လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ သာပေါင်း မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၂-၈-၂၀၂၀)တွင် သာပေါင်းမြို့နယ်၊ ကမ္ဘဲ့ညောင်ကုန်းကျေးရွာအုပ်စု၊ စက်ဒေါင့်ကြီးကျေးရွာ၌ ဖြစ်ပွားခဲ့သောလေဘေးကြောင့်ပြိုကျ ပျက်စီးနေအိမ် (၁)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုး (၁၀၀၀၀ဝ/-)ကျပ်၊ လူဦးရေ(၃)ဦးအတွက် ဆန်ရိက္ခာ(၇)ရက်စာ ရန်ပုံငွေ(၆၃၀ဝ/-)ကျပ်၊ စုစုပေါင်းရန်ပုံငွေ (၁၀၆၃၀ဝ/-) ကျပ် နှင့် ကယ်ဆယ်ရေးပစ္စည်း (၁၆)မျိုး (၁) အိမ်ထောင်စာ(၃၄၇၅၃/-)ကျပ်၊ ဆူနာမီဘေးနှင့်ပတ်သက်၍ ဆောင်ရန်/ရှောင်ရန် ဗီနိုင်း (၁)ခု အား (၁၄-၈-၂၀၂၀) ရက်နေ့ (၁၁:၄၅)နာရီအချိန်တွင် ကျေးရွာအုပ်ချုပ်ရေးမှူးနှင့်တကွ တာဝန်ရှိသူများ၏ ရှေ့မှောက်၌ ဘေးသင့်ပြည်သူများ၏လက်ဝယ်သို့ ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။
#ha_sgw
#ar
#ayy_aug2020