Author Archives: Hlaing ChoOo

  • လေဘေးဒဏ်သင့် ပြည်သူများအား ထောက်ပံ့မှုသတင်း

    ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန ၊ ရခိုင်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ရခိုင်ပြည်နယ်၊ စစ်တွေမြို့၌ (၂၀-၃-၂၀၁၇) ရက်နေ့ (၁၃:၃၀) နာရီအချိန်တွင် လေပြင်းတိုက်ခတ်မှုကြောင့် ဇောပူဂျာကျေးရွာ၌ လုံးဝပျက်စီးနေအိမ် (၁) လုံးအတွက် ကယ်ဆယ်ရေးပစ္စည်း (၉) မျိုး၊ အိမ်ဆောက်ပစ္စည်းဖိုးနှင့် ဆန်ရိက္ခာဖိုးငွေ (၅၃,၆၀၀) ကျပ်၊ စက်ရုံစုရပ်ကွက်၊ ကသဲရပ်ကွက်၊ ဆေးသမားကြီးကျေးရွာ၊ ဘောဒူဖကျေးရွာနှင့် ဘာဆာရာကျေးရွာတို့တွင် အမိုးလန်နေအိမ် စုစုပေါင်း (၂၇) လုံးအတွက် ကယ်ဆယ်ရေးပစ္စည်း (၄) မျိုး၊ အိမ်ဆောက်ပစ္စည်းဖိုးငွေ အိမ်ခြေ (၁) လုံးလျှင် (၂၀,၀၀၀) … Read more

  • လေဘေးဒဏ်သင့် ပြည်သူများအား ထောက်ပံ့မှုသတင်း

    ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန ၊ ရခိုင်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၂-၃-၂၀၁၇) ရက်နေ့၌ ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်၊ ရွှေတော်ကျေးရွာ၌ လေပြင်းတိုက်ခတ်ခဲ့မှုကြောင့် အိမ်ခြေ (၃) လုံး လုံးဝပျက်စီးသွားပြီး အိမ် (၁) လုံး ယိုင်လဲသွားခဲ့ပါသည်။ အဆိုပါ လေဘေးဒဏ်သင့်ပြည်သူများအတွက် ကယ်ဆယ်ရေးပစ္စည်း (၉) မျိုး၊ အိမ်ဆောင်ပစ္စည်းဖိုးငွေ (၁၇၀,၀၀၀)ကျပ်နှင့် ဆန်ရိက္ခာဖိုးငွေ (၂၀,၇၀၀) ကျပ်တို့အား (၂၁-၃-၂၀၁၇) ရက်နေ့တွင် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်းသတင်းရရှိပါသည်။ Source: ရခိုင်ပြည်နယ်ဦးစီးမှူးရုံး (ကဆရ)  

  • လေဘေးကြိုတင်ကာကွယ်ရေးအတွက် နေအိမ်များအား ပြုပြင်ပေးမှုသတင်း

    ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန ၊ စစ်ကိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၊ မြို့နယ်စီမံခန့်ခွဲရေးကော်မတီ ဒုဥက္ကဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ် မီးသတ်ဦးစီးမှူး၊ မြို့နယ်ပညာရေးမှူး၊ မြို့နယ်စည်ပင်သာယာရေးကော်မတီ မြို့တော်ဝန်၊ မြတ်သီရိ လူမှုကူညီရေးအသင်း၊ မြတ်ကန်သာ လူမှုကူညီရေးအသင်း၊ သုခစေတနာ လူမှုကူညီရေးအသင်း၊ ဂရုဏာ သွေးအလှူရှင်အသင်း၊ ခင်ဦးလူငယ် ပရဟိတအသင်းနှင့် မြင်းကျကျေးရွာမှ ကျေးရွာအုပ်ချုပ်ရေးမှူး၊ ရာအိမ်မှူး၊ သုခဝတီ လူမှုကူညီရေးအသင်းတို့နှင့် ပူးပေါင်း၍ (၂၃-၃-၂၀၁၇) ရက်နေ့၌ မြင်းကျကျေးရွာတွင် လေဘေးကြိုတင်ကာကွယ်ရေးအတွက် ကျေးရွာရှိ နေအိမ်များအား သံ၊ သွပ်၊ သွပ်မှို၊ သွပ်ကြေးနန်း၊ ဝါးတို့ဖြင့် … Read more

