ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် စစ်ကိုင်းတိုင်းဒေသကြီးအတွင်း၌ (၂-၅-၂၀၁၇) ရက်နေ့တွင် ဖြစ်ပွားခဲ့သော လေဘေးကြောင့် ယင်းမာပင်ခရိုင်၊ ကနီမြို့နယ်၊ နတ်ကြီးကျေးရွာ အိမ် (၁) အိမ်အတွက် ကယ်ဆယ်ရေးပစ္စည်း (၅) မျိုး (၁) အိမ်ထောင်စာနှင့် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၃၀,၀၀၀)ကျပ်၊ ဝက်ချောင်းလေးကျေးရွာ အိမ် (၃၀) အိမ်အတွက် ကယ်ဆယ်ရေးပစ္စည်း (၅) မျိုး (၃၀) အိမ်ထောင်စာနှင့် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၁,၀၆၀,၀၀၀)ကျပ်၊ အေးသာယာကျေးရွာ အိမ် (၁၅) အိမ်အတွက် ကယ်ဆယ်ရေးပစ္စည်း (၅) မျိုး (၁၅) အိမ်ထောင်စာနှင့် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၆၈၀,၀၀၀)ကျပ်၊ သရက်ပင်ကျေးရွာ အိမ် (၁၇) အိမ်အတွက် ကယ်ဆယ်ရေးပစ္စည်း (၅) မျိုး (၁၇) အိမ်ထောင်စာနှင့် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၅၁၀,၀၀၀)ကျပ်၊ ချိုင်ကျေးရွာ အိမ် (၆) အိမ်အတွက် ကယ်ဆယ်ရေးပစ္စည်း (၅) မျိုး (၆) အိမ်ထောင်စာနှင့် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၁၈၀,၀၀၀)ကျပ် ဒင်ပေါက်ကျေးရွာ အိမ် (၁) အိမ်အတွက် ကယ်ဆယ်ရေးပစ္စည်း (၅) မျိုး (၁) အိမ်ထောင်စာနှင့် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၃၀,၀၀၀)ကျပ်၊ မုဠောကျေးရွာ အိမ် (၁) အိမ်နှင့် ဘုန်းကြီးကျောင်း (၁) ကျောင်းအတွက် ကယ်ဆယ်ရေးပစ္စည်း (၅) မျိုး (၁) အိမ်ထောင်စာနှင့် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၇၀,၀၀၀)ကျပ်နှင့် မုံရွာခရိုင် ဘုတလင်မြို့နယ် သာယာကုန်းနှင့် ချောင်းဝကြီးကျေးရွာ အိမ် (၂) အိမ်အတွက် ကယ်ဆယ်ရေးပစ္စည်း (၅) မျိုး (၂) အိမ်ထောင်စာနှင့် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၁၄၀,၀၀၀)ကျပ် စုစုပေါင်းထောက်ပံ့မှုမှာ ကယ်ဆယ်ရေးပစ္စည်း (၅) မျိုး (၇၃) အိမ်ထောင်စာနှင့် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၂,၇၀၀,၀၀၀) ကျပ်တို့ အား တိုင်းဒေသကြီးအစိုးရအဖွဲ့ စိုက်ပျိုးရေးဝန်ကြီး လွှတ်တော်ကိုယ်စားလှယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ခရိုင်အုပ်ချုပ်ရေးမှူး မြို့နယ်အုပ်ချုပ်ရေးမှူး မြို့မိမြို့ဖ ဌာနဆိုင်ရာများနှင့်အတူ (၃-၅-၂၀၁၇)ရက်နေ့တွင် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။
Source: စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူးရုံး (ကဆရ)