Author Archives: Hlaing ChoOo
-
သဘာဝဘေးအန္တရာယ်လျော့ပါးရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်မှုသတင်း
ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ မြိတ်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၉-၅-၂၀၁၇) ရက်နေ့တွင် မြိတ်မြို့နယ်၊ မြိတ်တောင်ကျေးရွာအုပ်စု၊ အင်းလေးကမ်းရပ်တွင် သဘာဝဘေးအန္တရာယ်နှင့် ပတ်သက်သည့်အကြောင်းအရာများအားဆွေးနွေးဟောပြောခြင်း၊ ဆောင်ရန်/ရှောင်ရန်များအားရှင်းလင်းပြောကြားခြင်း၊ လက်ကမ်းစာစောင်များ၊ နံရံကပ်ပိုစတာများနှင့် ဆပ်ပြာမှုန့်ထုပ်များဝေငှပေးခြင်းများကို ဆောင်ရွက်ခဲ့ပါသည်။ အဆိုပါ ဟောပြောပွဲသို့ တက်ရောက်သူ (၁၀၀) ဦးခန့်ရှိကြောင်း သတင်းရရှိပါသည်။ Source: မြိတ်ခရိုင်ဦးစီးမှူးရုံး(ကဆရ)
-
မီးဘေးထောက်ပံ့မှုသတင်း
ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊မန္တလေးတိုင်းဒေသကြီးဦးစီးမူးရုံးမှ တာဝန်ရှိသူများသည် မန္တလေးမြို့၊ အောင်မြေသာစံမြို့နယ်၊ အောင်မြေသာစံရပ်ကွက်၊ အကွက်အမှတ် (၁၁၉)၌ (၂၇-၅-၂၀၁၇) ရက်နေ့တွင် ဖြစ်ပွားခဲ့သော မီးဘေးကြောင့် အိမ်ခြေ (၁) လုံးမှ အိမ်ထောင်စု (၂) စု ဘေးသင့်ခဲ့ပါသည်။ အဆိုပါ ဘေးသင့်အိမ်ခြေ (၁) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၁၀၀,၀၀၀) ကျပ်၊ ကယ်ဆယ်ရေးပစ္စည်း (၁၀) မျိုး (၂) အိမ်ထောင်စာနှင့် လူဦးရေ (၇) ဦးအတွက် ဆန်ရိက္ခာ (၇) ရက်စာ (၁၄,၇၀၀) ကျပ်တို့အား (၂၉-၅-၂၀၁၇) ရက်နေ့တွင် … Read more
-
သဘာဝဘေးလျော့ပါးရေးစေတနာ့ဝန်ထမ်းလူငယ် (ဆင့်ပွား) သင်တန်း အမှတ်စဉ် (၆/၂၀၁၇) ဖွင့်လှစ်မှုသတင်း
ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊မွန်ပြည်နယ်ဦးစီးမူးရုံးမှ တာဝန်ရှိသူများနှင့် International Rescue Committee (IRC) အဖွဲ့တို့ ပူးပေါင်းဖွင့်လှစ်သည့် သဘာဝဘေးလျော့ပါးရေးစေတနာ့ဝန်ထမ်းလူငယ် (ဆင့်ပွား) သင်တန်း အမှတ်စဉ် (၆/၂၀၁၇) အား (၂၉-၅-၂၀၁၇) ရက်နေ့မှ (၃၁-၅-၂၀၁၇) ရက်နေ့အထိ (၃) ရက်တာ ကြာမြင့်မည်ဖြစ်ပါသည်။ အဆိုပါ သင်တန်းတွင် မွန်ပြည်နယ်အစိုးရအဖွဲ့ လူမှုရေးဝန်ကြီး ဒေါက်တာထိန်လင်းမှ အဖွင့်အမှာစကားပြောကြားခဲ့ပြီး မွန်ပြည်နယ်ဦးစီးမှူး (ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန) မှ သင်တန်းနှင့် ပတ်သက်သည့် အကြောင်းအရာများအား ရှင်းလင်းပြောကြားခဲ့ပါသည်။ အဆိုပါ သင်တန်းသို့ တက်ရောက်သူ သင်တန်းသား (၃၀) … Read more
-
ဆိုင်ကလုန်းမုန်တိုင်းသတိပေးချက် အမှတ်စဉ်(၀၅)၊၂၀၁၇
