လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးအား အမေရိကန်သံအမတ်ကြီး H.E. Mr. Scot Marciel နှင့်အဖွဲ့က လာရောက်တွေ့ဆုံမှုသတင်း

၃-၅-၂၀၁၇၊ နေပြည်တော်

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးသည် ယနေ့နံနက်ပိုင်းတွင် အဆိုပါဝန်ကြီးရုံးမေခလာခန်းမ၌ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီးH.E. Mr. Scot Marciel နှင့်အဖွဲ့အား လက်ခံတွေ့ဆုံခဲ့ပါသည်။ထိုသို့တွေ့ဆုံရာတွင် မြန်မာနိုင်ငံ၏ အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီနှင့် လုပ်ငန်းကော်မတီများဖွဲ့စည်းထားရှိမှုနှင့် လုပ်ငန်းစဉ်များ၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု လုပ်ငန်းများတွင် အရပ်ဘက် စစ်ဘက် ပူးပေါင်းဆောင်ရွက်မှုအခြေအနေများ၊ သဘာဝဘေး အန္တရာယ်နှင့် စပ်လျဉ်း၍ အစဉ်အမြဲအဆင်သင့်ဖြစ်စေရေးဆောင်ရွက်နေမှုများ၊ ရခိုင်ပြည်နယ်တွင် ဒေသဖွံ့ဖြိုးတိုးတက်ရေး၊ အလုပ်အကိုင်အခွင့်အလမ်းရရှိရေးအတွက် ဆောင်ရွက်မှုများ၊ ပြည်တွင်းနေရပ်စွန့်ခွာနေထိုင်သူများအတွက် အသက်မွေးဝမ်းကြောင်းသင်တန်းများ ဆောင်ရွက်ပေးနေမှုများ၊ ဝန်ကြီးဌာနအနေနှင့် ဆောင်ရွက်လျက်ရှိသည့် လူမှုကာကွယ်စောင့်ရှောက်ရေး အစီအစဉ်များရေးဆွဲပြီး၊ ရေးဆွဲလျက်ရှိသည့် လူမှုဝန်ထမ်းဆိုင်ရာဥပဒေနှင့် နည်းဥပဒေများ၊ နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်နိုင်မည့် ကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာဆွေးနွေးခဲ့ပါကြောင်း သတင်းရရှိပါသည်။

Sign Up

Upcoming Events