  • တိုက်ပွဲရှောင်ပြည်သူများအတွက် ထောက်ပံ့မှုသတင်း

    ကချင်ပြည်နယ်၊ ဗန်းမော်မြို့အတွင်းရှိ နယ်မြေလုံခြုံရေးအခြေအနေအရ ခေတ္တပြောင်းရွှေ့နေထိုင်ရသော တိုက်ပွဲရှောင်စခန်း (၉) ခုမှ အိမ်ထောင်စု (၁၂၄၃) ၊ လူဦးရေ (၇၀၂၁) ဦးတို့အတွက် နိုင်ငံတော်အတိုင်ပင်ခံရုံး ဝန်ကြီးဌာနမှ ထောက်ပံ့ပေးအပ်သော ဆန်ရိက္ခာ (၇) ရက်စာ၊ ဆန် (၅၁၂) အိတ်၊ ဆား (၆၂၁.၅) ပိဿာ၊ ဆီ (၆၂၁.၅) ပိဿာ၊ ငါးသေတ္တာ (၃၇၂၉) ဗူး၊ ပဲ (၆၂၁.၅) ပိဿာတို့အား ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ကချင်ပြည်နယ်ဦးစီးမှူးရုံးနှင့် ဗန်းမော်ခရိုင်ဦးစီးမှူးရုံး တာဝန်ရှိသူများမှ (၁၉-၃-၂၀၁၇) … Read more

  • သဘာဝဘေးအသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်မှုသတင်း

    ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၁-၃-၂၀၁၇) ရက်နေ့တွင် လောင်းလုံမြို့နယ်၊ မောင်းမကန်ကျေးရွာ၌ သဘာဝဘေးအသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ပြီး လက်ကမ်းစာစောင်များ၊ နံရံကပ်ပိုစတာများနှင့် ဥပဒေစာအုပ်များဝေငှပေးခြင်းတို့ကို ဆောင်ရွက်ပေးခဲ့ပါသည်။ အဆိုပါ ဟောပြောပွဲသို့ တက်ရောက်သူဦးရေ (၁၀၀) ခန့်ရှိကြောင်း သတင်းရရှိပါသည်။ Source: တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးရုံး (ကဆရ)  

  • သဘာဝဘေးအသိပညာပေးဟောပြောပွဲ ကျင်းပမှုသတင်း

    ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများနှင့်ကလျာဏမိတ္တအသင်းချုပ် မန္တလေး၊ စဉ့်ကူးမြို့ ကလျာဏ ကွန်ယက်အသင်းတို့၏ ပူးပေါင်းစီစဉ်မှုဖြင့် (၂၃-၃-၂၀၁၇) ရက်နေ့တွင် စဉ့်ကူးမြို့နယ်၊ ကျောင်းဆိပ်ကျေးရွာအုပ်စု၊ ကျောင်းဆိပ်ကျေးရွာ၌ ကျေးရွာ (၁၁) အတွင်းရှိ လူမှုရေးအသင်းများစုပေါင်း၍ လူမှုရေးအသင်းကြီးအဖြစ် ယာနစက္ကအသင်းဖွဲ့စည်းခြင်းအခမ်းအနားတွင် သဘာဝဘေးအသိပညာပေးဟောပြောခြင်း၊ သဘာဝဘေးလက်ကမ်းစာစောင်များဝေငှပေးခြင်း၊ လူမှုအသင်းများဖွဲ့စည်းရာတွင် ပိုမိုအားကောင်းလာစေရန် ဆောင်ရွက်သင့်သည်များကို (ရပ်ရွာအခြေပြု သဘာဝဘေးစီမံခန့်ခွဲမှု ကိစ္စရပ်များ) ဟောပြောခြင်း၊ ပေါင်းစပ်ပေးခြင်းများ ဆောင်ရွက်ပေးခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: မန္တလေးတိုင်းဒေသကြီးဦးစီးမှူးရုံး (ကဆရ)

