Author Archives: Hlaing ChoOo
-
ပုသိမ်ခရိုင်၊ ကန်ကြီးထောင့် မြို့၊ အမှတ်(၃)ရပ်ကွက်၌ မီးဘေးကြောင့် ဒဏ်ရာရလူနာများအတွက် ထောက်ပံ့ငွေပေးအပ်မှုသတင်း
လူမှု၀န်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး၀န်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဧရာ၀တီတိုင်းဒေသကြီးဦးစီးမှူးရုံးနှင့် ပုသိမ်ခရိုင်ဦးစီးမှူးရုံးမှ တာ၀န်ရှိသူများသည် ပုသိမ်ခရိုင်၊ ကန်ကြီးထောင့် မြို့၊ အမှတ်(၃)ရပ်ကွက်၊ ကျန်စစ်သားလမ်း၊ မာလာကုန်းလမ်းဆုံအနီး၌ (၄-၁၁-၂၀၂၃)ရက်နေ့ (၁၉:၁၀) နာရီ အချိန်တွင် ဖြစ်ပွားခဲ့သော မီးဘေးကြောင့် ဒဏ်ရာရရှိသူ(၄)ဦးအနက် ပုသိမ်မြို့ပြည်သူ့ဆေးရုံကြီး၌ တက်ရောက်ဆေးကုသမှုခံယူလျက်ရှိသော ဒဏ်ရာရရှိသူ(၃)ဦးအတွက် (၁)ဦးလျှင် (၅၀,၀၀ဝ/-)ကျပ်ဖြင့် စုစုပေါင်းထောက်ပံ့ငွေ (၁၅၀,၀၀ဝ/-)ကျပ်တို့အား (၅-၁၁-၂၀၂၃)ရက်နေ့ (၁၇:၂၅)နာရီအချိန်၌ ပုသိမ်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့မှ တာ၀န် ရှိသူများနှင့်အတူ ပုသိမ်မြို့၊ ပြည်သူ့ဆေးရုံကြီးသို့သွားရောက်၍ ဘေးသင့်မိသားစု၀င်များလက်၀ယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံး၊ ပုသိမ်ခရိုင်ဦးစီးမှူးရုံး(ဘစမ) … Read more
-
အစ္စရေးနိုင်ငံမှ မြန်မာနိုင်ငံသား(၃)ဦး ပြန်လည်ရောက်ရှိမှုအား ကြိုဆိုပြီးစီးမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် အစ္စရေးနိုင်ငံ အတွင်း စစ်ဖြစ်ပွားမှုကြောင့် အခက်အခဲကြုံတွေ့နေရပြီး နေရပ်ပြန်မည့် မြန်မာနိုင်ငံသား (၃) ဦးအား (၁-၁၁-၂၀၂၃)ရက်နေ့၊ (၁၇:၁၅)နာရီအချိန်တွင် ဗန်ကောက်မှ ရန်ကုန်သို့ လေကြောင်း အမှတ်(8M-334)(MAI)ဖြင့် ရန်ကုန်အပြည်ပြည် ဆိုင်ရာလေဆိပ်သို့ ပြန်လည်ရောက်ရှိလာရာ လေဆိပ်လူဝင်မှုကြီးကြပ်ရေး၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ လေကြောင်း ရဲတပ်ဖွဲ့၊ လူကုန်တား ရဲတပ်ဖွဲ့၊ ကျန်းမာရေးအဖွဲ့၊ ရဲသတင်းတပ်ဖွဲ့၊ အထူးစုံစမ်းရေးအဖွဲ့၊ ပြန်လည်ထူထောင်ရေး ဦးစီးဌာနနှင့် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနတို့မှ ပူးပေါင်းကြိုဆိုခဲ့ပြီး အဆိုင် မြန်မာ နိုင်ငံသား(၃)ဦးအနက်မှ … Read more
-
အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာသင်တန်းကျောင်း(ပုသိမ်)၌ သဘာ၀ဘေးနှင့်ပတ်သက်၍ အသိ ပညာပေးဆွေးနွေးဟောပြောခြင်းများဆောင်ရွက်မှုသတင်း
