ဆိုင်ကလုန်းမုန်တိုင်း “မိုခါ (MOCHA)” ပြန်လည်ထူထောင်ရေးနှင့် ထောက်ပံ့ရေးလုပ်ငန်း များနှင့်စပ်လျဉ်း၍ (၁၄-၈-၂၀၂၃)နေ့၊ (၁၈:၀၀) နာရီအချိန်ထိ အချက်အလက်များအရ တိုင်းဒေသကြီး/ ပြည်နယ်အလိုက် ဆောင်ရွက်ခဲ့မှုအခြေအနေ

ဆိုင်ကလုန်းမုန်တိုင်း “မိုခါ (MOCHA)” ပြန်လည်ထူထောင်ရေးနှင့် ထောက်ပံ့ရေးလုပ်ငန်း များနှင့်စပ်လျဉ်း၍ (၁၄-၈-၂၀၂၃)နေ့၊ (၁၈:၀၀) နာရီအချိန်ထိ အချက်အလက်များအရ တိုင်းဒေ သကြီး/ ပြည်နယ်အလိုက် ဆောင်ရွက်ခဲ့မှုအခြေအနေများမှာ အောက်ပါအတိုင်းဖြစ်ပါသည်-
မိုဘိုင်းဆက်သွယ်ရေးရရှိမှုအခြေအနေဖြင့် ရခိုင်ပြည်နယ်တွင် မိုဘိုင်းဆက်သွယ်ရေးတာဝါတိုင် များ ပြင်ဆင်ပြီးဖြစ်၍ (၁၀၀%) ဆက်သွယ်ရရှိပြီဖြစ်ပါသည်။
စိမ်းလန်းစိုပြေရေးစီမံချက်အရ သစ်ပင်စိုက်ပျိုးမှုအနေဖြင့် (၂၀၄,၂၀၀)ပင် စိုက်ပျိုးရန်လျာ ထားပြီး (၁၂၆,၂၆၉)ပင် စိုက်ပျိုးပြီးဖြစ်ပါသည်။
ပျိုးပင်များ ထောက်ပံ့မှုအနေဖြင့် စစ်တွေသို့ ရောက်ရှိပြီး ပျိုးပင်ပေါင်း (၁၇၆,၄၀၂) ပင်နှင့် အုန်းပျိုးပင် (၇၁.၆၀) ဧကကို စိုက်ပျိုးပြီးစီးပြီးဖြစ်ပါသည်။
ရပ်ရွာသန့်ရှင်းရေးဆောင်ရွက်မှုအနေဖြင့် ရဲတပ်ဖွဲ့ဝင် အင်အား(၁,၆၈၂)ဦးနှင့် မီးသတ် တပ်ဖွဲ့ဝင်အင်အား (၄၂၀) ဦးတို့ဖြင့် ဆောင်ရွက်လျက်ရှိပါသည်။
ရခိုင်ပြည်နယ်တွင် ကျန်းမာရေးစောင့်ရှောက်မှုကဏ္ဍအနေဖြင့် မြို့နယ်ပြည်သူ့ ဆေးရုံ/ တိုက်နယ် ဆေးရုံများတွင် ပြင်ပလူနာ(၅၄,၁၂၂)ဦး၊ ဆေးရုံတက်လူနာ (၃၆,၂၇၅)ဦးနှင့် နေ့စဉ် ပျမ်းမျှအတွင်းလူနာ (၁,၄၀၀) ကျော်တို့ကို ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေး လျက်ရှိပါသည်။
ရခိုင်ပြည်နယ်တွင် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းဆောင်ရွက်မှုအနေဖြင့် ကိုယ်ဝန်ဆောင် စောင့်ရှောက်မှု(၂၄,၄၄၇)ဦး၊ အခြားကျန်းမာရေးစောင့်ရှောက်မှု (၂၆၂,၂၀၀)ဦး၊ ရေသန့် ဆေးပြား ဖြန့်ဝေမှု (၃၉၉,၀၁၅) လုံး၊ ရေတွင်း/ ရေကန်သန့်စင်ခြင်း (၇,၁၈၀) ကန်၊ ကျန်းမာရေး အသိပညာပေးခြင်း (၂၆,၉၆၂)ကြိမ်နှင့် ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံမှု (၁၈၈,၀၉၉၉) ဦးတို့ အား ကျန်းမာရေး စောင့်ရှောက်မှုများ ဆောင်ရွက်ခဲ့ပါသည်။
