Author Archives: Hlaing ChoOo
-
သောက်သုံးရေ လှူဒါန်းမှုသတင်း
ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မကွေးမြို့နယ်၊ ဂျုတ်ကုန်းကျေးရွာအုပ်စု၊ ခင်းပြန့်ကြီးကျေးရွာမှ အိမ်ခြေ (၁၅၀)၊ အိမ်ထောင်စု (၁၇၀) ၊ လူဦးရေ (၇၅၀) ဦးတို့အတွက် သောက်သုံးရေဂါလံ (၁၂၀၀၀) အား (၄-၅-၂၀၁၇) ရက်နေ့တွင် သွားရောက်လှူဒါန်းပြီးဖြစ်ပါကြောင်း သတင်းရရှိပါသည်။ Source: မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံး (ကဆရ)
-
လေဘေးထောက်ပံ့မှုသတင်း
ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မုံရွာမြို့နယ်အတွင်းရှိ ထနောင်းတောကျေးရွာ၊ ဆူးလေကုန်းကျေးရွာ၊ ကိုးရှင်းကျွန်းကျေးရွာနှင့် မအူကျေးရွာများ၌ (၂-၅-၂၀၁၇) ရက်နေ့တွင် ဖြစ်ပွားခဲ့သော လေဘေးကြောင့် ဘေးသင့်အိမ်ထောင်စု (၂၈) စုအတွက် ကယ်ဆယ်ရေးပစ္စည်း (၅) မျိုး (၂၈) အိမ်ထောင်စာနှင့် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၁,၀၃၀,၀၀၀) ကျပ်တို့အား (၄-၅-၂၀၁၇) ရက်နေ့တွင် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူးရုံး (ကဆရ)
-
စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ယင်းမာပင်ခရိုင်၊ ကနီမြို့နယ်အတွင်းရှိ ကျေးရွာများ၌ လေဘေးထောက်ပံ့မှုသတင်း
ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် စစ်ကိုင်းတိုင်းဒေသကြီးအတွင်း၌ (၂-၅-၂၀၁၇) ရက်နေ့တွင် ဖြစ်ပွားခဲ့သော လေဘေးကြောင့် ယင်းမာပင်ခရိုင်၊ ကနီမြို့နယ်၊ နတ်ကြီးကျေးရွာ အိမ် (၁) အိမ်အတွက် ကယ်ဆယ်ရေးပစ္စည်း (၅) မျိုး (၁) အိမ်ထောင်စာနှင့် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၃၀,၀၀၀)ကျပ်၊ ဝက်ချောင်းလေးကျေးရွာ အိမ် (၃၀) အိမ်အတွက် ကယ်ဆယ်ရေးပစ္စည်း (၅) မျိုး (၃၀) အိမ်ထောင်စာနှင့် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၁,၀၆၀,၀၀၀)ကျပ်၊ အေးသာယာကျေးရွာ အိမ် (၁၅) အိမ်အတွက် ကယ်ဆယ်ရေးပစ္စည်း (၅) မျိုး (၁၅) … Read more
-
လေဘေးထောက်ပံ့မှုသတင်း
ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန ကသာခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် ဗန်းမောက်မြို့နယ်၊ ဟော်ယောကျေးရွာ၌ (၃၀-၄-၂၀၁၇) ရက်နေ့တွင် ဖြစ်ပွားခဲ့သော လေဘေးကြောင့် ဘေးသင့်အိမ် (၂) အိမ်အတွက် ကယ်ဆယ်ရေးပစ္စည်း (၅) မျိုး (၂) အိမ်ထောင်စာနှင့် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၈၀,၀၀၀) ကျပ်တို့အား (၃-၅-၂၀၁၇) ရက်နေ့တွင် ဗန်းမောက်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနသို့ သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: ကသာခရိုင်ဦးစီးမှူးရုံး (ကဆရ)
-