လူမှု၀န်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး၀န်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပုသိမ်ခရိုင်ဦးစီးမှူးရုံးမှ တာ၀န်ရှိသူများသည် (၂၇-၉-၂၀၂၃)ရက်နေ့တွင် ပညာရေးနှင့် လေ့ကျင့်ရေးဦးစီးဌာန လက်အောက်ရှိ အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာသင်တန်းကျောင်း(ပုသိမ်)၌ သင်တန်းသူနှင့် ဆရာမ (၃၀) ဦးခန့်တို့အား ဦးစီးဌာန၏ ထောက်ပံ့ဆောင်ရွက်နေမှုများ သဘာ၀ဘေးနှင့်ပတ်သက်သော အသိပညာဗဟု သုတများ (မီးဘေး၊ ရေဘေး၊ လေဘေး၊ ငလျင်ဘေး၊ မိုးကြိုးဘေး၊ မြေပြိုဘေး၊ ဆူနာမီဘေး)၊ သဘာ၀ဘေး မဖြစ်မီ၊ ဖြစ်ဆဲ၊ ဖြစ်ပြီးနောက် ရှောင်ရန် /ဆောင်ရန်များအား (၁၀:၃၀)နာရီအချိန်မှ (၁၂:၁၅)နာရီအချိန်အထိ အသိပညာပေးဆွေးနွေးခဲ့ပြီး လက်ကမ်းစာစောင်များ ဝေငှပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ … Read more
-
ပေါင်မြို့နယ်၊ လက်ပံကျွန်းကျေးရွာအုပ်စု၊ ကုလားစုကျေးရွာ၌ ရေတိုက်စားပြီး ကမ်းပါးပြိုကျမှုကြောင့် ကြိုတင်ဖျက်သိမ်း ပြောင်းရွှေ့နေအိမ်များအတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ ပေါင်မြို့နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် ပေါင်မြို့နယ်၊ လက်ပံကျွန်းကျေးရွာအုပ်စု၊ ကုလားစုကျေးရွာ၌ (၂၅-၉-၂၀၂၃)ရက်နေ့ (၁၅:၀၀) နာရီအချိန်တွင် ရေတိုက်စားပြီး ကမ်းပါးပြိုကျမှု ကြောင့် ကြိုတင်ဖျက်သိမ်း ပြောင်းရွှေ့သည့် လူနေအိမ်(၅)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၅၀၀,၀၀၀/-)နှင့် လူဦးရေ(၂၂)ဦးအတွက် (၇)ရက်စာ ဆန်ရိက္ခာဖိုးငွေ(၄၆,၂၀၀/-) စုစုပေါင်း ထောက်ပံ့ငွေ (၅၄၆,၂၀၀/-)ကျပ်တို့အား(၂၇-၉-၂၀၂၃)ရက်နေ့(၁၃:၀၀)နာရီအချိန်တွင် ဘေးသင့်ပြည်သူများလက်ဝယ် အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: ပေါင်မြို့နယ်ဦးစီးမှူးရုံး(ဘစမ) #ha_rbe #mon_sep2023
-
ပေါင်မြို့နယ်၊ ကျုံကကျေးရွာအုပ်စု၊ ပိတောက်ကုန်းကျေးရွာမှ လေဘေးသင့်နေအိမ်အတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ ပေါင်မြို့နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် ပေါင်မြို့နယ်၊ ကျုံကကျေးရွာအုပ်စု၊ ပိတောက်ကုန်းကျေးရွာ၌ (၁၆-၉-၂၀၂၃)ရက်နေ့ (၀၀:၁၀)နာရီအချိန်၌ မိုးသည်းထန်စွာရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် အမိုးလန် ပျက်စီးခဲ့သည့် လူနေအိမ်(၁)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၅၀,၀၀၀/-)နှင့် လူဦးရေ (၂)ဦးအတွက် (၇)ရက်စာ ဆန်ရိက္ခာဖိုးငွေ(၄,၂၀၀/-)၊ စုစုပေါင်း ထောက်ပံ့ငွေ (၅၄,၂၀၀/-) ကျပ်တို့အား (၁၈-၉-၂၀၂၃)ရက်နေ့ (၁၄:၂၀)နာရီအချိန် တွင် ဘေးသင့်ပြည်သူများလက်ဝယ်ရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: ပေါင်မြို့နယ်ဦးစီးမှူးရုံး(ဘစမ) #ha_sgw #mon_sep2023
