Author Archives: Hlaing ChoOo
-
ပဲခူးတိုင်းဒေသကြီးအနောက်ပိုင်း၊ သဲကုန်းမြို့နယ်၊ ဇလဲ့ကျေးရွာအုပ်စု၊ ဘန့်ဘွေးကုန်းကျေးရွာနေပြည်သူများ အတွက် သောက်သုံးရေများ ဖြန့်ဝေပေးမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ပြည်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည်် ပဲခူးတိုင်းဒေသကြီးအနောက်ပိုင်း၊ သဲကုန်းမြို့နယ်၊ ဇလဲ့ကျေးရွာအုပ်စု၊ ဘန့်ဘွေးကုန်းကျေးရွာမှ အိမ်ထောင်စု (၁၀၀)၊ လူဦးရေ (၄၀၀) ဦးအတွက် သောက်သုံရေ ဂါလံ (၁၀၀၀) အား (၈-၄-၂၀၁၇) ရက်နေ့တွင် သွားရောက်ဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိပါသည်။ Source: ပြည်ခရိုင်ဦးစီးမှူးရုံး (ကဆရ)
-
မီးဘေးထောက်ပံ့မှုသတင်း
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန မြောက်ဦးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မြောက်ဦးမြို့၊ လော်ကမူရပ်ကွက် ဘုရားပေါ်ရပ်၌ (၇-၄-၂၀၁၇) ရက်နေ့တွင် ဖြစ်ပွားသော မီးဘေးကြောင့် ဓနိမိုး၊ ဝါးကာ၊ ဝါးခင်း နေအိမ် (၁) လုံး မီးလောင်ဆုံးရှုံးခဲ့ရပြီး အိမ်ထောင်စု (၁) စုမှ ကျား (၃) ဦး၊မ (၁) ဦး စုစုပေါင်း (၄) ဦး မီးဘေးသင့်ခဲ့ရပါသည်။ အဆိုပါ မီးဘေးသင့်အိမ်ထောင်စု (၁) စုအတွက် ကယ်ဆယ်ရေးပစ္စည်း (၉) မျိုး၊ အိမ်ဆောက်ပစ္စည်းဖိုးငွေ (၁၀၀,၀၀၀) ကျပ်နှင့် … Read more
-
ဘေးအန္တရာယ်လျော့ချရေးဆိုင်ရာ စေတနာ့ဝန်ထမ်းလူငယ် ကနဦးစီမံချက် မိတ်ဆက်ပွဲအခမ်းအနား ကျင်းပပြုလုပ်မှုသတင်း
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန သထုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၇-၄-၂၀၁၇) ရက်နေ့တွင် UN Volunteers အဖွဲ့တို့နှင့် ပူးပေါင်း၍ ဘေးအန္တရာယ်လျော့ချရေးဆိုင်ရာ စေတနာ့ဝန်ထမ်းလူငယ် ကနဦးစီမံချက် (DRRYV Pilot Project-Off Event) မိတ်ဆက်ပွဲ အခမ်းအနားအား မွန်ပြည်နယ်၊ သထုံခရိုင်၊ သထုံမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ သင်တန်းသား (၅၀) ဦးဖြင့် ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါ အခမ်းအနားသို့ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါက်တာ ဇော်လင်းထွဋ်၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကျော်သူ၊ သထုံခရိုင်အုပ်ချုပ်ရေးမှူး ဦးတေဇာအောင်နှင့် ခရိုင်နှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ … Read more
-
လေပြင်းဘေးကြိုတင်ပြင်ဆင်ရေးနှင့် စပ်လျဉ်း၍ ပြည်သူသို့ပန်ကြားချက်များနှင့် ဘေးအန္တရာယ်များအကြောင်း အသိပညာပေးဟောပြောမှုသတင်း
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန ကရင်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၇-၄-၂၀၁၇) ရက်နေ့တွင် ဘားအံမြို့နယ်၊ လှာကာကျေးရွာ၌ လေပြင်းဘေးကြိုတင်ပြင်ဆင်ရေးနှင့် စပ်လျဉ်း၍ ပြည်သူသို့ ပန်ကြားချက်များအား ကျေးရွာပြည်သူလူထုများထံသို့ ဖြန့်ဝေပေးခြင်း၊ မုန်တိုင်းဘေး၊ ရေဘေး၊ မိုးကြိုးဘေးအန္တရာယ်များအကြောင်း ရှင်းလင်းပြောကြားခဲ့ပြီး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ပါသည်။ အဆိုပါ ဟောပြောပွဲသို့ ကျေးရွာနေပြည်သူလူထု စုစုပေါင်း (၈၀) ဦးခန့်ရှိကြောင်း သတင်းရရှိပါသည်။ Source: ကရင်ပြည်နယ်ဦးစီးမှူးရုံး (ကဆရ)
-
မီးဘေးထောက်ပံ့မှုသတင်း
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဇလွန်မြို့နယ်၊ မဟာသာကျေးရွာအုပ်စု၊ မဟာသာအရှေ့ကျေးရွာ၌ (၅-၄-၂၀၁၇) ရက်နေ့တွင် ဖြစ်ပွားခဲ့သော မီးဘေးကြောင့် သွပ်မိုးထရံကာ နေအိမ် (၁) လုံးပျက်စီးခဲ့ပြီး လူ (၁) ဦး သေဆုံးခဲ့ပါသည်။ အဆိုပါ မီးဘေးသင့် အိမ်နှင့် သေဆုံးသူအတွက် ကယ်ဆယ်ရေးပစ္စည်း (၉) မျိုး (၁) အိမ်ထောင်စာနှင့် ထောက်ပံ့ငွေ (၄၀၀,၀၀၀) ကျပ်တို့အား ဘေးဖြစ်ပွားရာနေရာ၌ သေဆုံးသူနှင့် သက်ဆိုင်သည့် ဆွေမျိုးများရှေ့မှောက်တွင် ရပ်ရွာအုပ်ချုပ်ရေးမှူးထံသို့ လွှဲပြောင်းထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: ဟင်္သာတခရိုင်ဦးစီးမှူးရုံး … Read more