သောက်သုံးရေဖြန့်ဝေထားရှိမှုအနေဖြင့် ရခိုင်ပြည်နယ်တွင် ရေသန့်စင်ကား(၂)စီး၊ Mobile Solar စနစ် (၂၀)စုံ၊ ရေသန့်စင်ပုံး Life-Straw (၄၁၀) ပုံးတို့ဖြင့် တစ်နေ့တာရေပေးဝေသည့် ဂါလံ (၅၃၂) ဖြင့် ရေပေးဝေလျက်ရှိပြီး စုစုပေါင်းရေပေးဝေခဲ့သည့် ဂါလံမှာ (၁,၇၇၈,၃၀၆)ဂါလံ ရှိပါသည်။
ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများအနေဖြင့် စီမံကိန်းလုပ်ငန်းစဉ်များအနက် စီမံကိန်း မိတ်ဆက်ရှင်းလင်းခြင်း၊ ကော်မတီဖွဲ့စည်းခြင်းတို့ကို ကျေးရွာ (၁၀၁) ရွာတွင် ဆောင်ရွက် လျက်ရှိပြီး ရန်ပုံငွေကျပ် (၁,၅၃၀) သန်းဖြင့် ကျေးရွာ (၁၀၂) ရွာတွင် ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများဆောင်ရွက်သွားမည်ဖြစ်ကာ စီမံကိန်းလုပ်ငန်းစဉ်အရ သင်တန်းပို့ချခြင်းကို ကျေးရွာ (၁၀၁) ရွာတွင် ဆောင်ရွက်ပြီးဖြစ်ပါသည်။
ကျေးရွာစီးပွားမြင့်မားရေး ရန်ပုံငွေ ထူထောင်၍ ၂၀၂၃-၂၀၂၄ တွင် စုစုပေါင်းကျေးရွာ (၆) ရွာရွေးချယ်အတည်ပြု၍ စီမံကိန်းလုပ်ငန်းစဉ်များ အကောင်အထည်ဖော်ဆောင်ရွက် လျက်ရှိပြီး သာယာကုန်း(ကမန်) ကျေးရွာတွင် မတည်ရန်ပုံငွေ ကျပ်သိန်း (၃၀၀) လွှဲပြောင်းပြီးဖြစ်ပါသည်။
မြစိမ်းရောင် ကျေးရွာစီမံကိန်းကို ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်အတွင်း ကျေးရွာ(၁၀)ရွာ၌ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပြီး ကျေးရွာ(၉)ရွာရှိ အိမ်ထောင်စု (၅၃၇) စုအတွက် အရင်းအနှီးအဖြစ် ငွေကျပ် (၂၁၇) သန်းကို ထုတ်ချေးပြီးစီးခဲ့ပါသည်။ ကျန်ရှိနေသည့် ကျေးရွာ (၁) ရွာသည် ချေးငွေလျှောက်လွှာခေါ်ယူပြီးဖြစ်ပါသည်။
ရေငန်တားတာ(၇)ခုနှင့် မြေသားရေကန်(၂၃၃)ကန်တို့အား ပြင်ဆင်ခြင်း (၁၀၀%)ပြီးစီးပြီး ဖြစ်ပါသည်။