  • ကျေးရွာများအတွင်း လေဘေးကြိုတင်ကာကွယ်ရေးစီမံချက် လုပ်ငန်းများဆောင်ရွက်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေးဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများနှင့် ကျောက်ဆည်ပရဟိတ ကွန်ယက်အဖွဲတို့ပူးပေါင်း၍ လေပြင်းဘေးကြိုတင်ကာကွယ်ရေးအနေဖြင့် (၂၁-၃-၂၀၁၇) ရက်နေ့တွင် ကျောက်ဆည်မြို့နယ်၊ ကတဲကျေးရွာအုပ်စု၊ ကတဲရွာ၊ ကြက်ဆင်ရွာ၊ ပန်ခွာရွာနှင့် ပနန်ရွာတို့ရှိအိမ်ခြေ (၉၆) လုံးအား ပြုပြင်ပေးခြင်း၊ သဘာဝဘေးအသိပညာများဟောပြောခြင်းနှင့် ကြက်ဆင်ရွာမှ တစ်ဦးတည်းနေ အသက် (၇၃) နှစ်အရွယ်ရှိ အဖွားအိမ်မျက်နှာကြက်အား မိုးသီးကြွေကျခြင်းကြောင့် လူထိခိုက်မှုမှ ကာကွယ်ရန် ထရံမျက်နှာကြက်လုပ်ဆောင်ပေးခဲ့ကြောင်း သတင်းရရှိပါသည်။ Source: မန္တလေးတိုင်းဒေသကြီးဦးစီးမှူးရုံး (ကဆရ)

  • သဘာဝဘေးလျော့ပါးရေးစေတနာ့ဝန်ထမ်းလူငယ် (ဆင့်ပွား) သင်တန်းဖွင့်လှစ်မှုသတင်း

    ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူ များသည်(၂၃-၃-၂၀၁၇) ရက်နေ့တွင် တွံတေးမြို့နယ်၊ အိုးဖိုအနောက်ရပ်ကွက်၊ ရပ်ကွက်ဓမ္မာရုံတွင် သဘာဝဘေးလျော့ပါးရေးအသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ပြီး သဘာဝဘေးနှင့်ဆိုင်သော အသိပညာများ၊ ဆောင်ရန်/ရှောင်ရန် ဗဟုသုတများ မျှဝေပေးခဲ့ကြောင်း သတင်းရရှိပါသည်။ အဆိုပါ သင်တန်းသို့ တက်ရောက်သူဦးရေ (၁၀၀) ကျော် တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံး(ကဆရ)

  • သဘာဝဘေးလျော့ပါးရေးစေတနာ့ဝန်ထမ်းလူငယ် (ဆင့်ပွား) သင်တန်းဖွင့်လှစ်မှုသတင်း

    ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူ များသည် ရန်ကုန်တိုင်းဒေသကြီး တောင်ပိုင်းခရိုင်၊ တွံတေးမြို့နယ်၊ အ.ထ.က (၁) ၌  သဘာဝဘေးလျော့ပါးရေးစေတနာ့ဝန်ထမ်းလူငယ် ဆင့်ပွားသင်တန်း အမှတ်စဉ် (၃/၂၀၁၇) အား (၂၂-၃-၂၀၁၇) ရက်နေ့မှ (၂၄-၃-၂၀၁၇) ရက်နေ့အထိ  သင်တန်းကာလ (၃) ရက်ကြာ ဖွင့်လှစ် သင်ကြားမည် မည်ဖြစ်ပါသည်။ အဆိုပါ သင်တန်းသို့ တက်ရောက်သူ သင်တန်းသား/သင်တန်းသူဦးရေ (၄၀) ဦးခန့်ရှိကြောင်း သတင်းရရှိပါသည်။ Source: ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံး(ကဆရ)

  • သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်မှုသတင်း

    ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ညောင်ဦးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၂-၃-၂၀၁၇) ရက်နေ့တွင် ညောင်ဦးမြို့နယ်၊ ကြအိုကျေးရွာအုပ်စု၊ ကြအိုကျေးရွာ၌သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောခြင်းနှင် သဘာဝဘေးနှင့် ပတ်သက်သော လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခြင်းများကို ဆောင်ရွက်ခဲ့ပါသည်။ အဆိုပါ ဟောပြောပွဲသို့ တက်ရောက်သူဦးရေ (၈၅) ဦးခန့်ရှိကြောင်းသတင်းရရှိပါသည်။ Source: ညောင်ဦးခရိုင်ဦးစီးမှူးရုံး(ကဆရ)

Sign Up

Upcoming Events