Author Archives: Aye Kyimann
-
COVID-19 ကူးစက်မြန်ရောဂါနှင့်စပ်လျဉ်းသော သိရှိလိုက်နာရန်အချက်များ၊ သဘာဝဘေးအန္တရာယ်နှင့်စပ်လျဉ်းသော ဆောင် ရန်၊ ရှောင်ရန်အချက်များကို အသိပညာဖြန့်ဝေမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွမှုဦးစီးဌာန၊ ဘောလခဲ ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၆.၈.၂၀၂၀) ရက်နေ့တွင် ဘောလခဲမြို့နယ်၊ ရွာသစ်မြို့၊ တောင်ပိုင်းရပ်ကွက်၊ မြောက်ပိုင်း ရပ်ကွက်၊ နန့်မလင်ကျေးရွာ၊ ဝမ်လွဲ့ကျေးရွာ၊ လယ်ဝိုင်းကျေးရွာများရှိ ပြည်သူများအား COVID-19 ကူးစက်ရောဂါ ပြန့်ပွားမှုမဖြစ်ပွား စေရန်အတွက် သိရှိလိုက်နာရန်အချက်များနှင့် သဘာဝဘေး အန္တရာယ်နှင့်စပ်လျဉ်းသည့် ဆောင်ရန်၊ ရှောင်ရန် များကို အသိပညာဖြန့်ဝေခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #ayy_aug2020 Source: ဘောလခဲခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
လေဘေးအတွက် ထောက်ပံ့မှုနှင့် ဗီနိုင်းပိုစတာပေးအပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ သာပေါင်း မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၂-၈-၂၀၂၀)တွင် သာပေါင်းမြို့နယ်၊ ကမ္ဘဲ့ညောင်ကုန်းကျေးရွာအုပ်စု၊ စက်ဒေါင့်ကြီးကျေးရွာ၌ ဖြစ်ပွားခဲ့သောလေဘေးကြောင့်ပြိုကျ ပျက်စီးနေအိမ် (၁)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုး (၁၀၀၀၀ဝ/-)ကျပ်၊ လူဦးရေ(၃)ဦးအတွက် ဆန်ရိက္ခာ(၇)ရက်စာ ရန်ပုံငွေ(၆၃၀ဝ/-)ကျပ်၊ စုစုပေါင်းရန်ပုံငွေ (၁၀၆၃၀ဝ/-) ကျပ် နှင့် ကယ်ဆယ်ရေးပစ္စည်း (၁၆)မျိုး (၁) အိမ်ထောင်စာ(၃၄၇၅၃/-)ကျပ်၊ ဆူနာမီဘေးနှင့်ပတ်သက်၍ ဆောင်ရန်/ရှောင်ရန် ဗီနိုင်း (၁)ခု အား (၁၄-၈-၂၀၂၀) ရက်နေ့ (၁၁:၄၅)နာရီအချိန်တွင် ကျေးရွာအုပ်ချုပ်ရေးမှူးနှင့်တကွ တာဝန်ရှိသူများ၏ ရှေ့မှောက်၌ ဘေးသင့်ပြည်သူများ၏လက်ဝယ်သို့ ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း … Read more
-
COVID-19 ကူးစက်ရောဂါနှင့်စပ်လျဉ်းသည့် အသိပညာပေးခြင်းနှင့် သဘာဝဘေးအသိပညာပေးခြင်းများဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မအူပင်ခရိုင် ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၄-၈-၂၀၂၀)ရက်နေ့တွင် ဓနုဖြူမြို့နယ်၊ ညောင်ချောင်းကျေးရွာအုပ်စုရှိ ညောင်ချောင်း ရွာမကျေးရွာ၊ ညောင်ချောင်းကွင်းကျေးရွာ၊ တာပိုင်းကြီးကျေးရွာနှင့် ထောက်ရှာစုကျေးရွာတို့၌ COVID-19 ရောဂါကူးစက်ပျံ့နှံ့မှု ဒုတိယလှိုင်း မဖြစ်ပွားစေရန် အများပြည်သူအလွယ်တကူသိရှိ လိုက်နာဆောင်ရွက်ရန်အချက်များနှင့် မိုးရာသီတွင် ဖြစ်ပွားလေ့ရှိ သည့် သဘာဝဘေးအန္တရာယ်များကြိုတင်ပြင်ဆင်ရေး အသိပေးချက်များကို လှည့်လည်ဟောပြောခြင်း၊ ဘေး (၈)မျိုး လက်ကမ်းစာစောင်များ ဝေငှခြင်းများ ဆောင်ရွက်ပါကြောင်း သတင်းရရှိပါသည်။ #ar #ayy_aug2020 Source: မအူပင်ခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