လျှပ်စစ်ဓာတ်အားပြန်လည်အသုံးပြုနိုင်မှုအခြေအနေနှင့်စပ်လျဉ်း၍ ရခိုင်ပြည်နယ်ရှိ စစ်တွေ၊ ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ ရသေ့တောင်နှင့် ပေါက်တောမြို့နယ်များရှိ မြို့ပေါ်ရပ်ကွက် များတွင် လျှပ်စစ်မီး အသုံးပြုနိုင်ပြီးဖြစ်ပါသည်။ မြေပုံ၊ ကျောက်ဖြူ၊ ရမ်းဗြဲ၊ မာန်အောင်၊ သံတွဲ၊ တောင်ကုတ်၊ ဂွ၊ မအီ၊ မြောက်ဦး၊ မင်းပြား၊ ဘူးသီးတောင်နှင့် မောင်တောမြို့နယ်တို့တွင် တစ်မြို့နယ်လုံး အတိုင်းအတာဖြင့် လျှပ်စစ်မီး ရရှိသုံးစွဲနေပြီဖြစ်ပါသည်။
မိုးစပါးထွန်ယက်ပြီးစီးမှုအနေဖြင့် ထွန်စက်ကြီး (၈၀)စီးဖြင့် စိုက်ပျိုးမြေဧက (၁၉,၉၂၉) ဧကကို ထွန်ယက်စိုက်ပျိုးနိုင်ခဲ့ပါသည်။
တိရစ္ဆာန်ကာကွယ်ဆေးထိုးနှံမှုအနေဖြင့် ကျွဲ/ နွား အကောင်ရေ (၁၀,၁၉၂) ကောင်၊ ဝက် (၁၉၆) ကောင်နှင့် ကြက် (၁,၄၀၀) ကောင်တို့ကို ထိုးနှံပေးနိုင်ခဲ့ပါသည်။
မျိုးစပါးစိုက်ပျိုးပြီးစီးမှုအနေဖြင့် လျာထားစိုက်ဧက (၁,၀၀၂,၀၀၄)၊ မြေပြင်ပြီးဧက (၁,၀၀၀,၄၃၅) (၉၉.၈၄%)၊ ပျိုးထောင်ပြီးဧက (၄၄၃,၀၁၅)၊ စိုက်ပျိုးပြီးဧက (၈၅၇,၃၀၂) (၈၅.၅၆%)နှင့် ဓာတ်မြေဩဇာဖြန့်ဖြူးမှု (၇၂,၂၀၆) အိတ်တို့ကို ဖြန့်ဖြူးခဲ့ပြီးဖြစ်ပါသည်။
မုန်တိုင်းကြောင့် ထိခိုက်ခဲ့ရသော အဆောက်အဦပြင်ဆင်ဆောင်ရွက်ပြီးစီးမှုအနေဖြင့် ရခိုင် ပြည်နယ်တွင် ကျန်းမာရေးကဏ္ဍအတွက် ၉၄%နှင့် ပညာရေးကဏ္ဍတို့အတွက် အခြေခံပညာ အဆင့်ကျောင်းများ ပြင်ဆင်မှုအနေဖြင့် ၉၅%၊ အဆင့်မြင့်ပညာအဆင့် ကျောင်းများ ပြင်ဆင်မှုအနေဖြင့် ၉၅ % ဆောင်ရွက်ပြီးစီးခဲ့ပါသည်။
ကယ်ဆယ်ထောက်ပံ့ရေးပစ္စည်းများအနေဖြင့် ရခိုင်ပြည်နယ်တွင် တာပေါ်လင်(၃,၅၃၀) လိပ်၊ (၁,၂၅၃)ထုပ်၊ (၂၃၇) စ၊ မိုးကာတဲ(၄,၈၀၆)လုံး၊ သွပ် (၆၄၁,၇၂၈)ချပ်၊ သွပ်သံ (၆၄.၀၆၀)တန်၊ အိမ်ရိုက်သံ (၇၆.၉၆၆)တန်၊ ခေါက်ဆွဲခြောက် (၃၅၉,၇၅၃) ထုပ်/ (၅၀၉)ကီလို/ (၇,၆၁၁)ဖာ၊ ဆန် (၁၉၈,၄၀၇)အိတ်၊ (၆၀၁.၄၆၇)တန်၊ ခေါင်အုပ် (၁၂,၀၆၀) ပေနှင့် သစ်ခွဲသား/ ပင်ကျပ်တိုင် (၃,၅၆၆.၂၆၁၄)တန် စစ်တွေမြို့သို့ရောက်ရှိပြီးဖြစ်ကာ ရန်ကုန်တွင် (၇၂.၉)တန်တို့ကို အသင့်ပြင်ဆင်ထားရှိပြီး ချင်းပြည်နယ်သို့ ဆန် (၁,၁၂၀)အိတ် ပို့ဆောင်ထားပြီးဖြစ်ပါသည်။

Sign Up

Upcoming Events