ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မုံရွာမြို့နယ်အတွင်းရှိ ထနောင်းတောကျေးရွာ၊ ဆူးလေကုန်းကျေးရွာ၊ ကိုးရှင်းကျွန်းကျေးရွာနှင့် မအူကျေးရွာများ၌ (၂-၅-၂၀၁၇) ရက်နေ့တွင် ဖြစ်ပွားခဲ့သော လေဘေးကြောင့် ဘေးသင့်အိမ်ထောင်စု (၂၈) စုအတွက် ကယ်ဆယ်ရေးပစ္စည်း (၅) မျိုး (၂၈) အိမ်ထောင်စာနှင့် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၁,၀၃၀,၀၀၀) ကျပ်တို့အား (၄-၅-၂၀၁၇) ရက်နေ့တွင် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။
Source: စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူးရုံး (ကဆရ)