Author Archives: Hlaing ChoOo
-
သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်မှုသတင်း
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ပြည်ခရိုင်ဦးစီးမှူးရုံး တာဝန်ရှိသူများသည် (၁၇-၃-၂၀၁၇) ရက်နေ့တွင် မိုးညိုမြို့နယ်၊ တက်ဆွဲကျေးရွာ၌ သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါ ဟောပြောပွဲသို့ တက်ရောက်သူဦးရေ (၁၀၀) ဦးခန့်ရှိကြောင်း သတင်းရရှိပါသည်။ Source: ပြည်ခရိုင်ဦးစီးမှူးရုံး (ကဆရ)
-
ပြည်ခရိုင်၊ ပေါင်းတည်မြို့နယ်၊ ကြို့ကုန်းကျေးရွာအုပ်စုတို့၌ လေဘေးထောက်ပံ့မှုသတင်း
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ပြည်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ပြည်ခရိုင်၊ ပေါင်းတည်မြို့နယ်၊ ကြို့ကုန်းကျေးရွာအုပ်စု (ကြို့ကုန်း၊ ချေပင်၊ ပျဉ်ကြီး) ကျေးရွာတို့၌ (၉-၃-၂၀၁၇)ရက်နေ့တွင် လေပြင်းတိုက်ခတ်ခဲ့မှုကြောင့် လူနေအိမ် (၅) လုံး၊ ဘုန်းကြီးကျောင်း (၁) ကျောင်း အမိုးလန်ခဲ့ပြီး အဆိုပါ လူနေအိမ် (၅) လုံးနှင့် ဘုန်းကြီးကျောင်း (၁) ကျောင်းအတွက် (၂၀,၀၀၀) ကျပ်နှုန်းဖြင့် (၁၂၀,၀၀၀) ကျပ်နှင့် ပြိုလဲလူနေအိမ် (သက္ကယ်မိုး) (၁) လုံးအတွက် ထောက်ပံ့ငွေ (၅၀,၀၀၀) ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း (၉) … Read more
-
မီးဘေးထောက်ပံ့မှုသတင်း
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ကချင်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်၊ ကန်ပိုက်တီမြို့၌ (၃-၃-၂၀၁၇) ရက်နေ့တွင် ဖြစ်ပွားသော မီးဘေးကြောင့် ဘေးသင့်အိမ်ခြေ (၁) လုံး၊ အိမ်ထောင်စု (၁) စု၊ လူဦးရေ (၁) ဦးအတွက် ကယ်ဆယ်ရေးပစ္စည်း (၉) မျိုး (၁) အိမ်ထောင်စာ၊ အိမ်ဆောက်ပစ္စည်းဖိုးငွေ (၁၀၀,၀၀၀)ကျပ်နှင့် ဆန်ရိက္ခာဖိုးငွေ (၃) ရက်စာ (၉၀၀) ကျပ်နှင့် ခတ်ချိုကျေးရွာ၌ (၈-၃-၂၀၁၇) ရက်နေ့တွင် ဖြစ်ပွားသော မီးဘေးကြောင့် မီးဘေးသင့်အိမ်ခြေ (၁) လုံး၊ … Read more
-
သဘာဝဘေးလျော့ပါးရေးစေတနာ့ဝန်ထမ်း လူငယ် (ဆင့်ပွား) သင်တန်းဆင်းပွဲ အခမ်းအနား ကျင်းပပြုလုပ်မှုသတင်း
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ မြဝတီခရိုင်ဦးစီးမှူးရုံး တာဝန်ရှိသူများသည် ကရင်ပြည်နယ်၊ မြဝတီမြို့၊ မြဝတီခရိုင်ဦးစီးမှူးရုံး၌ (၁၄-၃-၂၀၁၇) ရက်နေ့မှ (၁၆-၃-၂၀၁၇) ရက်နေ့အထိ ဖွင့်လှစ်ခဲ့သော သဘာဝဘေးလျော့ပါးရေးစေတနာ့ဝန်ထမ်း လူငယ် (ဆင့်ပွား) သင်တန်းဆင်းပွဲ အခမ်းအနားအား ကျင်းပပြုလုပ်ခဲ့ရာ ခရိုင်နှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာ အကြီးအကဲများမှ သင်တန်းသား/သူများအား သင်တန်းဆင်းလက်မှတ်များ ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: မြဝတီခရိုင်ဦးစီးမှူးရုံး (ကဆရ)
-
ထောက်ပံ့ပစ္စည်းများပေးအပ်မှုသတင်း
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ လားရှိုးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၆-၃-၂၀၁၇) ရက်နေ့တွင် ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လောက်ကိုင်မြို့၌ ဖြစ်ပွားသော ဖြစ်စဉ်များကြောင့် လားရှိုးမြို့ မန်ဆူရှမ်းဘုန်းတော်ကြီးကျောင်းတွင် ရောက်ရှိနေသော လောက်ကိုင်ဒေသခံ တိုက်ပွဲရှောင် အိမ်ထောင်စု (၁၄) စုအတွက် ကယ်ဆယ်ရေးပစ္စည်း (၉) မျိုး (၁၄) အိမ်ထောင်စုစာအား (၁၆-၃-၂၀၁၇) ရက်နေ့တွင် မန်ဆူရှမ်းဘုန်းတော်ကြီးကျောင်း၌ သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း တင်းရရှိပါသည်။ Source: လားရှိုးခရိုင်ဦးစီးမှူးရုံး (ကဆရ)
-
သဘာဝဘေးအသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်မှုသတင်း