-
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်အတွင်းရှိ လေဘေးသင့်အိမ်များအား ထောက်ပံ့မှုသတင်း
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်၊ တိုင်းဒေသကြီးပြည်သူ့လွှတ်တော်ကိုယ်စားလှယ်နှင့် တိုင်းဒေသကြီး မီးသတ်ဦးစီးဌာနတို့ ပေါင်းစပ်ညှိနှိုင်းပြီး စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်အတွင်းရှိ လေဘေးသင့်အိမ်ခြေ (၁၄၉) အိမ်အတွက် ကယ်ဆယ်ရေးပစ္စည်း (၅) မျိုး (၁၀၅) အိမ်ထောင်စာ လိုအပ်သော သွပ်အချပ်ရေ (၄၃၅) ချပ်အား သွပ်ချပ် (၁) ချပ်လျှင် (၂,၄၀၀) နှုန်းဖြင့် (၁,၀၄၄,၀၀၀) ကျပ်နှင့် နေအိမ် (၈၉) လုံးအတွက် (၁၀,၀၀၀) နှုန်းဖြင့် (၈၉၀,၀၀၀) ကျပ် … Read more
-
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့နယ်အတွင်းရှိ လေဘေးသင့်အိမ်များအား ထောက်ပံ့မှုသတင်း
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်၊ တိုင်းဒေသကြီးပြည်သူ့လွှတ်တော်ကိုယ်စားလှယ်နှင့် တိုင်းဒေသကြီး မီးသတ်ဦးစီးဌာနတို့ ပေါင်းစပ်ညှိနှိုင်းပြီး စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့နယ်အတွင်း၌ လေဘေးသင့်အိမ်ခြေ (၃၅) အိမ်အတွက် လိုအပ်သော သွပ်အချပ်ရေ (၂၄၅) ချပ်အား သွပ်ချပ် (၁) ချပ်လျှင် (၂,၄၀၀) နှုန်းဖြင့် (၅၈၈,၀၀၀) ကျပ်နှင့် နေအိမ် (၉) လုံးအတွက် (၁၀,၀၀၀) နှုန်းဖြင့် (၉၀,၀၀၀) ကျပ် စုစုပေါင်းထောက်ပံ့ငွေ (၆၇၈,၀၀၀) ကျပ်တို့အား (၆-၄-၂၀၁၇) ရက်နေ့တွင် … Read more
-
လေဘေးထောက်ပံ့မှုသတင်း
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန ၊ မြိတ်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ကျွန်းစုမြို့နယ်၊ ညောင်ဘီးကျေးရွာအုပ်စု၊ အညှင်းကျေးရွာ၌ (၄-၄-၂၀၁၇) ရက်နေ့တွင် ဖြစ်ပွားခဲ့သည့် လေဘေးကြောင့် လေဘေးသင့်အိမ်ထောင်စု (၁) စုအတွက် ကယ်ဆယ်ရေးပစ္စည်း (၉) မျိုးအား (၆-၄-၂၀၁၇) ရက်နေ့တွင် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: မြိတ်ခရိုင်ဦးစီးမှူးရုံး (ကဆရ)
-
လေဘေးထောက်ပံ့မှုသတင်း
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန ၊ မြိတ်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ကျွန်းစုမြို့နယ်၊ ညောင်ဘီးကျေးရွာအုပ်စု၊ အညှင်းကျေးရွာ၌ (၂၆-၃-၂၀၁၇) ရက်နေ့တွင် ဖြစ်ပွားခဲ့သည့် လေဘေးကြောင့် လေဘေးသင့်အိမ်ထောင်စု (၁) စုအတွက် ကယ်ဆယ်ရေးပစ္စည်း (၉) မျိုးအား (၆-၄-၂၀၁၇) ရက်နေ့တွင် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: မြိတ်ခရိုင်ဦးစီးမှူးရုံး (ကဆရ)
-
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ကောလင်းမြို့နယ်အတွင်းရှိ လေဘေးသင့်အိမ်များအား ထောက်ပံ့မှုသတင်း
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် တိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးဝန်ကြီး ဒေါက်တာဇော်ဝင်း၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်၊ တိုင်းဒေသကြီးပြည်သူ့လွှတ်တော်ကိုယ်စားလှယ်နှင့် တိုင်းဒေသကြီး မီးသတ်ဦးစီးဌာနတို့ ပေါင်းစပ်ညှိနှိုင်းပြီး စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ကောလင်းမြို့နယ်၌ (၂-၄-၂၀၁၇) ရက်နေ့တွင် ဖြစ်ပွားခဲ့သော လေဘေးကြောင့် လေဘေးသင့်အိမ်ခြေ (၁၉) အိမ်အတွက် ကယ်ဆယ်ရေးပစ္စည်း (၅) မျိုး (၁၉) အိမ်ထောင်စာ၊ လိုအပ်သော သွပ်အချပ်ရေ (၁၂၅) ချပ်အား သွပ်ချပ် (၁) ချပ်လျှင် (၂,၄၀၀) နှုန်းဖြင့် (၃၀၀,၀၀၀) ကျပ်နှင့် သက္ကယ်မိုးနေအိမ် (၂) … Read more