၁။ (၂၀၁၇ ခုနှစ်၊ မေလ (၂၉) ရက်နေ့ မြန်မာစံတော်ချိန်(၁၁:၀၀) နာရီအချိန် မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ထုတ်ပြန်သည့် ဆိုင်ကလုန်းမုန်တိုင်းသတိပေးချက် ဆိုင်ကလုန်းမုန်တိုင်းအခြေအနေ (က) ယနေ့မြန်မာစံတော်ချိန် (၁၀:၃၀)နာရီအချိန် တိုင်းထွာချက်များအရ ဘင်္ဂလားပင်လယ် အော်အရှေ့အလယ်ပိုင်းတွင် ဖြစ်ပေါ်နေသော ဆိုင်ကလုန်းမုန်တိုင်း“မိုရာ”( Cyclonic Storm “Mora”) သည် မြောက်ဘက်သို့ ရွေ့လျားခဲ့ပြီး၊ မြန်မာနိုင်ငံ၊ ပုသိမ်မြို့၏ အနောက်- အနောက်မြောက်ဘက် (၁၉၅)မိုင်ခန့်၊ စစ်တွေမြို့၏ အနောက်တောင်ဘက် မိုင်(၁၈၀)ခန့်နှင့် ကျောက်ဖြူမြို့၏ အနောက်တောင်ဘက် မိုင်(၁၇၀)ခန့်၊ ဘင်္ဂလားဒေ့ရှ် နိုင်ငံ၊ … Read more
-
ရေငံတမံ ပြိုကျမှုကြောင့် ဘေးသင့်အိမ်ထောင်စုများအတွက် ထောက်ပံ့မှုသတင်း
ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ သထုံခရိုင်ဦးစီးမူးရုံးမှ တာဝန်ရှိသူများသည် မွန်ပြည်နယ်၊ သထုံခရိုင်၊ ပေါင်မြို့နယ်၊ အလှပ်ကျေးရွာအုပ်စု၊ ကမ်းနားပိုင်းတွင် (၂၇-၅-၂၀၁၇) ရက်နေ့တွင် ပင်လယ်လှိုင်းရိုက်ခတ်၍ ရေငံတမံ ပြိုကျမှုကြောင့် အိမ်ခြေ (၃) လုံးပြိုကျခဲ့ပြီး အိမ်ခြေ (၂) လုံး ယိုင်နှဲ့ခဲ့ပါသည်။ အဆိုပါ ဘေးသင့်ပြိုကျအိမ်ခြေ (၃) လုံးအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၅) မျိုးပါ (၃) ပုံး၊ အိမ်ဆောက်ပစ္စည်းဖိုးနှင့် ဆန်ရိက္ခာဖိုးငွေ (၃၈၇,၃၀၀) ကျပ်နှင့် ယိုင်နှဲ့အိမ် (၂) လုံးအတွက် ကယ်ဆယ်ရေးပစ္စည်း (၇) မျိုးပါ (၂) … Read more
-
မုန်တိုင်းငယ်သတိပေးချက်နှင့်ပတ်သက်၍ ပြည်သူသို့ အသိပေးနှိုးဆော်ချက်
၂၀၁၇ ခုနှစ်၊ မေလ(၂၈) ရက်နေ မြန်မာစံတော်ချိန် (၁၄:၀၀) နာရီအချိန် မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ထုတ်ပြန်သည့် မုန်တိုင်းငယ်သတိပေးချက်အမှတ်စဉ် (၀၂)၊ ၂၀၁၇ အရဘင်္ဂလားပင်လယ်အော်အလယ်ပိုင်းနှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော ဘင်္ဂလားပင်လယ်အော်အရှေ့တောင်ပိုင်းတွင် ဖြစ်ပေါ်နေသော မုန်တိုင်းငယ် (Depression) သည်ပိုမိုအားကောင်းလာပြီး မြန်မာနိုင်ငံ၊ကိုကိုးကျွန်းမြို့၏ အနောက်ဘက်မိုင် (၂၃၀) ခန့်နှင့် ပုသိမ်မြို့၏ အနောက်တောင်ဘက်မိုင် (၃၃၀) ခန့်၊ကျောက်ဖြူမြို့၏ တောင်-အနောက်တောင် ဘက်မိုင် (၃၇၀) ခန့်၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ စစ်တကောင်းမြို့၏ တောင်-အနောက်တောင် ဘက်မိုင် (၄၈၀) ခန့်အကွာ ပင်လယ်ပြင်ကိုဗဟိုပြုနေပြီး၊ မြောက်-အရှေ့မြောက်ဘက်သို့ … Read more
-
မီးဘေးထောက်ပံ့မှုသတင်း
ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ကျောက်မဲခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ကျောက်မဲခရိုင်၊ သီပေါမြို့နယ်နှင့် နမ့်လန်ကျေးရွာအုပ်စု၊ ပန်ဆင်ရပ်ကွက်၌ (၂၄-၅-၂၀၁၇) ရက်နေ့တွင် လောင်ကျွမ်းခဲ့သော မီးဘေးကြောင့် ဘေးသင့်ခဲ့သော အိမ်ခြေ (၁) လုံး၊ အိမ်ထောင်စု (၁) စုအတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၄၀,၀၀၀) ကျပ်အား ကျောက်မဲခရိုင်၊ သီပေါမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးထံသို့ လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: ကျောက်မဲခရိုင်ဦးစီးမှူးရုံး(ကဆရ)
-
မုတ်သုံအကြိုကာလ မုန်တိုင်းအန္တရာယ်အသိပညာပေးလက်ကမ်းစာစောင် ဖြန့်ဝေပေးမှုသတင်း
ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ မြောက်ဦးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ACF အဖွဲ့နှင့်ပူးပေါင်း၍ မင်းပြားမြို့၊ မြို့မဈေးနှင့် ကားကြီးဝန်းအတွင်းရှိ ပြည်သူများထံသို့ မုတ်သုန်အကြိုကာလ မုန်တိုင်းအန္တရာယ်အသိပညာပေးလက်ကမ်းစာစောင် (၁,၀၀၀) အား (၂၆-၅-၂၀၁၇) ရက်နေ့တွင် လိုက်လံဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိပါသည်။ Source: မြောက်ဦးခရိုင်ဦးစီးမှူးရုံး(ကဆရ)
-
မီးဘေးထောက်ပံ့မှုသတင်း
ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ကချင်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့၊ နောင်ဟီးကျေးရွာ၊ ရွာမရပ်ကွက်၌ (၂၅-၅-၂၀၁၇) ရက်နေ့တွင် ဖြစ်ပွားခဲ့သော မီးဘေးကြောင့် ဘေးသင့်ခဲ့သော အိမ်ထောင်စု (၁) စုအတွက် ကယ်ဆယ်ရေးပစ္စည်း (၉) မျိုး (၁) အိမ်ထောင်စာ၊ အိမ်ဆောက်ပစ္စည်းဖိုးငွေ (၁၀၀,၀၀၀) ကျပ်နှင့် လူဦးရေ (၃) ဦးအတွက် ဆန်ရိက္ခာ (၇) ရက်စာ (၆,၃၀၀) ကျပ်တို့အား ဝိုင်းမော်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ အုပ်ချုပ်ရေးမှူးနှင့်အတူ(၂၆-၅-၂၀၁၇) ရက်နေ့တွင် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: ကချင်ပြည်နယ်ဦးစီးမှူးရုံး(ကဆရ)
-
လေဘေးထောက်ပံ့မှုသတင်း
ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ပြည်ထောင်စုနယ်မြေဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဥတ္တရသီရိမြို့နယ်၊ မင်းကုန်းအုပ်စု၊ မအူလေးပင်ကျေးရွာ၌ (၂၆-၅-၂၀၁၇) ရက်နေ့တွင် ဖြစ်ပွားခဲ့သော လေဘေးကြောင့် ဘေးသင့်ခဲ့သော အမိုးလန် အိမ်ခြေ (၅) လုံးမှ အိမ်ထောင်စု (၅) စုအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၀) မျိုးအား (၂၆-၅-၂၀၁၇) ရက်နေ့တွင် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: ပြည်ထောင်စုနယ်မြေဦးစီးမှူးရုံး(ကဆရ)