COVID-19 ကူးစက်ရောဂါနှင့်စပ်လျဉ်းသည့် အသိပညာပေးခြင်းနှင့် သဘာဝဘေးအသိပညာပေးခြင်းများဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထား ရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဧရာဝတီ တိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၄-၈-၂၀၂၀)ရက်နေ့၊ (ဝ၉:၀၀)နာရီအချိန်မှစ၍ ပုသိမ်ခရိုင်၊ ကန်ကြီး ထောင့်မြို့နယ်၊ အပင်နှစ်ဆယ်ကျေးရွာအုပ်စု၊ အပင်နှစ်ဆယ်ကျေးရွာ၊ ကိုးသောင်းကျေးရွာ၊ တကုန်းကြီကျေးရွာအုပ်စု၊ တကုန်းကြီးကျေးရွာ၊ ရေကျော်ကျေးရွာနှင့် ကံကုန်းကျေးရွာအုပ်စု၊ ကံကုန်းကျေးရွာတို့တွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီး ဌာနမှ ထုတ်ပြန်ထားသော Covid-19 ကူးစက်မှုဒုတိယလှိုင်းမဖြစ်ပွားစေရန် အသိပညာပေးခြင်းအားလည်းကောင်း၊ ရာသီ အလိုက်ဖြစ်ပွားတတ်သော သဘာဝဘေးအန္တရာယ်များနှင့် ပတ်သက်သည့် အသိပညာပေးခြင်း၊ သဘာဝဘေး အသိပညာပေး လက်ကမ်းစာစောင်များဝေငှခြင်းနှင့် ဗီနိုင်းပိုစတာများဖြန့်ဝေခြင်းတို့အားလည်းကောင်း အများပြည်သူများသိရှိလိုက်နာရန် ကွင်းဆင်းလှည့်လည်၍ အသိပညာပေးများဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar … Read more
-
မီးဘေးအတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကျောက်မဲ ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၃.၈.၂၀၂၀)ရက်နေ့တွင် ကျောက်မဲခရိုင်၊ သီပေါမြို့နယ်၊ နမ့်လန်ကျေရွာအုပ်စု၊ ကုန်းညောင် ရပ်ရှိ မီးဘေးသင့်ခဲ့သည့် မြို့ဦးဘုန်းကြီးကျောင်းအတွက် (၇)ပေ သွပ် အချပ် (၄၀၀)အား ဗမာတိုင်းရင်းသားလူမျိုး ရေးရာဝန်ကြီး၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန ပြည်နယ်ဦးစီးမှူး၊ ခရိုင်ဦးစီးအရာရှိ၊ ခရိုင်သာသနာရေးမှူးတို့နှင့်အတူ ကျောင်းထိုင် ဆရာတော်ထံသို့ ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ha_fir #shn_aug2020 Source: ကျောက်မဲခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
လေဘေးအတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဟင်္သာတ ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၁-၈-၂၀၂၀)ရက်နေ့တွင် မြန်အောင်မြို့နယ်၊ ရွှေကျင်အုပ်စု၊ ရေတွင်းကုန်းကျေးရွာ တွင် ဖြစ်ပွားခဲ့သော လေဘေးကြောင့် ပြိုကျအိမ်ခြေ (ဝါး-၁)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးရန်ပုံငွေကျပ် (၁၀၀၀၀၀/-)၊ လူဦးရေ (၃)ဦးအတွက် ဆန်ရိက္ခာ(၇)ရက်စာရန်ပုံငွေကျပ် (၆၃၀၀/-)၊ စုစုပေါင်းရန်ပုံငွေကျပ် (၁၀၆၃၀၀/-)၊ ကယ်ဆယ်ရေး ပစ္စည်း (၁၆)မျိုး (၁)အိမ်ထောင်စာတို့ကို (၁၄-၈-၂၀၂၀)ရက်နေ့ (၁၁:၁၅)နာရီအချိန်တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီး ဌာန၌ သက်ဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ha_sgw #ayy_aug2020 Source: ဟင်္သာတခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
ကမ်းပြိုဘေးအတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဟင်္သာတ ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၁-၈-၂၀၂၀) ရက်နေ့မှ (၁၃-၈-၂၀၂၀) ရက်နေ့ထိ မြန်အောင်မြို့နယ်၊ အမှတ်(၁) ရပ်ကွက်၊ မကျီးစုတာပြင်ဘက်တွင် ဖြစ်ပွားခဲ့သော ကမ်းပြိုဘေးကြောင့် ကြိုတင်ရွှေ့ပြောင်းရသော အိမ်ခြေ/အိမ်ထောင်စု(၇)စု အတွက် အိမ်ဆောက်ပစ္စည်းဖိုးရန်ပုံငွေကျပ် (၇၀၀၀၀၀/-)၊ လူဦးရေ (၂၆) ဦးအတွက် ဆန်ရိက္ခာ(၇)ရက်စာရန်ပုံငွေ ကျပ် (၅၄၆၀၀/-)၊ စုစုပေါင်းရန်ပုံငွေကျပ် (၇၅၄၆၀၀/-)ကျပ်ကို (၁၄-၈-၂၀၂၀)ရက်နေ့ (၁၁:၁၅)နာရီအချိန်တွင် မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၌ သက်ဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ha_rbe #ayy_aug2020 Source: … Read more
