအချိန်မှစ၍ (၁၃:၀၀) နာရီအချိန်အထိ မြောင်းမြ ခရိုင်၊ မြောင်းမြမြို့နယ်၊ ငါးမြင်းချောင်းကျေးရွာ၊ သာယာကုန်းကျေးရွာ၊ ရွာသစ်ကျေးရွာ၊ ညောင်ချောင်းကြီးကျေးရွာ၊ ကွင်းကလေး ကျေးရွာ၊ ဇီးဖြူကုန်းကျေးရွာ၊ စာဖြူကုန်းကျေးရွာတို့တွင် လတ်တလော နိုင်ငံအသီးသီးတွင် ကူးစက်ပြန့်ပွားလျက်ရှိသော Covid-19 ကူးစက်ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ် တုန့်ပြန်ရေးကော်မတီမှ (၃၀.၆.၂၀၂၀) ရက်နေ့အထိ ထုတ်ပြန်ပြီးဖြစ်သည့် တားမြစ် မိန့်နှင့် ညွှန်ကြားချက်များအားလည်းကောင်း ရာသီအလိုက်ဖြစ်ပွားတက်သော … Read more

  • ဧရာဝတီမြစ်ရေ ဝင်ရောက်မှုကြောင့် ရေဘေးသင့်ပြည်သူများအတွက် ထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပန်းတောင်း မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ထုံးဘိုကျေးရွာအုပ်စု၊ ထုံးဘိုကျေးရွာ (၂၈.၇.၂၀၂၀)ရက်နေ့ ဧရာဝတီမြစ်ရေ ဝင်ရောက်မှု ကြောင့် ရွှေ့ပြောင်းခဲ့ရသော အိမ်ထောင်စု(၄)စုမှ လူဦးရေ (၁၇)ဦးအတွက် ဆန်ရိက္ခာဖိုး (၇)ရက်စာထောက်ပံ့ငွေ (၃၅၇၀၀/-)ကျပ်၊ ဆပ်ပြာ (၄)တောင့် ၊ Mask (၈)ခုတို့အား (၂၉.၇.၂၀၂၀)ရက်နေ့၊ (၁၃:၂၀)နာရီအချိန်တွင် ထုံးဘိုကျေးရွာ၊ မြသိန်းတန်ဘုရားတွင် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ha_fld #bgo_jul2020 Source:  ပန်းတောင်းမြို့နယ်ဦးစီးမှူးရုံး (ဘစမ)

  • Covid-19 ကူးစက်ရောဂါနှင့် စပ်လျဉ်းသည့် အသိပညာပေးခြင်းနှင့် သဘာဝဘေးအသိပညာပေးခြင်းများ ဆောင်ရွက်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဖာပွန်ခရိုင် ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၉- ၇ -၂၀၂၀)ရက်​​နေ့၊ နံနက်(၀၉:၀၀)နာရီချိန်မှ (၁၂:၀၀)နာရီချိန်ထိ ဖာပွန်ခရိုင်၊ ဖာပွန်မြို့ရှိ ဝှေမှုန်ကျေးရွာ၊ ဝှေဆန်ကျေးရွာ၊ ကူးဆိပ်ကျေးရွာနှင့် ကမမောင်းမြို့ရှိ ကန်ညီနောင်ကျေးရွာ၊ ကွင်းမြောင်းကျေးရွာ၊ ကတိုင်တိ ကျေးရွာများ၌COVID-19 ကူးစက်မြန်ရောဂါ ပြန့်ပွားမှုများ မဖြစ်ပွားစေရန်အတွက် သိရှိလိုက်နာရမည့် အချက်များနှင့် မိုးရာသီ ကာလအတွင်း ဖြစ်ပွားတတ်သော သဘာဝဘေးအန္တရာယ်များ နှင့်စပ်လျဉ်း၍ ဆောင်ရန်/ရှောင်ရန် အချက်များအား အသံချဲ့စက်ဖြင့် ​အသိပညာပေး ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar … Read more

  • မိုးကြိုးဘေးအတွက် ထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်၊ စစ်တွေမြို့နယ်၊ ညိုရောင်ချောင်းကျေးရွာ၌ မိုးကြိုးထိမှန်မှုကြောင့် စစ်တွေပြည်သူ့ဆေးရုံကြီးသို့ ဆေးကုသမှုခံယူ လျက်ရှိသည့် ဒဏ်ရာရလူနာ(၁)ဦးအတွက် ဒဏ်ရာရထောက်ပံ့ငွေ (၅၀၀၀၀/-)ကျပ် အား (၂၉.၇.၂၀၂၀)ရက်နေ့တွင် ထောက်ပံ့ပေး အပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ha_tls #rke_jul2020  Source:  စစ်တွေခရိုင်ဦးစီးမှူးရုံး (ဘစမ)

