လေဘေးဒဏ်သင့် ပြည်သူများအား ထောက်ပံ့မှုသတင်း

ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန ၊ ရခိုင်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၂-၃-၂၀၁၇) ရက်နေ့၌ ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်၊ ရွှေတော်ကျေးရွာ၌ လေပြင်းတိုက်ခတ်ခဲ့မှုကြောင့် အိမ်ခြေ (၃) လုံး လုံးဝပျက်စီးသွားပြီး အိမ် (၁) လုံး ယိုင်လဲသွားခဲ့ပါသည်။ အဆိုပါ လေဘေးဒဏ်သင့်ပြည်သူများအတွက် ကယ်ဆယ်ရေးပစ္စည်း (၉) မျိုး၊ အိမ်ဆောင်ပစ္စည်းဖိုးငွေ (၁၇၀,၀၀၀)ကျပ်နှင့် ဆန်ရိက္ခာဖိုးငွေ (၂၀,၇၀၀) ကျပ်တို့အား (၂၁-၃-၂၀၁၇) ရက်နေ့တွင် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်းသတင်းရရှိပါသည်။

Source: ရခိုင်ပြည်နယ်ဦးစီးမှူးရုံး (ကဆရ)

 

Sign Up

Upcoming Events