-
COVID-19 ကူးစက်ရောဂါနှင့်စပ်လျဉ်းသည့် အသိပညာပေးခြင်းနှင့် သဘာဝဘေးအသိပညာပေးခြင်းများဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဖျာပုံခရိုင် ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၃-၈-၂၀၂၀) ရက်နေ့တွင် ဒေးဒရဲမြို့နယ်၊ တော်ကမယ်ကျေးရွာ၊ ဓါးမသိမ်းမြောက် ကျေးရွာ၊ တော်ကမယ်ကုန်းတန်းကျေးရွာ၊ သံဒင်းထက်ကျေးရွာ၊ သံဒင်းအောက်ကျေးရွာတို့၌ COVID – 19 ရောဂါကူးစက်ပျံ့နှံ့မှု ဒုတိယလှိုင်းမဖြစ်ပွားစေရန်အတွက် အများပြည်သူ အလွယ်တကူသိရှိလိုက်နာဆောင်ရွက်ရန်အချက်များနှင့် မိုးရာသီတွင် ဖြစ်ပွားလေ့ရှိသည့် သဘာဝဘေးအန္တရာယ် များကို ကြိုတင်ပြင်ဆင်ရေး အသိပေးချက်များကို လှည့်လည်ဟောပြောခြင်း၊ ဘေး (၈)မျိုး လက်ကမ်းစာစောင် ဝေဌခြင်းများ ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #ayy_aug2020 Source: ဖျာပုံခရိုင်ဦးစီးမှူးရုံး … Read more
-
Covid-19ကူးစက်မှု ဒုတိယလှိုင်းမဖြစ်ပွားစေရန် အသိပညာပေးခြင်းနှင့် သဘာဝဘေးအသိပညာပေးခြင်းများ ဆောင်ရွက်မှု သတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ သာပေါင်း မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၃-၈-၂၀၂၀)ရက်နေ့၊ (၁၃:၃၀)နာရီအချိန်တွင် သာပေါင်းမြို့နယ်၊ ဒည်းကုန်း ကျေးရွာအုပ်စု၊ ဒည်းကုန်းကျေးရွာ၊ ဂွေးတောက်ကွင်း ကျေးရွာ၊ သစ်ဆိမ့်ကုန်းကျေးရွာတို့တွင် Covid-19 ဒုတိယလှိုင်းကူးစက်မှု မဖြစ်ပွားစေရန်နှင့် သဘာဝဘေးနှင့်ပက်သက်သည့် ဆောင်ရန်/ရှောင်ရန်များကို ကျေးရွာ/ရပ်ကွက်နေ မိဘပြည်သူတို့အား အသိပညာပေးဟောပြောဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #ayy_aug2020 Source: သာပေါင်းမြို့နယ်ဦးစီးမှူးရုံး (ဘစမ)
-
ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး ကချင်ပြည်နယ်အတွင်း ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ၊ ပြည်ထောင်စု သဘောတူစာချုပ်ပါ လူမှုရေးကဏ္ဍအခြေခံမူသဘောတူ ညီချက်များအကောင်အထည်ဖော်မှုနှင့် COVID 19 စီးပွားရေးကုစားမှု အစီအစဉ် (CERP) ဆိုင်ရာ ပံ့ပိုးကူညီမှုများ ဆောင်ရွက်မှုသတင်း
ဩဂုတ်လ ၁၃ ရက်၊ မြစ်ကြီးနား လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးသည် ကချင်ပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ်၊ ဒုတိယဝန်ကြီး၊ ပြည်နယ်ဝန်ကြီးများ၊ ညွှန်ကြားရေးမှူးချုပ်၊ တာဝန်ရှိသူများနှင့်အတူ ကချင်ပြည်နယ်အတွင်း ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ၊ ပြည်ထောင်စုသဘောတူ စာချုပ်ပါ လူမှုရေးကဏ္ဍအခြေခံမူသဘောတူညီချက်များ အကောင်အထည်ဖော်မှုနှင့် COVID-19 စီးပွားရေးကုစားမှုအစီအစဉ် (CERP) ဆိုင်ရာ ပံ့ပိုးကူညီမှုများ ဆောင်ရွက်ခဲ့ပါသည်။ ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ဝိုင်းမော်မြို့နယ်၊ နန်ဆန်ယန်ကျေးရွာ သို့သွားရောက်ပြီး မိမိတို့ဒေသတွင် ပြန်လည်နေထိုင်လျက်ရှိသည့် နေရပ်စွန့်ခွာခဲ့ရသည့် မိသားစုများအား တွေ့ဆုံအားပေးစကားပြောကြားခြင်း၊ … Read more