လေပြင်းဘေးကြိုတင်ပြင်ဆင်ရေးနှင့်စပ်လျဉ်း၍ ပြည်သူသို့ပန်ကြားချက်စာစောင်များနှင့် မိုးကြိုးဘေးစာစောင်များ ဖြန့်ဝေပေးမှုသတင်း
ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ မြောက်ဦးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၄-၅-၂၀၁၇) ရက်နေ့၌ မြောက်ဦးမြို့၊ သျှစ်သောင်းဘုရားပွဲတွင် ကျင်းပပြုလုပ်သည့် ကျေးရွာပေါင်းစုံဘောလုံးပွဲသို့ လာရောက်အားပေးကြသည့် တိမ်ညိုရွာနှင့် ချောင်းသစ်ရွာများမှ ပြည်သူများအား လေပြင်းဘေးကြိုတင်ပြင်ဆင်ရေးနှင့်စပ်လျဉ်း၍ ပြည်သူသို့ပန်ကြားချက်စာစောင် (၁၀၀) စောင်နှင့် မိုးကြိုးဘေးစာစောင် (၁၀၀) စောင်တို့အား သွားရောက်ဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိပါသည်။ Source: မြောက်ဦးခရိုင်ဦးစီးမှူးရုံး (ကဆရ)
-
မီးဘေးထောက်ပံ့မှုသတင်း
ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန ပြည်ခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် ပြည်ခရိုင်၊ ပြည်မြို့နယ်၊ ရွာဘဲနယ်မြေ၊ ဖတ်တန်းရပ်ကွက်၊ အုတ်ကြားလမ်း၌ (၂-၅-၂၀၁၇) ရက်နေ့တွင် ဖြစ်ပွားခဲ့သော မီးဘေးကြောင့် ဘေးသင့်ခဲ့သော နေအိမ် (၇) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၁) အိမ်လျှင် (၂၀၀,၀၀၀) နှုန်းဖြင့် (၁,၄၀၀,၀၀၀)ကျပ်နှင့် အိမ်ထောင်စု (၇) စုမှ လူဦးရေ (၂၉) ဦးအတွက် ဆန်ရိက္ခာဖိုငွေ (၇) ရက်စာ (၆၀,၉၀၀)ကျပ် စုစုပေါင်းထောက်ပံ့ငွေ (၁,၄၆၀,၉၀၀) ကျပ်နှင့်ကယ်ဆယ်ရေးပစ္စည်း (၉) မျိုး ကတ္တူပုံးအပါအဝင် (၇) ပုံးနှင့် Family … Read more
-
လေဘေးထောက်ပံ့မှုသတင်း
ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန ပြည်ခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်၊ ကြိုးကြာကျေးရွာအုပ်စု၊ ကြိုးကြာကျေးရွာ၌ (၂၈-၄-၂၀၁၇) ရက်နေ့တွင် ဖြစ်ပွားခဲ့သော လေဘေးကြောင့် ဘေးသင့်ခဲ့သော အမိုးလန်ဘုန်းတော်ကြီးကျောင်း (၁) ကျောင်းနှင့် အမိုးလန်နေအိမ် (၁၃) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ စုစုပေါင်း (၉၂၆,၅၀၀)ကျပ်တို့အား (၃-၅-၂၀၁၇) ရက်နေ့တွင် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: ပြည်ခရိုင်ဦးစီးမှူးရုံး (ကဆရ)
-
သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီအစည်းအဝေး ကျင်းပပြုလုပ်မှုသတင်း
ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၃-၅-၂၀၁၇) ရက်နေ့တွင် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ အစည်းအဝေးခန်းမ၌ သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီအစည်းအဝေးအား ကျင်းပပြုလုပ်ခဲ့ရာ ဧရာဝတီတိုင်းဒေသကြီး သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဥက္ကဌ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးချုပ်နှင့် ကော်မတီအဖွဲ့ဝင်များ တက်ရောက်ခဲ့ကြပါသည်။ အစည်းဝေးတွင် တိုင်းဒေသကြီးဝန်ကြီးချုပ်မှ အဖွင့်အမှာစကားပြောကြားခဲ့ပြီး ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးမှ ကော်မတီအလိုက်ဖွဲ့စည်းမှုနှင့် အခန်းကဏ္ဍများအား ရှင်းလင်းတင်ပြခြင်း၊ သဘာဝဘေးအန္တရာယ်တုံ့ပြန်နိုင်ရေးအတွက် အဆင်သင့်ဖြစ်ရေး ကြိုတင်ပြင်ဆင်မှုကိစ္စရပ်များတင်ပြခြင်း၊ သက်ဆိုင်ရာကော်မတီအလိုက်ပြန်လည်ဖွဲ့စည်းနိုင်ရေးအတွက် တက်ရောက်လာကြသူများမှ အကြံပြုဆွေးနွေးခြင်းများအား ဆောင်ရွက်ခဲ့ကြပါကြောင်း သတင်းရရှိပါသည်။ Source: ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံး (ကဆရ)
-
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးအား အမေရိကန်သံအမတ်ကြီး H.E. Mr. Scot Marciel နှင့်အဖွဲ့က လာရောက်တွေ့ဆုံမှုသတင်း
၃-၅-၂၀၁၇၊ နေပြည်တော် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးသည် ယနေ့နံနက်ပိုင်းတွင် အဆိုပါဝန်ကြီးရုံးမေခလာခန်းမ၌ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီးH.E. Mr. Scot Marciel နှင့်အဖွဲ့အား လက်ခံတွေ့ဆုံခဲ့ပါသည်။ထိုသို့တွေ့ဆုံရာတွင် မြန်မာနိုင်ငံ၏ အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီနှင့် လုပ်ငန်းကော်မတီများဖွဲ့စည်းထားရှိမှုနှင့် လုပ်ငန်းစဉ်များ၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု လုပ်ငန်းများတွင် အရပ်ဘက် စစ်ဘက် ပူးပေါင်းဆောင်ရွက်မှုအခြေအနေများ၊ သဘာဝဘေး အန္တရာယ်နှင့် စပ်လျဉ်း၍ အစဉ်အမြဲအဆင်သင့်ဖြစ်စေရေးဆောင်ရွက်နေမှုများ၊ ရခိုင်ပြည်နယ်တွင် ဒေသဖွံ့ဖြိုးတိုးတက်ရေး၊ အလုပ်အကိုင်အခွင့်အလမ်းရရှိရေးအတွက် ဆောင်ရွက်မှုများ၊ ပြည်တွင်းနေရပ်စွန့်ခွာနေထိုင်သူများအတွက် အသက်မွေးဝမ်းကြောင်းသင်တန်းများ ဆောင်ရွက်ပေးနေမှုများ၊ ဝန်ကြီးဌာနအနေနှင့် ဆောင်ရွက်လျက်ရှိသည့် လူမှုကာကွယ်စောင့်ရှောက်ရေး အစီအစဉ်များရေးဆွဲပြီး၊ ရေးဆွဲလျက်ရှိသည့် … Read more
-
လေဘေးထောက်ပံ့မှုသတင်း
ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် ဟင်္သာတခရိုင်၊ အင်္ဂပူမြို့နယ်၊ ကညွတ်ကွင်းအုပ်စု၊ လှံထိုးကုန်းကျေးရွာ၌ (၂၉-၄-၂၀၁၇) ရက်နေ့တွင် ဖြစ်ပွားခဲ့သော လေဘေးကြောင့် ဘေးသင့်အိမ် (၁) လုံးအတွက် ကယ်ဆယ်ရေးပစ္စည်း (၉) မျိုး (၁) အိမ်ထောင်စာ၊ အိမ်ထောင်စု (၁) စုမှ လူဦးရေ (၄) ဦးအတွက် ဆန်ရိက္ခာဖိုးငွေ (၈,၄၀၀) ကျပ်နှင့် အိမ်ဆောက်ပစ္စည်းဖိုငွေ (၂၀၀,၀၀၀) ကျပ် စုစုပေါင်း (၂၀၈,၄၀၀) ကျပ်တို့အား (၂-၅-၂၀၁၇) ရက်နေ့တွင် အင်္ဂပူမြို့နယ်အုပ်ချုပ်ရေးမှူးနှင့်အတူ အင်္ဂပူမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ … Read more
