ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ မြောက်ဦးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ACF အဖွဲ့နှင့်ပူးပေါင်း၍ မင်းပြားမြို့၊ မြို့မဈေးနှင့် ကားကြီးဝန်းအတွင်းရှိ ပြည်သူများထံသို့ မုတ်သုန်အကြိုကာလ မုန်တိုင်းအန္တရာယ်အသိပညာပေးလက်ကမ်းစာစောင် (၁,၀၀၀) အား (၂၆-၅-၂၀၁၇) ရက်နေ့တွင် လိုက်လံဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိပါသည်။
Source: မြောက်ဦးခရိုင်ဦးစီးမှူးရုံး(ကဆရ)