ဇူလိုင် ၂ ရက်၊ နေပြည်တော်
COVID-19 ကာကွယ်၊ ထိန်းချုပ်၊ တုံ့ပြန်ရေးလုပ်ငန်းစဉ်များတွင် ပါဝင်ကူညီကြပြီး အမျိုးသား အဆင့်စေတနာ့ဝန်ထမ်းဦးဆောင်အဖွဲ့က အသိအမှတ်ပြု ဂုဏ်ပြုလွှာများပေးအပ်ခဲ့သည့် ရှမ်းပြည်နယ် အရှေ့ပိုင်းနှင့် ရှမ်းပြည်နယ်(တောင်ပိုင်း)တို့မှ စေတနာ့ဝန်ထမ်းများ၊ ပရဟိတအဖွဲ့၀င်များ၏ အတွေ့အကြုံ၊ အခက်အခဲများ၊ စိတ်ခံစားချက်များကို သိရှိနိုင်ရေး အမျိုးသားအဆင့် စေတနာ့ဝန်ထမ်း ဦးဆောင်အဖွဲ့ အတွင်းရေးမှူး၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက Video Conferencing ဖြင့် တွေ့ဆုံ ဆွေးနွေးခြင်းကို ယနေ့နံနက်ပိုင်းက ပြုလုပ်ခဲ့ပါသည်။
တွေ့ဆုံရာတွင် ပြည်ထောင်စုဝန်ကြီးက COVID 19 ကာကွယ်၊ ထိန်းချုပ်၊ တုံ့ပြန်ရေးလုပ်ငန်းစဉ် များတွင်ပါဝင်ကူညီကြသည့် စေတနာ့ဝန်ထမ်းများနှင့် ပရဟိတအဖွဲ့များအတွက် အသိအမှတ်ပြုဂုဏ်ပြု လွှာများပေးအပ်ခြင်းကို တိုင်းဒေသကြီး/ ပြည်နယ်များအလိုက်ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ COVID-19 ကာလတစ်လျှောက်လုံးတွင် ပြည်သူများမှစေတနာ့ဝန်ထမ်းအလုပ်များကို မည်သူ၏ တိုက်တွန်းမှု မပါဘဲမိမိအသိစိတ်ဖြင့် အားတက်သရော ပူးပေါင်းပါဝင်ခဲ့ကြသည်ကို တွေ့ရသဖြင့် အထူးပင် ဝမ်းမြောက်ပါကြောင်း၊မိမိတို့၏အချိန်၊လုပ်အားတို့ကိုပေးဆပ်ခဲ့ကြသူများကို နိုင်ငံတော် အနေဖြင့် ဂုဏ်ပြုလိုသည့်အတွက် စာရင်းများကောက်ယူဆောင်ရွက်ခဲ့ပြီး သင်တန်းများပေးခြင်း၊ လိုအပ် သည့် ပံ့ပိုးမှုများနှင့် အသိအမှတ်ပြုပေးခြင်းများ ဆောင်ရွက်လျက်ရှိပါကြောင်း၊ ကျန်ရှိနေခဲ့ကြသူများ ရှိပါကလည်း စာရင်းများပေးပို့စေလိုပါကြောင်း၊ ပြည်သူများနှင့်အတူ တိုင်းဒေသကြီး/ပြည်နယ်များရှိ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည် နေရာချထားရေးဝန်ကြီး ဌာနတို့က COVID-19 ရောဂါကာကွယ်၊ ကုသ၊ ထိန်းချုပ်၊ တုံ့ပြန်ရေးကို အဓိကတာဝန်ယူဆောင်ရွက် လျက်ရှိသည့် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန လုပ်ငန်းများကိုအတူပူးပေါင်း ကူညီဆောင်ရွက် ကြခြင်း ဖြစ်ပါကြောင်း၊ စေတနာ့ဝန်ထမ်းများကို ကိုယ်တိုင်ကိုယ်ကျရင်ထိုးတံဆိပ်များ၊ ဂုဏ်ပြုကဒ်များ ပေးအပ်လိုသော်လည်းအခြေအနေအရ တစ်ဦးချင်းမပေးအပ်နိုင်သဖြင့် သက်ဆိုင်ရာဒေသများရှိ တာဝန် ရှိသူ များထံရောက်အောင်သွားပြီး ပေးအပ်ဆောင်ရွက်လျက်ရှိပါကြောင်း၊ ယင်းသို့တစ်ဦးချင်း မတွေ့ဆုံ နိုင်ခဲ့သည့်အတွက် ယခုကဲ့သို့ စေတနာ့ဝန်ထမ်းများနှင့် Online တွေ့ဆုံဆွေးနွေးခြင်းများ ပြုလုပ် ရခြင်းဖြစ်ကြောင်း၊ အဓိကအားဖြင့်COVID-19ရောဂါကာကွယ်၊ ထိန်းချုပ်၊ကုသရေးနှင့် တုံ့ပြန်ရေး လုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်ခဲ့ကြသည့် စေတနာ့ဝန်ထမ်းများ၊ ပရဟိတအဖွဲ့၀င်များအနေဖြင့် လက်ရှိကြုံတွေ့နေရသည့် အခက်အခဲများရှေ့ဆက် ပူးပေါင်းဆောင်ရွက်လိုသည်များကို သိရှိလိုပါ ကြောင်း၊ ဝေးလံသည့်မိုင်းဆတ်၊ လင်းခေး၊မောက်မယ်၊ မိုင်းယောင်း၊မိုင်းပန်၊ တာချီလိတ် စသည့်ဒေသ များမှ စေတနာ့ဝန်ထမ်းများနှင့် Online ဖြင့် ဆွေးနွေးခွင့်ရရှိခြင်းမှာ အားသာချက်ဖြစ်ပါကြောင်း ပြောကြားပါသည်။
ဆက်လက်၍ ရှမ်းပြည်နယ်တောင်ပိုင်းနှင့် အရှေ့ပိုင်းရှိမြို့နယ်များမှ စေတနာ့ဝန်ထမ်းများနှင့် ပရဟိတအဖွဲ့၀င်များက ၎င်းတို့လုပ်ငန်းဆောင်ရွက်နေမှုများတွင် ပြည်ပမှ ပြန်လည်၀င်ရောက်လာ သူများအတွက် ဂိတ်များတွင် နှာခေါင်းစည်းများ ဖြန့်ဝေပေးနိုင်ရေးလိုအပ်မှု၊ ကျောင်းဖွင့်ချိန်တွင် ကလေး သူငယ်များအတွက် နှာခေါင်းစည်းနှင့် လက်သန့်ဆေးများလိုအပ်မှု၊ အသိပညာပေးစာစောင်နှင့် ပိုစတာများကို တိုင်းရင်းသားဘာသာစကားဖြင့် ဆောင်ရွက်ပေးစေလိုမှု၊ ပြည်ပမှ ပြန်လည်၀င်ရောက် လာသူများထားရှိရာ Quarantine Centreအချို့အတွက်အစားအစာ၊ ရေနှင့်အိမ်သာလိုအပ်မှု၊ အမျိုးသမီး များအတွက် တစ်ကိုယ်ရေသုံး ပစ္စည်းများထောက်ပံ့ပေးစေလိုမှု၊ ပိုးသတ်ဆေးဖြန်းပုံးများ ထောက်ပံ့ပေး စေလိုမှု၊မြို့ဝင်/ မြို့ထွက်ဂိတ်များတွင် တာဝန်ထမ်းဆောင်နေသည့် စေတနာ့ဝန်ထမ်းများ အတွက် အလေးထားဆောင်ရွက်ပေးစေလိုသည့် အချက်များကိုဆွေးနွေးတင်ပြခဲ့ကြပါသည်။
ဆွေးနွေးတင်ပြချက်များအပေါ် ပြည်ထောင်စုဝန်ကြီးက ပြန်လည်ပြောကြားရာတွင် ယနေ့ ဝေးလံသော ဒေသများမှစေတနာ့ဝန်ထမ်းများ၊ ပရဟိတအဖွဲ့ကိုယ်စားလှယ်များနှင့် တွေ့ဆုံဆွေးနွေး ရခြင်းသည် များစွာအကျိုးရှိပါကြောင်း၊ COVID-19 ရောဂါကာလပြီးဆုံး ခြင်းမရှိသေးသည့်အတွက် စေတနာ့ဝန်ထမ်းများနှင့်ပရဟိတအဖွဲ့၀င်များအနေဖြင့် ပြည်သူများအားထိရောက်သော ပညာပေးမှုများ၊ ပံ့ပိုးကူညီမှုများကို ပူးပေါင်းဆောင်ရွက်ပေးကြရန်၊ အားလုံးကအသိရှိသလို သတိထားနေထိုင်လုပ်ကိုင် ဆောင်ရွက်ကြရန် လိုအပ်ကြောင်းနှင့် မိမိတို့အနေဖြင့် စေတနာ့၀န်ထမ်းများ၊ ပရဟိတအဖွဲ့များနှင့် ပြည်သူများ၏ လိုအပ်ချက်များကိုသိရှိပြီး တာ၀န်ရှိသူအဆင့်ဆင့်နှင့် ညှိနှိုင်းပံ့ပိုးဆောင်ရွက်သွား မည်ဖြစ်ပါကြောင်းနှင့် အားလုံးကိုအထူးပင်ကျေးဇူးတင်ရှိပါကြောင်း ပြောကြားခဲ့ပါသည်။
#hl1
#npw_jul2020
Source: MOSWRR