ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ပြည်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ပြည်ခရိုင်၊ ပေါင်းတည်မြို့နယ်၊ ကြို့ကုန်းကျေးရွာအုပ်စု (ကြို့ကုန်း၊ ချေပင်၊ ပျဉ်ကြီး) ကျေးရွာတို့၌ (၉-၃-၂၀၁၇)ရက်နေ့တွင် လေပြင်းတိုက်ခတ်ခဲ့မှုကြောင့် လူနေအိမ် (၅) လုံး၊ ဘုန်းကြီးကျောင်း (၁) ကျောင်း အမိုးလန်ခဲ့ပြီး အဆိုပါ လူနေအိမ် (၅) လုံးနှင့် ဘုန်းကြီးကျောင်း (၁) ကျောင်းအတွက် (၂၀,၀၀၀) ကျပ်နှုန်းဖြင့် (၁၂၀,၀၀၀) ကျပ်နှင့် ပြိုလဲလူနေအိမ် (သက္ကယ်မိုး) (၁) လုံးအတွက် ထောက်ပံ့ငွေ (၅၀,၀၀၀) ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း (၉) မျိုး၊ အိမ်ထောင်စု (၆) စုနှင့် ဘုန်းကြီးကျောင်း (၁) ကျောင်းရှိ လူဦးရေ (၂၂) ဦးအတွက် ဆန်ရိက္ခာဖိုးငွေ (၃) ရက်စာ (၉၀၀) ကျပ်နှုန်းဖြင့် (၁၉,၈၀၀) ကျပ်၊ စုစုပေါင်း ထောက်ပံ့ငွေ (၁၈၉၈၀၀) ကျပ်တို့အား ပေါင်းတည်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးထံသို့ လွှဲပြောင်းထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါ သည်။
Source: ပြည်ခရိုင်ဦးစီးမှူးရုံး (ကဆရ)