-
ပေါင်မြို့နယ်၊ ရွာတန်းရှည်ကျေးရွာအုပ်စု၌ မိုးသည်းထန်စွာရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် ဘေးသင့် အမိုးလန်နေအိမ်များအတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပေါင်မြို့နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် ပေါင်မြို့နယ်၊ ရွာတန်းရှည်ကျေးရွာအုပ်စု၌ (၁၃-၉-၂၀၂၃)ရက်နေ့ (၁၂:၃၀)နာရီအချိန်တွင် မိုးသည်းထန်စွာရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် အမိုးလန်လူနေအိမ် (၂)လုံး အတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ(၁၀၀,၀၀၀/-)နှင့် လူဦးရေ(၅)ဦးတို့အတွက် (၇) ရက်စာ ဆန်ရိက္ခာဖိုး ငွေ (၁၀,၅၀၀/-) စုစုပေါင်း ထောက်ပံ့ငွေ (၁၁၀,၅၀၀/-)ကျပ်တို့အား (၁၄-၉-၂၀၂၃) ရက်နေ့ (၁၂:၃၀) နာရီ အချိန်တွင် ဘေးသင့်ပြည်သူများလက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: ပေါင်မြို့နယ်ဦးစီးမှူးရုံး(ဘစမ) #ha_sgw #mon_sep2023
-
ဟင်္သာတမြို့နယ်အတွင်း၌ ကမ်းပြိုဘေးကြောင့် ကြိုတင်ရွှေ့ပြောင်း ဘုန်းတော်ကြီးကျောင်းနှင့် နေအိမ်များအတွက် ထောက်ပံ့မှုလုပ်ငန်းများဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဟင်္သာတမြို့နယ်အတွင်း ဖြစ်ပွားခဲ့သော ကမ်းပြိုဘေးကြောင့် အိပ်ပျက်အုပ်စု၊ ငှက်ပျောတောကျေးရွာ၌ ကြိုတင်ရွှေ့ပြောင်းခဲ့ရသော မင်္ဂလာရန်အောင် ဘုန်းတော်ကြီးကျောင်း အတွက် ကယ်ဆယ်ရေးရန်ပုံငွေ (၁၀၀,၀၀၀/-)ကျပ်အား (၄-၉-၂၀၂၃) ရက်နေ့ (၁၀:၁၅)နာရီအချိန်တွင် လည်း ကောင်း၊ အိပ်ပျက်အုပ်စု၊ ဖောင်ဆိပ်ကျေးရွာနှင့် တာငုတ်ကျေးရွာတို့၌ (၃၁-၈-၂၀၂၃) ရက်နေ့မှ (၄-၉-၂၀၂၃) ရက် နေ့အတွင်း ဖြစ်ပွားခဲ့သော ကမ်းပြိုဘေးကြောင့် ကြိုတင်ရွှေ့ပြောင်း အိမ်ခြေ (၂၆)လုံးအတွက် အိမ်ဆောက် ပစ္စည်းဖိုးထောက်ပံ့ငွေ (၂၆၀၀,၀၀၀/-)၊ စုစုပေါင်း လူဦးရေ … Read more
-
