Author Archives: Hlaing ChoOo
-
ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေးအား ဗြိတိသျှသံရုံး၊ Department for International Development မှ Dr. Ben Powis နှင့် အဖွဲ့မှ လာရောက်တွေ့ဆုံမှုသတင်း
နေပြည်တော် ၊ ဖေဖော်ဝါရီ (၁၆)လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ၊ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးအား (၁၆-၂-၂၀၁၇) ရက်နေ့၊ နံနက် (၉) နာရီအချိန်တွင် ဗြိတိသျှသံရုံး၊ Department for International Development မှ Dr. Ben Powis နှင့်အဖွဲ့က အဆိုပါ ဝန်ကြီးရုံးမေခလာခန်းမ၌ လာရောက်တွေ့ဆုံပါသည်။ ထိုသို့တွေ့ဆုံရာတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ ရေးဆွဲထားခဲ့သော အမျိုးသမီးများဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အမျိုးသားအဆင့်မဟာဗျူဟာစီမံကိန်း (NSPAW) အကောင်အထည်ဖော်မှုနှင့်စပ်လျဉ်း၍ ဝန်ကြီးဌာနများအနေဖြင့် လုပ်ငန်းများ အကောင် အထည်ဖော်ဆောင်ရွက်မှုများကို စဉ်ဆက်မပြတ် ဖွံ့ဖြိုးမှုပန်းတိုင်များ (SDGs) … Read more
-
မြိတ်ခရိုင်၊ ကျွန်းစုမြို့နယ်၊ မရမ်းချောင်းကျေးရွာတွင် သဘာဝဘေးအန္တရာယ်လျော့ပါးရေးဆိုင်ရာ အသိပညာပေး ဟောပြောပွဲ ကျင်းပပြုလုပ်မှုသတင်း
ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ မြိတ်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၆-၂-၂၀၁၇) ရက်နေ့တွင် မြိတ်ခရိုင်၊ ကျွန်းစုမြို့နယ်၊ မရမ်းချောင်းကျေးရွာတွင် သဘာဝဘေးအန္တရာယ်နှင့် ပတ်သက်သည့် အကြောင်းအရာများ၊ ရှောင်ရန်/ဆောင်ရန်များနှင့် ပတ်သက်၍ ဆွေးနွေးဟောပြောခြင်း၊ DAN Mobile Application အသုံးပြုပုံ/အသုံးပြုနည်း နည်းလမ်းများအား ရှင်းလင်းပြောကြားခြင်း၊ လက်ကမ်းစာစောင်များနှင့် နံရံကပ်ပိုစတာများ ဖြန့်ဝေပေးခြင်း၊ ဆပ်ပြာမှုန့်ထုပ်များနှင့် မုန့်ထုပ်များ ဝေငှပေးခြင်းများကို လုပ်ဆောင်ခဲ့ပါသည်။ အဆိုပါဟောပြောပွဲသို့ တက်ရောက်သူဦးရေ (၁၀၀) ဦးခန့်ရှိကြောင်းသတင်းရရှိပါသည်။ Source: မြိတ်ခရိုင်ဦးစီးမှူးရုံး (ကဆရ)
-
သဘာဝဘေးအသိပညာပေး ဟောပြောပွဲကျင်းပပြုလုပ်မှုသတင်း
ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ရှမ်းပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၅-၂-၂၀၁၇) ရက်နေ့၊ (၁၃:၀၀) နာရီအချိန်တွင် တောင်ကြီးမြို့နယ်၊ ထွေ/အုပ်ရုံးအစည်းအဝေးခန်းမ၌ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနနှင့် ရှမ်းပြည်နယ်အစိုးရအဖွဲ့တို့ပူးပေါင်း၍ အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ရာ ပြည်နယ်အစိုးရအဖွဲ့ဝင် ဗမာတိုင်းရင်းသားဝန်ကြီးမှ အဖွင့်အမှာစကားပြောကြားခြင်း၊ ရှမ်းပြည်နယ်မှူး (ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန) မှ သဘာဝဘေးလျော့ပါးရေးအသိပညာပေးဟောပြောခြင်း၊ ရှမ်းပြည်နယ်မှူး (လူမှုဝန်ထမ်း) မှ မူးယစ်ဆေးဝါး အန္တရာယ်အသိပညာပေးဟောပြောခြင်နှင့် (MRCS) မှ ကလေးသူငယ်ကာကွယ်စောင့်ရှောက်ရေး အသိပညာပေးဟောပြောခြင်းများ ဆောင်ရွက်ခဲ့ကြပါသည်။ အဆိုပါ ဟောပြောပွဲသို့ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ရပ်/ကျေးအုပ်ချုပ်မှူးများ၊ ရပ်/ကျေး စာရေးများ စုစုပေါင်း … Read more
-
သဘာဝဘေးအသိပညာပေး ဟောပြောပွဲကျင်းပပြုလုပ်မှုသတင်း
ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ကျိုင်းတုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၅-၂-၂၀၁၇) ရက်နေ့တွင် ကျိုင်းတုံမြို့၊ မြို့နယ်ထွေအုပ်ခန်းမတွင် သဘာဝဘေးအသိပညာပေးဟောပြောပွဲ ကျင်းပ ပြုလုပ်ခဲ့ခြင်း၊ ဘေး (၈) မျိုးပါ လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခြင်း၊ DAN Mobile Application များ ထည့်သွင်းပေးခြင်းနှင့် အသုံးပြုနည်းများအား ရှင်းလင်းပြောကြားခြင်းနှင့် Disaster Management Law စာအုပ်များ ဖြန့်ဝေပေးခြင်းများကို ဆောင်ရွက်ပေးခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: ကျိုင်းတုံခရိုင်ဦးစီးမှူးရုံး (ကဆရ)
-
ကချင်ပြည်နယ်၊မြစ်ကြီးနားမြို့၊ တပ်ကုန်း၊ ထွယ်ဆန်နယ်မြေတွင် ဖြစ်ပွားသော မီးဘေးအတွက် ထောက်ပံ့မှုသတင်း
ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ကချင်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ကချင် ပြည်နယ်၊ မြစ်ကြီးနားမြို့၊ တပ်ကုန်း၊ ထွယ်ဆန်နယ်မြေတွင် (၁၃-၂-၂၀၁၇) ရက်နေ့၌ ဖြစ်ပွားသော မီးဘေး အတွက် မီးဘေးသင့်အိမ်ခြေ (၁) လုံး၊ အိမ်ထောင်စု (၁) စုမှ လူဦးရေ (၂) ဦးအတွက် ကယ်ဆယ်ရေးပစ္စည်း (၉) မျိုး၊ (၁) အိမ်ထောင်စာနှင့် ဆန်ရိက္ခာ (၃) ရက်စာဖိုးငွေ (၁,၈၀၀) ကျပ်၊ အိမ်ဆောက်ပစ္စည်းဖိုးငွေ (၂၀၀,၀၀၀) ကျပ်တို့အား (၁၄-၂-၂၀၁၇) ရက်နေ့တွင် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: … Read more
-
မြဝတီမြို့၊ အမှတ် (၂) ရပ်ကွက်၌ ဖြစ်ပွားသော မီဘေးအတွက် ထပ်မံထောက်ပံ့ပေးအပ်မှုသတင်း
ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ မြဝတီခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မြဝတီမြို့၊ အမှတ် (၂) ရပ်ကွက်၌ (၁၃-၂-၂၀၁၇) ရက်နေ့တွင် ဖြစ်ပွားသော မီးဘေးကြောင့် အိမ်ခြေ (၅) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၅၀၀,၀၀၀) ကျပ်နှင့် လူဦးရေ (၅၆) ဦးအတွက် ဆန်ရိက္ခာဖိုးငွေ (၃) ရက်စာ (၅၀,၄၀၀) ကျပ်တို့အား (၁၄-၂-၂၀၁၇) ရက်နေ့တွင် ထပ်မံထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: မြဝတီခရိုင်ဦးစီးမှူးရုံး (ကဆရ)
-
မီးဘေးထောက်ပံ့မှုသတင်း
ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများ သည် စစ်ကိုင်းတိုင်းဒေသကြီး၊ ပုလဲမြို့နယ်၊ တနယ်ကျေးရွာ၌ (၆-၂-၂၀၁၇) ရက်နေ့တွင် ဖြစ်ပွားသော မီးဘေးအတွက် ကယ်ဆယ်ရေးပစ္စည်း (၉)မျိုး၊ (၁) အိမ်ထောင်စာ၊ အိမ်ဆောက်ပစ္စည်းဖိုးငွေ (၅၀၀၀၀) ကျပ်၊ ခေါက်ဆွဲခြောက် (၂) ဖာ နှင့် Family Kit (၁) စုံအား (၇-၂-၂၀၁၇) ရက်နေ့တွင် ပုလဲမြို့နယ် ၊အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနသို့ လွှဲပြောင်းထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူးရုံး (ကဆရ)
-
မီးဘေးထောက်ပံ့မှုသတင်း
ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများ သည် မုံရွာမြို့နယ်၊ ချမ်းမြသာစည်ရပ်ကွက်၊ ယင်းမာမြိုင်သီလရှင်ကျောင်းတိုက်၌ (၆-၂-၂၀၁၇) ရက်နေ့တွင် ဖြစ်ပွားသော မီးဘေးအတွက် သီလရှင် (၂၃) ပါးအတွက် ဝတ်ရုံဖိုးငွေ (၁၆၁,၀၀၀)ကျပ်၊ စောင် (၂၃) ထည်၊ တဘက် (၂၃) ထည်၊ ခြင်ထောင် (၂၃) ထည်၊ ဆပ်ပြာ (၂၃) တောင့်နှင့် ခေါက်ဆွဲခြောက် (၈) ဖာတို့အား ယင်းမာမြိုင်သီလရှင်စာသင်ကျောင်းတိုက်သို့ (၈-၂-၂၀၁၇) ရက်နေ့တွင် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူးရုံး (ကဆရ)
-
သဘာဝဘေးအသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်မှုသတင်း
ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများ သည် (၁၃-၂-၂၀၁၇) ရက်နေ့တွင် ရေဖြူမြို့နယ်၊ ပရဒတ်ကျေးရွာ၌ သဘာဝဘေးအသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ပြီး အဆိုပါ ဟောပြောပွဲသို့ တက်ရောက်သူဦးရေ (၇၀) ဦးခန့်ရှိကြောင်း သတင်းရရှိပါသည်။ Source: တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးရုံး (ကဆရ)
-
သဘာဝဘေးအသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်မှုသတင်း
ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၃-၂-၂၀၁၇) ရက်နေ့တွင် ရေဖြူမြို့နယ်၊ ထိန်ကြီးကျေးရွာ၌ သဘာဝဘေးအသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ပြီး လက်ကမ်းစာစောင် ဖြန့်ဝေပေးခြင်းများကို ဆောင်ရွက်ခဲ့ပါသည်။ အဆိုပါ ဟောပြောပွဲသို့ တက်ရောက်သူဦးရေ (၁၅၀) ဦးခန့်ရှိကြောင်း သတင်းရရှိပါသည်။ Source: တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးရုံး (ကဆရ)
