COVID-19 ကူးစက်ရောဂါနှင့်စပ်လျဉ်းသည့် အသိပညာပေးခြင်းနှင့် သဘာဝဘေးအသိပညာပေးခြင်းများဆောင်ရွက်မှုသတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မအူပင်ခရိုင် ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၄-၈-၂၀၂၀)ရက်နေ့တွင် ဓနုဖြူမြို့နယ်၊ ညောင်ချောင်းကျေးရွာအုပ်စုရှိ ညောင်ချောင်း ရွာမကျေးရွာ၊ ညောင်ချောင်းကွင်းကျေးရွာ၊ တာပိုင်းကြီးကျေးရွာနှင့် ထောက်ရှာစုကျေးရွာတို့၌ COVID-19 ရောဂါကူးစက်ပျံ့နှံ့မှု ဒုတိယလှိုင်း မဖြစ်ပွားစေရန် အများပြည်သူအလွယ်တကူသိရှိ လိုက်နာဆောင်ရွက်ရန်အချက်များနှင့် မိုးရာသီတွင် ဖြစ်ပွားလေ့ရှိ သည့် သဘာဝဘေးအန္တရာယ်များကြိုတင်ပြင်ဆင်ရေး အသိပေးချက်များကို  လှည့်လည်ဟောပြောခြင်း၊ ဘေး (၈)မျိုး လက်ကမ်းစာစောင်များ ဝေငှခြင်းများ ဆောင်ရွက်ပါကြောင်း သတင်းရရှိပါသည်။

#ar

#ayy_aug2020

Source:   မအူပင်ခရိုင်ဦးစီးမှူးရုံး (ဘစမ)

 

Sign Up

Upcoming Events