သဘာဝဘေးအန္တရာယ်များနှင့်ပတ်သက်၍ အသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ တနင်္သာရီတိုင်းဒေသကြီဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၄-၉-၂၀၂၃) ရက်နေ့၊ (၁၃:၀၀) နာရီအချိန်တွင် ထားဝယ်ခရိုင်၊ ထားဝယ်မြို့နယ်ရှိ အထက (၁) အထက်တန်း ကျောင်းတွင် ကျောင်းသား/သူ (၅၀၀) ဦးခန့်အား သဘာဝဘေးအန္တရာယ်များနှင့်ပတ်သက်၍ အသိပညာပေးဟောပြောပွဲဆောင်ရွက်ခြင်း၊ သဘာဝဘေးအသိပညာပေး လက်ကမ်းစာစောင် များနှင့် ဗွီနိုင်းပိုစတာ ဖြန့်ဝေခြင်းများ ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးရုံး(ဘစမ) #ar #tny_sep2023
-
မအူပင်မြို့နယ်၊ ကျွဲဒုံးကျေးရွာအုပ်စု၊ ကျွဲသောင်ကျေးရွာမှ ကမ်းပြိုဘေးကြောင့် ပြိုကျနေအိမ်များ အတွက် ထောက်ပံ့မှုသတင်း
လူမှု၀န်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး၀န်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ မအူပင်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင် မြို့နယ်၊ ကျွဲဒုံးကျေးရွာအုပ်စု၊ ကျွဲသောင်ကျေးရွာ၌ (၃၀-၈-၂၀၂၃) ရက်နေ့တွင် ဖြစ်ပွားခဲ့သော ကမ်းပြို ဘေးကြောင့် ပြိုကျနေအိမ် (၈)လုံး၊ အိမ်ထောင်စု (၈)စုမှ လူဦးရေ (၃၆)ဦးအတွက် ဆန်ရိက္ခာဖိုးငွေ (၇) ရက်စာ (၇၅,၆၀ဝ/-)၊ အိမ်ဆောက်ပစ္စည်းဖိုး ထောက်ပံ့ငွေ (၈၀၀,၀၀ဝ/-)၊ စုစုပေါင်း ထောက်ပံ့ငွေ (၈၇၅,၆၀ဝ/-)ကျပ်တို့အား (၃၀-၈-၂၀၂၃)ရက်နေ့၊ (၁၆:၀၀)နာရီအချိန်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင် (၁)၊မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးရုံးမှ တာ၀န်ရှိသူများနှင့်အတူ … Read more
-
ဆိုင်ကလုန်းမုန်တိုင်း “မိုခါ (MOCHA)” ပြန်လည်ထူထောင်ရေးနှင့် ထောက်ပံ့ရေးလုပ်ငန်း များနှင့်စပ်လျဉ်း၍ (၁၄-၈-၂၀၂၃)နေ့၊ (၁၈:၀၀) နာရီအချိန်ထိ အချက်အလက်များအရ တိုင်းဒေသကြီး/ ပြည်နယ်အလိုက် ဆောင်ရွက်ခဲ့မှုအခြေအနေ
ဆိုင်ကလုန်းမုန်တိုင်း “မိုခါ (MOCHA)” ပြန်လည်ထူထောင်ရေးနှင့် ထောက်ပံ့ရေးလုပ်ငန်း များနှင့်စပ်လျဉ်း၍ (၁၄-၈-၂၀၂၃)နေ့၊ (၁၈:၀၀) နာရီအချိန်ထိ အချက်အလက်များအရ တိုင်းဒေ သကြီး/ ပြည်နယ်အလိုက် ဆောင်ရွက်ခဲ့မှုအခြေအနေများမှာ အောက်ပါအတိုင်းဖြစ်ပါသည်- မိုဘိုင်းဆက်သွယ်ရေးရရှိမှုအခြေအနေဖြင့် ရခိုင်ပြည်နယ်တွင် မိုဘိုင်းဆက်သွယ်ရေးတာဝါတိုင် များ ပြင်ဆင်ပြီးဖြစ်၍ (၁၀၀%) ဆက်သွယ်ရရှိပြီဖြစ်ပါသည်။ စိမ်းလန်းစိုပြေရေးစီမံချက်အရ သစ်ပင်စိုက်ပျိုးမှုအနေဖြင့် (၂၀၄,၂၀၀)ပင် စိုက်ပျိုးရန်လျာ ထားပြီး (၁၂၆,၂၆၉)ပင် စိုက်ပျိုးပြီးဖြစ်ပါသည်။ ပျိုးပင်များ ထောက်ပံ့မှုအနေဖြင့် စစ်တွေသို့ ရောက်ရှိပြီး ပျိုးပင်ပေါင်း (၁၇၆,၄၀၂) ပင်နှင့် အုန်းပျိုးပင် (၇၁.၆၀) ဧကကို စိုက်ပျိုးပြီးစီးပြီးဖြစ်ပါသည်။ … Read more
