သဘာဝဘေးလျော့ပါးရေးစေတနာ့ဝန်ထမ်းလူငယ် (ဆင့်ပွား) သင်တန်း အမှတ်စဉ် (၆/၂၀၁၇) ဖွင့်လှစ်မှုသတင်း

ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊မွန်ပြည်နယ်ဦးစီးမူးရုံးမှ တာဝန်ရှိသူများနှင့် International Rescue Committee (IRC) အဖွဲ့တို့ ပူးပေါင်းဖွင့်လှစ်သည့် သဘာဝဘေးလျော့ပါးရေးစေတနာ့ဝန်ထမ်းလူငယ် (ဆင့်ပွား) သင်တန်း အမှတ်စဉ် (၆/၂၀၁၇) အား (၂၉-၅-၂၀၁၇) ရက်နေ့မှ (၃၁-၅-၂၀၁၇) ရက်နေ့အထိ (၃) ရက်တာ ကြာမြင့်မည်ဖြစ်ပါသည်။ အဆိုပါ သင်တန်းတွင် မွန်ပြည်နယ်အစိုးရအဖွဲ့ လူမှုရေးဝန်ကြီး ဒေါက်တာထိန်လင်းမှ အဖွင့်အမှာစကားပြောကြားခဲ့ပြီး မွန်ပြည်နယ်ဦးစီးမှူး (ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန) မှ သင်တန်းနှင့် ပတ်သက်သည့် အကြောင်းအရာများအား ရှင်းလင်းပြောကြားခဲ့ပါသည်။ အဆိုပါ သင်တန်းသို့ တက်ရောက်သူ သင်တန်းသား (၃၀) ဦးခန့်ရှိကြောင်း သတင်းရရှိပါသည်။

Source:            မွန်ပြည်နယ်ဦးစီးမှူးရုံး

 

Sign Up

Upcoming Events