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၆-၃-၂၀၁၇) ရက်နေ့တွင် လောင်းလုံမြို့နယ်၊ ကျောက်ဆင်ကျေးရွာ၌ သဘာဝဘေးအသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ပြီး လက်ကမ်းစာစာများနှင့် နံရံကပ်ပိုစတာများလည်း ဝေငှပေးခြင်း၊ မီးသတ်ဦးစီးဌာနမှလည်း မီးသတ်ဆေးဘူးဖွင့်ပြီး မီးငြိမ်းသတ်မှုအား လက်တွေ့သရုပ်ပြသခဲ့ပါသည်။ အဆိုပါ ဟောပြောပွဲသို့ တက်ရောက်သူဦးရေ (၁၀၀) ဦးခန့်ရှိကြောင်း သတင်းရရှိပါသည်။ Source: တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးရုံး (ကဆရ)
-
သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအကြောင်းများနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားမှုသတင်း
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ကျိုင်းတုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၆-၃-၂၀၁၇) ရက်နေ့တွင် မိုင်းပျဉ်းမြို့၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတွင် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီလုပ်ငန်းများအကြောင်း မြို့နယ်အဆင့်တွေ့ဆုံဆွေးနွေးပွဲကို ကျင်းပပြုလုပ်ခဲ့ပြီး သဘာဝဘေးစီမံခန့်ခွဲမှုအကြောင်းရှင်းလင်းဆွေးနွေးခြင်း၊ ပညာပေးမှတ်တမ်းဓါတ်ပုံများပြသခြင်း၊ လေပြင်းဘေးအန္တရာယ်နှင့် ပတ်သက်၍ ဆောင်ရန်/ရှောင်ရန် ရှင်းလင်းပြောကြားခြင်း၊ မြေငလျင်ပညားပေးဗွီဒီယိုပြသခြင်း၊ DAN Mobile Application အသုံးပြုပုံ/အသုံးပြုနည်းများအား ရှင်းလင်းပြောကြားခြင်းများကို ဆောင်ရွက်ခဲ့ပါသည်။ အဆိုပါ တွေ့ဆုံဆွေးနွေးပွဲသို့ တက်ရောက်သူဦးရေ (၁၁၂) ဦးခန့်ရှိကြောင်း သတင်းရရှိပါသည်။ Source: ကျိုင်းတုံခရိုင်ဦးစီးမှူးရုံး (ကဆရ)
-
သဘာဝဘေးအသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်မှုသတင်း
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ကျိုင်းတုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၆-၃-၂၀၁၇) ရက်နေ့တွင် တုံတာမြို့နယ်၊ ပန်နောင်လုံကျေးရွာ၌ သဘာဝဘေးအန္တရာယ်လျော့ပါးရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်ခဲ့ပြီး သဘာဝဘေးအန္တရာယ်များနှင့် ပတ်သက်သည့် ဆောင်ရန်/ရှောင်ရန်များအကြောင်း ရှင်းလင်းဆွေးနွေးခဲ့ပါသည်။ အဆိုပါ ဟောပြောပွဲသို့ တက်ရောက်သူဦးရေ (၆၀) ဦးခန့်ရှိကြောင်း သတင်းရရှိပါသည်။ Source: ကျိုင်းတုံခရိုင်ဦးစီးမှူးရုံး (ကဆရ)
-
သဘာဝဘေးအသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်မှုသတင်း
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ရှမ်းပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၅-၃-၂၀၁၇) ရက်နေ့တွင် ရွာငံမြို့နယ်၊ ထွေအုပ်ရုံးခန်းမ၌ မြို့နယ်အဆင့်သဘာဝဘေးအသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ပြီး မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖများ၊ ရပ်/ကျေးအုပ်ချုပ်ရေးမှူးများ၊ ရပ်ကျေး စာရေးများ၊ NGO နှင့် CSO တို့မှ တာဝန်ရှိသူများ စုစုပေါင်း တက်ရောက်သူ ဦးရေ (၁၂၀) ဦးခန့်ရှိကြောင်း သတင်းရရှိပါသည်။ Source: ရှမ်းပြည်နယ်ဦးစီးမှူးရုံး (ကဆရ)
-
ရွှေတောင်မြို့နယ်၊ တရုတ်မော်ကျေးရွာအုပ်စု၊ သီရိ (၂) ရပ်ကွက်၌ ထောက်ပံ့ငွေပေးအပ်မှုသတင်း
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ပြည်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်၊ တရုတ်မော်ကျေးရွာအုပ်စု၊ သီရိ (၂) ရပ်ကွက်၌ (၁-၃-၂၀၁၇) ရက်နေ့တွင် ဖြစ်ပွားသော ကမ်းပါးပြိုကျမှုကြောင့် လူနေအိမ် (၃) လုံး ဘေးကင်းရာသို့ ပြောင်းရွှေ့ခဲ့ပါသည်။ အဆိုပါ ပြောင်းရွှေ့ အိမ် (၃) လုံးအတွက် တစ်အိမ်လျှင် (၂၀,၀၀၀) ကျပ်နှုန်းဖြင့် (၆၀,၀၀၀) ကျပ်နှင့် လူဦးရေ (၉) ဦးအတွက် ဆန်ရိက္ခာဖိုးငွေ (၃) ရက်စာ (၈,၁၀၀) ကျပ်၊ စုစုပေါင်း ထောက်ပံ့ငွေ (၆၈,၁၀၀) … Read more
