Author Archives: Hlaing ChoOo

  • Covid-19 အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါနှင့်ပတ်သက်၍ အသိပညာပေးခြင်းများဆောင်ရွက်မှု သတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲ မှုဉီးစီးဌာန၊ စစ်ကိုင်းတိုင်းဒေကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၃-၇-၂၀၂၀) ရက်နေ့တွင် မုံရွာမြို့နယ်၊ လယ်ဇင်စံပြကျေးရွာ၊ သက္ကယ်ကျင်းရွာ၊ ရွာထောင်ကျေးရွာများရှိ မိဘပြည်သူများအား covid-19 ရောဂါနှင့်ပတ်သက်သည့် အသိပညာပေးခြင်း များဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #sgg_Jul2020 Source: စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူးရုံး(ဘစမ)

  • ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး မြန်မာစီးပွားရေးလုပ်ငန်းရှင် အမျိုးသမီးများကွန်ယက်အဖွဲ့နှင့်တွေ့ဆုံ

    ဇူလိုင် ၂ရက်၊နေပြည်တော် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးသည် မြန်မာစီးပွားရေးလုပ်ငန်းရှင် အမျိုးသမီးများကွန်ယက် ဒုတိယ ဥက္ကဌဒေါက်တာစုလှဟန်အား ယနေ့မွန်းလွဲပိုင်းတွင် အဆိုပါဝန်ကြီးရုံးမေခလာခန်းမ၌ လက်ခံတွေ့ဆုံခဲ့ ပါသည်။ ထိုသို့တွေ့ဆုံရာတွင် မြန်မာနိုင်ငံက အဖွဲ့ဝင်အဖြစ်ပါဝင်သော အာဆီယံစီးပွားရေးလုပ်ငန်းရှင် အမျိုးသမီးများကွန်ယက် (ASEAN Women Entrepreneurs Network-ASESAN) ၏ ဥက္ကဌအဖြစ် မြန်မာ နိုင်ငံက အိမ်ရှင်နိုင်ငံအဖြစ် ထိုင်းနိုင်ငံမှ လွှဲပြောင်းယူမည့်အကြောင်း၊ အဆိုပါ လွှဲပြောင်းခြင်းအခမ်း အနားကို အွန်လိုင်းမှ ကျင်းပသွားမည်ဖြစ်ရာ အခမ်းအနားအောင်မြင်စွာကျင်းပနိုင်ရေးအတွက် ဝန်ကြီး ဌာနဘက်မှ ကူညီဆောင်ရွက်ပေးနိုင်မည့်အကြောင်းအရာများ၊ … Read more

  • မိုးကြိုးထိမှန်သေဆုံးသူအတွက် ထောက်ပံ့ငွေပေးအပ်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲ မှုဉီးစီးဌာန၊ တာချီလိတ်မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် တာချီလိတ်မြို့နယ်၊ ဖန်မင် ကျေးရွာအုပ်စု၊ ဝမ်ကောင်းမွန်ကျေးရွာ၌ (၃၀-၆-၂၀၂၀) ရက်နေ့၊ (၁၆:၄၅) နာရီအချိန်တွင် မိုးကြိုး ပစ်ခတ်မှုကြောင့် မိုးကြိုးထိမှန် သေဆုံးသူ (၁) ဦးအတွက် ထောက်ပံ့ငွေ (၃၀၀,၀၀၀/-) ကျပ်အား (၂-၇-၂၀၂၀) ရက်နေ့၊ (၁၅:၀၀) နာရီအချိန်တွင် သေဆုံးသူမိသားစုထံသို့ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်း ရရှိပါသည်။ #ha_tls #shn_Jul2020 Source: တာချီလိတ်မြို့နယ်ဦးစီးမှူးရုံး(ဘစမ)

  • မီးဘေးသင့်နေအိမ်များအတွက် ထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲ မှုဉီးစီးဌာန၊ မြိတ်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မြိတ်ခရိုင်၊ မြိတ်မြို့နယ်၊ မြိတ်တောင်ရပ်ကွက်၊ ထားဝယ်ကမ်း (၂) ရပ်၊ စိတ္တလမ်း၌ (၃၀-၆-၂၀၂၀) ရက်နေ့တွင် ဖြစ်ပွားခဲ့သော မီးဘေးကြောင့် ဘေးသင့် လုံးဝပျက်စီးနေအိမ် (၃) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၆၀၀,၀၀၀/-) ကျပ်၊ ကယ်ဆယ်ရေး ပစ္စည်း (၃) မျိုး (၃) အိမ်ထောင်စာနှင့် လူဦးရေ (၁၇) ဦးအတွက် ဆန်ရိက္ခာဖိုးငွေ (၇) ရက်စာ (၃၅,၇၀၀/-) ကျပ်တို့အား (၁-၇-၂၀၂၀) … Read more

Sign Up

Upcoming Events