ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်တွင် မြေစာပုံပြိုကျမှုဖြစ်ပွား၊ ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်လျက်ရှိ၊ ထောက်ပံ့မှုလုပ်ငန်းများဆက်လက်ဆောင်ရွက်သွားမည်


ဇူလိုင်လ ၂ ရက်၊ နေပြည်တော်
ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ဆိပ်မူကျေးရွာအုပ်စု၊ ဝှေခါကျေးရွာ၌ (၂-၇-၂၀၂၀)နေ့၊ နံနက် (၀၈:၀၀) ချိန်ခန့်တွင် တစ်သုံးလုံး၊ ရတနာကြယ်၊ ကျောက်မျက်ရွှေကြည်၊ ရတနာဆန်းရွှင်၊ ဧရာရတနာ လုပ်ကွက်ဟောင်းနေရာများ၌ မိုးရွာသွန်းမှုကြောင့် ဝှေခါလုပ်ကွက်ရေကန်အတွင်းသို့ လခူးချောင် ကျေးရွာဘက်ခြမ်း အမြင့်ပေ (၁၅၀၀) ခန့်ရှိ လုပ်ကွက်ကမ်းပါးယံပြိုကျပြီး ရေလှိုင်းလုံးများ ဖြစ်ပေါ် ပုတ်ခတ်သဖြင့် ရေကန်တစ်ဖက်ခြမ်းလုပ်ကွက် ကမ်းပါးယံပေါ်၌ ရေမဆေးကျောက်ရှာဖွေ တူးဖော် နေသူများနွံလှိုင်း ရိုက်ခတ်နစ်မြုပ်မှုဖြစ်ပေါ်ခဲ့ပါသည်။ အဆိုပါ ဖြစ်စဉ်ဖြစ်ပွားသည့်နေရာသို့ မြို့နယ် အုပ်ချုပ်ရေးမှူးဦးဆောင်သည့် မြို့နယ်သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုအဖွဲ့ဝင်များ၊ လွှတ်တော်ကိုယ်စား လှယ်များ၊ မြို့နယ်ရဲတပ်ဖွဲ့၊ မြို့နယ်မီးသတ်တပ်ဖွဲ့၊ ကြက်ခြေနီတပ်ဖွဲ့၊ လူမှုကူညီအသင်းအဖွဲ့များ၊ ဝှေခါကျေးရွာပြည်သူများမှ နစ်မြုပ်သူများကို ရှာဖွေကယ်ဆယ်ခြင်း၊ ဒဏ်ရာရရှိသူများအား ဆေးရုံများ သို့ပို့ဆောင်ကုသခြင်းများနှင့် အခြားလိုအပ်သည်များ ပူပေါင်းညှိနှိုင်းဆောင်ရွက်ခဲ့ရာ (၁၅:၃၅) အချိန်ခန့် အထိ သေဆုံးသူရုပ်အလောင်း (၁၂၆) လောင်း ရှာဖွေတွေ့ရှိထားကြောင်းနှင့် ဒဏ်ရာရရှိသူ (၂၃)ဦး ရှိကြောင်း၊ ရှာဖွေကယ်ဆယ်မှုများ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း ကနဦးသိရှိပါသည်။
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာနအနေဖြင့်အဆိုပါဖြစ်စဉ်တွင် သေဆုံးသူများနှင့် ဒဏ်ရာရရှိသူများကို ထောက်ပံ့ကူ ညီသွားမည်ဖြစ်ပြီး သေဆုံးသူများမည်သူမည်ဝါဖြစ်ကြောင်းနှင့် ၎င်းတို့၏ မိသားစုဝင်များကို ဆက်သွယ်၊ စိစစ်ဆောင်ရွက်လျက်ရှိရာ အမြန်ဆုံးထောက်ပံ့သွားနိုင်ရေး ဌာနဆိုင်ရာများနှင့်အတူ ပူးပေါင်း ချိတ်ဆက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။

#ha_lsd
#kcn_Jul2020
Source: MOSWRR

Sign Up

Upcoming Events