ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန ပြည်ခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် ပြည်ခရိုင်၊ ပြည်မြို့နယ်၊ ရွာဘဲနယ်မြေ၊ ဖတ်တန်းရပ်ကွက်၊ အုတ်ကြားလမ်း၌ (၂-၅-၂၀၁၇) ရက်နေ့တွင် ဖြစ်ပွားခဲ့သော မီးဘေးကြောင့် ဘေးသင့်ခဲ့သော နေအိမ် (၇) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၁) အိမ်လျှင် (၂၀၀,၀၀၀) နှုန်းဖြင့် (၁,၄၀၀,၀၀၀)ကျပ်နှင့် အိမ်ထောင်စု (၇) စုမှ လူဦးရေ (၂၉) ဦးအတွက် ဆန်ရိက္ခာဖိုငွေ (၇) ရက်စာ (၆၀,၉၀၀)ကျပ် စုစုပေါင်းထောက်ပံ့ငွေ (၁,၄၆၀,၉၀၀) ကျပ်နှင့်ကယ်ဆယ်ရေးပစ္စည်း (၉) မျိုး ကတ္တူပုံးအပါအဝင် (၇) ပုံးနှင့် Family Kit ပလပ်စတစ်ပုံးအပါအဝင် (၇) ပုံးတို့အား (၃-၅-၂၀၁၇) ရက်နေ့တွင် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။
Source: ပြည်ခရိုင်ဦးစီးမှူးရုံး (ကဆရ)