ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ မြိတ်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၆-၁-၂၀၁၇) ရက်နေ့တွင် မြိတ်မြို့နယ်၊ မဇောကျေးရွာအုပ်စု၊ ခုံမော်အရှေ့ကမ်းကျေးရွာတွင် သဘာဝ ဘေးအန္တရာယ်နှင့်ပတ်သက်သည့် အကြောင်းအရာများအား ဆွေးနွေးဟောပြောခြင်းနှင့် ဆောင်ရန် /ရှောင်ရန်များအား ဟောပြောခဲ့ပြီး လက်ကမ်းစာစောင်များ၊ နံရံကပ်ပိုစတာများ၊ ဆပ်ပြာမှုန့်ထုပ်များနှင့် မုန့်ထုပ်များအား ဝေငှပေးခဲ့ပါသည်။ အဆိုပါ ဟောပြောဆွေးနွေးပွဲသို့ တက်ရောက်သူ ဦးရေ (၁၀၀) ဦးခန့်ရှိကြောင်း သတင်းရရှိပါသည်။
Source: မြိတ်ခရိုင်ဦးစီးမှူးရုံး (ကဆရ)