ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ကျိုင်းတုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၆-၃-၂၀၁၇) ရက်နေ့တွင် မိုင်းပျဉ်းမြို့၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတွင် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီလုပ်ငန်းများအကြောင်း မြို့နယ်အဆင့်တွေ့ဆုံဆွေးနွေးပွဲကို ကျင်းပပြုလုပ်ခဲ့ပြီး သဘာဝဘေးစီမံခန့်ခွဲမှုအကြောင်းရှင်းလင်းဆွေးနွေးခြင်း၊ ပညာပေးမှတ်တမ်းဓါတ်ပုံများပြသခြင်း၊ လေပြင်းဘေးအန္တရာယ်နှင့် ပတ်သက်၍ ဆောင်ရန်/ရှောင်ရန် ရှင်းလင်းပြောကြားခြင်း၊ မြေငလျင်ပညားပေးဗွီဒီယိုပြသခြင်း၊ DAN Mobile Application အသုံးပြုပုံ/အသုံးပြုနည်းများအား ရှင်းလင်းပြောကြားခြင်းများကို ဆောင်ရွက်ခဲ့ပါသည်။ အဆိုပါ တွေ့ဆုံဆွေးနွေးပွဲသို့ တက်ရောက်သူဦးရေ (၁၁၂) ဦးခန့်ရှိကြောင်း သတင်းရရှိပါသည်။
Source: ကျိုင်းတုံခရိုင်ဦးစီးမှူးရုံး (ကဆရ)