Covid-19 ကူးစက်ရောဂါနှင့်ပတ်သက်၍ အသိပညာပေးခြင်းနှင့် မိုးကြိုးဘေး၊ မြေပြိုဘေးနှင့် ရေဘေးတို့နှင့် ပတ်သက်သည့် ဆောင်ရန်/ရှောင်ရန် အသိပညာပေးခြင်းများဆောင်ရွက်မှုသတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲ မှုဉီးစီးဌာန၊ တနင်္သာရီမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁-၇-၂၀၂၀) ရက်နေ့၊ (၁၃:၀၀) အချိန်မှ (၁၅:၃၀) နာရီအချိန်ထိ မြို့နယ် ပြန်ဆက်၊ မြို့နယ်ကြက်ခြေနီ အဖွဲ့တို့နှင့်အတူ တနင်္သာရီမြို့၊ ချောင်းကြီး ရပ်ကွက်နှင့် ချောင်းငယ်ရပ်ကွက်တို့တွင် Covid-19 ကူးစက်ရောဂါနှင့်ပတ်သက်၍ အသိပညာပေးခြင်း၊ မိုးကြိုးဘေး၊ မြေပြိုဘေး၊ ရေဘေးတို့နှင့် ပတ်သက်သည့် ဆောင်ရန်/ရှောင်ရန် အသိပညာပေးခြင်းတို့ကို ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။

#ar
#tny_Jul2020

Source: တနင်္သာရီမြို့နယ်ဦးစီးမှူးရုံး(ဘစမ)

Sign Up

Upcoming Events