Author Archives: Hlaing ChoOo

  • မြဝတီမြို့၊ အမှတ် (၂) ရပ်ကွက်၌ ဖြစ်ပွားသော မီဘေးအတွက် ထောက်ပံ့ပေးအပ်မှုသတင်း

    ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ မြဝတီခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မြဝတီမြို့၊ အမှတ် (၂) ရပ်ကွက်၌ (၁၃-၂-၂၀၁၇) ရက်နေ့တွင် ဖြစ်ပွားသော မီးဘေးကြောင့် အိမ်ခြေ (၅) အိမ်၊ အိမ်ထောင်စု (၁၂) စုမှ ကျား (၂၃) ဦး၊ မ (၃၃) ဦး၊ စုစုပေါင်း (၅၆) ဦး မီးဘေးဒုက္ခခံစားခဲ့ရပြီး အဆိုပါ မီးဘေးသင့်ပြည်သူများအတွက် ကယ်ဆယ်ရေးပစ္စည်း (၉) မျိုး၊ (၁၂) အိမ်ထောင်စာနှင့် Family Kit (၁၂) အိမ်ထောင်စုစာတို့အား ချက်ချင်းထောက်ပံ့ပေးအပ်ခဲ့ပြီး အိမ်ဆောက် … Read more

  • ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ကျောက်ကြီးမြို့နယ်၊ ပဲခူးရပ်ကွက်၌ မီးဘေးထောက်ပံ့မှုသတင်း

    ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ကျောက်ကြီးမြို့နယ်၊ ပဲခူးရပ်ကွက်တွင် (၁၀-၂-၂၀၁၇) ရက်နေ့၌ ဖြစ်ပွားသော မီးဘေးသင့် အိမ် (၂) လုံးအတွက် ကယ်ဆယ်ရေးပစ္စည်း (၉) မျိုး၊ အိမ်ဆောက်ပစ္စည်းဖိုးငွေ (၂၀၀,၀၀၀)၊ လူဦးရေ (၉) ဦးအတွက် ဆန်ရိက္ခာဖိုးငွေ (၈,၁၀၀) နှင့် Family Kit (၂) ပုံးတို့အား (၁၃-၂-၂၀၁၇) ရက်နေ့တွင် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source:            ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံး (ကဆရ)

  • မြောက်ဦးမြို့နယ်၊ မြက်ရိတ်ကျွန်းကျေးရွာအုပ်စု၊ ရွှေထွန်းဖြူကျေးရွာတွင် သဘာဝဘေးအသိပညာပေး ဟောပြောပွဲ ကျင်းပပြုလုပ်မှုသတင်း

    ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ မြောက်ဦးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၃-၂-၂၀၁၇) ရက်နေ့၊ (၁၃:ဝ၀) အချိန်မှ ((၁၅:ဝ၀) နာရီအချိန်ထိ မြောက်ဦးမြို့နယ်၊ မြက်ရိတ်ကျွန်းကျေးရွာအုပ်စု၊ ရွှေထွန်းဖြူကျေးရွာ၊ အ.မ.က ရွှေဖြူကျွန်းစာသင်ကျောင်း၌ ကျေးရွာသူ/သား (၅၅) ဦးနှင့် ကျောင်းသား/ ကျောင်းသူ (၆၄) ဦး၊ စုစုပေါင်း (၁၁၉) တို့အား သဘာဝဘေးအသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်ခြင်း၊ DAN Mobile Application အသုံးပြုနည်းများအား ရှင်းလင်းပြောကြားခြင်း၊ လက်ကမ်းစာစောင်များနှင့် နံရံကပ်ပိုစတာများဖြန့်ဝေပေးခြင်းနှင့် အအေးဘူးများဝေငှပေးခြင်းများဆောင်ရွက်ခဲ့ပါသည်။ အဆိုပါ ဟောပြောပွဲတွင် မီးသတ်ဦးစီးဌာနမှလည်း မီဘေးအန္တရာယ်နှင့်ပတ်သက်သည့်အကြောင်းအရာများအား ဆွေးနွေးဟောပြောခဲ့ကြောင်း သတင်းရရှိပါသည်။ Source:            … Read more

  • သဘာဝဘေးအန္တရာယ် အသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်မှုသတင်း

    ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ လပွတ္တာခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၀-၂-၂၀၁၇) ရက်နေ့၊ နံနက် (၀၉:ဝ၀) အချိန်တွင် လပွတ္တာခရိုင်၊ လပွတ္တာမြို့နယ်၊ ဆားကျင်းကျေးရွာအုပ်စု၊ ဆားကျင်းကျေးရွာ၌  ကျေးရွာနေပြည်သူ (၁၈၀) ဦးတို့အား သဘာဝဘေးအန္တရာယ် အသိပညာပေးဟောပြောပွဲပြုလုပ်ခြင်း၊ DAN Mobile Application အသုံးပြုနည်းများအား ရှင်းလင်းပြောကြားခြင်းနှင့် လက်ကမ်းစာစောင်များဖြန့်ဝေပေးခြင်းများ ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source:            လပွတ္တာခရိုင်ဦးစီးမှူးရုံး (ကဆရ)

  • သဘာဝဘေးအသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်ခြင်းနှင့် သဘာဝဘေးပညာပေးလက်ကမ်းစာစောင်များ ထည့်သွင်း ထားသော DAN Mobile Application အသုံးပြုပုံနည်းလမ်းများအား ရှင်းလင်းပြောကြားမှုသတင်း

    ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ တာဝန် ရှိသူများသည် (၂၇-၁-၂၀၁၇) ရက်နေ့တွင် ပခုက္ကူခရိုင်၊ ပခုက္ကူမြို့နယ်၊ တင်းဂါတ်ကျေးရွာအုပ်စု၊ တင်းဂါတ်ကျေးရွာ၌ သဘာဝဘေးအသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ပြီး လက်ကမ်းစာစောင်များဝေဌခြင်းနှင့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၏ ရက် (၁၀၀) အလွန် ဆောင်ရွက်မည့် စီမံကိန်းများတွင် တစ်ခုအပါအဝင်ဖြစ်သည့် သဘာဝဘေးနှင့် စပ်လျဉ်းသည့် ပုံမှန်သတင်းများနှင့် အရေးကြီးသတင်းများ၊ မိုးလေဝသသတင်းများနှင့် မြန်မာနိုင်ငံအတွင်း သဘာဝဘေးအန္တရာယ် လျော့ပါးရေး ဆောင်ရွက်ချက်သတင်းများကို အချိန်နှင့် တပြေးညီပေးပို့ခြင်း၊ ဖြစ်ပေါ်လာနိုင်သည့် ဘေးအန္တရာယ်နှင့်စပ်လျဉ်းသည့် ကြိုတင်သတိပေး Message … Read more

  • ရှမ်းပြည်နယ်(မြောက်ပိုင်း) သီပေါမြို့အတွင်းတွင် သဘာဝဘေးပညာပေးလက်ကမ်းစာစောင်များထည့်သွင်း ထားသော DAN Mobile Application အသုံးပြုပုံနည်းလမ်းများအား ရှင်းလင်းပြောကြားမှုသတင်း

    ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ကျောက်မဲခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၅-၁-၂၀၁၇) ရက်နေ့တွင်  ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ သီပေါမြို့နယ်အတွင်းရှိ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့် မိုဘိုင်းဖုန်းဆိုင်များတွင် သဘာဝဘေးနှင့်စပ်လျဉ်းသည့် ပုံမှန်သတင်းများနှင့်အရေးကြီး သတင်းများ၊ မိုးလေဝသသတင်းများနှင့် မြန်မာနိုင်ငံအတွင်းသဘာဝဘေးအန္တရာယ်လျော့ပါးရေးဆောင်ရွက် ချက်သတင်းများကို အချိန်နှင့်တစ်ပြေးညီပေးပို့ခြင်း၊ ဖြစ်ပေါ်လာနိုင်သည့် ဘေးအန္တရာယ်နှင့်စပ်လျဉ်းသည့် ကြိုတင်သတိပေး Message ပေးပို့သည့်နည်းစနစ်၊ အရေးကြီးဖုန်းနံပါတ်များနှင့် သဘာဝဘေးပညာပေး လက်ကမ်းစာစောင်များထည့်သွင်းထားသော DAN Mobile Application အသုံးပြုပုံ/အသုံးပြုနည်းများအား ရှင်းလင်းပြောကြားခြင်းနှင့် DAN Mobile Application Sticker များအား ဖြန့်ဝေခြင်းလုပ်ငန်းများဆောင်ရွက်ခဲ့ ကြောင်း သတင်းရရှိပါသည်။ Source:            ကျောက်မဲခရိုင်ဦးစီးမှူးရုံး … Read more

  • ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့၊ သပြေကုန်းရပ်ကွက်၌ မီးဘေးထောက်ပံ့မှုသတင်း

    ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ မောင်တောခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများ သည် ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့၊ သပြေကုန်းရပ်ကွက်၌ (၂၂-၁-၂၀၁၇ ) ရက်နေ့တွင် ဖြစ်ပွားသော မီးဘေးသင့်အိမ်ထောင်စု (၁) စုမှ လူဦးရေ (၆) ဦးအတွက် ကယ်ဆယ်ရေးပစ္စည်း (၉) မျိုးအား (၂၇-၁-၂၀၁၇) ရက်နေ့တွင် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source:            မောင်တောခရိုင်ဦးစီးမှူးရုံး (ကဆရ)

Sign Up

Upcoming Events