ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ရှမ်းပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၅-၃-၂၀၁၇) ရက်နေ့တွင် ရွာငံမြို့နယ်၊ ထွေအုပ်ရုံးခန်းမ၌ မြို့နယ်အဆင့်သဘာဝဘေးအသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ပြီး မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖများ၊ ရပ်/ကျေးအုပ်ချုပ်ရေးမှူးများ၊ ရပ်ကျေး စာရေးများ၊ NGO နှင့် CSO တို့မှ တာဝန်ရှိသူများ စုစုပေါင်း တက်ရောက်သူ ဦးရေ (၁၂၀) ဦးခန့်ရှိကြောင်း သတင်းရရှိပါသည်။
Source: ရှမ်းပြည်နယ်ဦးစီးမှူးရုံး (ကဆရ)