ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး မြန်မာစီးပွားရေးလုပ်ငန်းရှင် အမျိုးသမီးများကွန်ယက်အဖွဲ့နှင့်တွေ့ဆုံ

ဇူလိုင် ၂ရက်၊နေပြည်တော်
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးသည် မြန်မာစီးပွားရေးလုပ်ငန်းရှင် အမျိုးသမီးများကွန်ယက် ဒုတိယ ဥက္ကဌဒေါက်တာစုလှဟန်အား ယနေ့မွန်းလွဲပိုင်းတွင် အဆိုပါဝန်ကြီးရုံးမေခလာခန်းမ၌ လက်ခံတွေ့ဆုံခဲ့ ပါသည်။
ထိုသို့တွေ့ဆုံရာတွင် မြန်မာနိုင်ငံက အဖွဲ့ဝင်အဖြစ်ပါဝင်သော အာဆီယံစီးပွားရေးလုပ်ငန်းရှင် အမျိုးသမီးများကွန်ယက် (ASEAN Women Entrepreneurs Network-ASESAN) ၏ ဥက္ကဌအဖြစ် မြန်မာ နိုင်ငံက အိမ်ရှင်နိုင်ငံအဖြစ် ထိုင်းနိုင်ငံမှ လွှဲပြောင်းယူမည့်အကြောင်း၊ အဆိုပါ လွှဲပြောင်းခြင်းအခမ်း အနားကို အွန်လိုင်းမှ ကျင်းပသွားမည်ဖြစ်ရာ အခမ်းအနားအောင်မြင်စွာကျင်းပနိုင်ရေးအတွက် ဝန်ကြီး ဌာနဘက်မှ ကူညီဆောင်ရွက်ပေးနိုင်မည့်အကြောင်းအရာများ၊ မြန်မာနိုင်ငံမှ အိမ်ရှင်အဖြစ် တာဝန်ယူ ဆောင်ရွက်နေစဉ်အချိန်အတွင်း အမျိုးသမီးလူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေး၊ ဒီဂျစ်တယ် နည်းပညာ လက်လှမ်းမီနိုင်ရေး၊ ကျေးလက်နေအမျိုးသမီးများအပါအဝင် အမျိုးသမီးများ အလုပ်အကိုင် အခွင့် အလမ်းများရရှိနိုင်ရေး၊ အဆိုပါလုပ်ငန်းများဆောင်ရွက်ရာတွင် မြန်မာနိုင်ငံ၏ ရေရှည်တည့်တံ့ ခိုင်မြဲပြီး ဟန်ချက်ညီသော ဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်း (MSDP) နှင့် COVID-19 စီးပွားရေး ထိခိုက်မှုသက်သာ ရေးစီမံချက် (CERP) များနှင့် ချိတ်ဆက်ဆောင်ရွက်နိုင်ရေးတို့နှင့် စပ်လျဉ်း၍ တွေ့ဆုံ ဆွေးနွေးခဲ့ကြ ပါသည်။

#hl1
#npw_jul2020
Source: MOSWRR

Sign Up

Upcoming Events