  • မီးဘေးအတွက် ထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ လားရှိုး ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည (၂၅.၇.၂၀၂၀)ရက်နေ့ (၀၂:၀၅)ချိန်တွင် လားရှိုးမြို့နယ်၊ မန်ဆန်ရေကျကျေးရွာအုပ်စု၊ မန်ဆန်ရေကျကျေးရွာ၌ မီးဖိုမီး​ကြွင်းမီးကျန်မှတဆင့် မီးကူးဆက်လောင်ကျွမ်းမှုဖြစ်ပွားခဲ့ရာ ​နေအိမ်(၁)လုံးနှင့် အိမ်ရှင်မှာ မီးလောင်သေဆုံးခဲ့ရာ အဆိုပါ မီးဘေးသင့် အိမ်(၁)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုး (၁၀၀၀၀၀/-)ကျပ်နှင့် သေဆုံးသူ(၁)ဦး အတွက် ထောက်ပံ့ငွေ (၃၀၀၀၀၀/-)ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ (၄၀၀၀၀၀/-)ကျပ်တို့အား (၂၇.၇.၂၀၂၀)ရက်နေ့တွင် ထောက်ပံ့ ပေးခဲ့ပါကြောင်း သတင်းရရှိပါသည်။   #ha_fir #shn_jul2020 Source:   လားရှိုးခရိုင်ဦးစီးမှူးရုံး (ဘစမ)

  • ချင်းတွင်းမြစ်ရေတိုးလာမှုကြောင့် ရေဘေးသင့်ပြည်သူများအတွက် ထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မင်းကင်း မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မင်းကင်းမြို့နယ် စီမံခန့်ခွဲမှုကော်မတီတို့နှင့်အတူ ချင်းတွင်းမြစ်ရေတိုး၍ နေအိမ် များအတွင်း ရေဝင်ရောက်မှုကြောင့် (၂၇-၇-၂၀၂၀) နေ့တွင် ပြောင်းရွှေ့ကြရသော မင်းကင်းမြို့၊ အမှတ်(၃) ရပ်ကွက်ရှိ အိမ်ထောင်စု (၂၄) စု၊ လူဦးရေ (၉၁) ဦးအတွက် ဆပ်ပြာ (၂၄) တောင့်နှင့် ဆန်ရိက္ခာဖိုး (၁၉၁၁၀၀) ကျပ်တို့ကို (၂၈-၇-၂၀၂၀) နေ့ တွင် မဟာမင်းကျောင်းတိုက်နှင့် ယွန်းကျောင်းတိုက် ကယ်ဆယ်ရေး စခန်းများသို့ သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း … Read more

  • အပြည်ပြည်ဆိုင်ရာလူငယ်များနေ့ အထိမ်းအမှတ်အခမ်းအနား ကျင်းပနိုင်ရေး ညှိနှိုင်းဆွေးနွေးမှုသတင်း

    ဇူလိုင် ၂၈၊ နေပြည်တော်  “အပြည်ပြည်ဆိုင်ရာလူငယ်များနေ့” အထိမ်းအမှတ် အခမ်းအနား ကျင်းပနိုင်ရေးအတွက် ညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ နံနက်ပိုင်းက လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထား ရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ Video Conferencing စနစ်ဖြင့်ကျင်းပခဲ့ရာ မြန်မာနိုင်ငံလူငယ်ရေးရာ ကော်မတီဥက္ကဌ ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေး တက်ရောက်ခဲ့ပါသည်။ ရှေးဦးစွာ ဒုတိယဝန်ကြီးဦးစိုးအောင်က ၂၀၂၀ပြည့်နှစ်၊ အပြည်ပြည်ဆိုင်ရာလူငယ်များနေ့ အထိမ်းအမှတ်အခမ်းအနားကို လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနတွင် COVID-19 ရောဂါကြိုတင်ကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ ကျင်းပနိုင်ရေး ကြိုတင်ပြင်ဆင် နေသည့်အခြေအနေများ၊ COVID-19 ကပ်ရောဂါဖြစ်ပွားနေသည့် ကာလဖြစ်၍ … Read more

  • လေဘေးအတွက် ကယ်ဆယ်ရေးပစ္စည်းနှင့် ရန်ပုံငွေထောက်ပံ့မှုသတင်း

     လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ သာပေါင်း မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် သာပေါင်းမြို့နယ်၊ ဒည်းကုန်းကျေးရွာအုပ်စု၊ သစ်ဆိမ့်ကုန်းကျေးရွာ၌ (၂၇-၇- ၂၀၂၀) ရက်နေ့တွင် ဖြစ်ပွားခဲ့သောလေဘေးကြောင့် ပြိုကျပျက်စီးနေအိမ် (၁) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုး (၁၀၀၀၀ဝ/-)ကျပ်၊ လူဦးရေ(၃)ဦးအတွက် ဆန်ရိက္ခာ(၇)ရက်စာရန်ပုံငွေ (၆၃၀ဝ/-)ကျပ်၊ စုစုပေါင်းရန်ပုံငွေ (၁၀၆၃၀ဝ/-)ကျပ်နှင့် ကယ်ဆယ်ရေး ပစ္စည်း(၁၆)မျိုး (၁) အိမ်ထောင်စာ(၃၄၇၅၃/-)ကျပ်တို့အား (၂၈-၇-၂၀၂၀) ရက်နေ့ (၁၄၃၀)နာရီအချိန်တွင် ကျေးရွာအုပ်ချုပ်ရေးမှူး နှင့်တကွတာဝန်ရှိသူများ၏ရှေ့မှောက်၌ ဘေးသင့်ပြည်သူများ၏လက်ဝယ်သို့ ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ha_sgw #ayy_jul2020 Source:   သာပေါင်းမြို့နယ်ဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events