Author Archives: Hlaing ChoOo

  • သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်မှုသတင်း

    ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ မိုင်းဖြတ်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၃-၆-၂၀၁၇) ရက်နေ့၊ နံနက် (၀၈:၀၀) နာရီအချိန်တွင် မိုင်းဖြတ်မြို့၊ ဝမ်ဟွေရပ်ကွက်အတွင်းရှိ ပြည်သူ (၉၀) ဦးခန့်နှင့် နံနက် (၁၀:၀၀) နာရီအချိန်တွင် မိုင်းဖြတ်မြို့၊ ဟိုနားရပ်ကွက်အတွင်းရှိ ပြည်သူ (၁၀၀) ဦးခန့်တို့အား သဘာဝဘေးအသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်ခဲ့ပြီး လက်ကမ်းစာစောင်များဝေငှပေးခြင်းနှင့် နံရံကပ်ပိုစတာများ ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source:            မိုင်းဖြတ်ခရိုင်ဦးစီးမှူးရုံး(ကဆရ)  

  • အသိပညာပေးလုပ်ငန်းများဆောင်ရွက်ခြင်းနှင့် ထောက်ပံ့ပစ္စည်းများပေးအပ်မှုသတင်း

    ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ မွန်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၃-၆-၂၀၁၇) ရက်နေ့တွင် မွန်ပြည်နယ်၊ ရေးမြို့နယ်၊ အဘော်ကျေးရွာ၌ လေပြင်းဘေးကြိုတင်ဆင်ရေးသတိပေးချက် ဆိုင်းဘုတ်စိုက်ထူခြင်း၊ ကျေးရွာနေပြည်သူများအား သဘာဝဘေးအသိပညာပေးဟောပြောဆွေးနွေးခြင်း၊ သဘာဝဘေးလက်ကမ်းစာစောင်များဖြန့်ဝေပေးခြင်းများကို ဆောင်ရွက်ခဲ့ပြီး (၁၆-၆-၂၀၁၆) ရက်နေ့တွင် အလင်းဝင်ရောက်ခဲ့သော မိသားစု (၂၀) စုအား လူသုံးကုန်ပစ္စည်းများ ထောက်ပံ့ပေးအပ်ခဲ့ကြောင်းသတင်းရရှိပါသည်။ Source:            မွန်ပြည်နယ်ဦးစီးမှူးရုံး(ကဆရ)

  • လေဘေးထောက်ပံ့မှုသတင်း

    ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာမြို့နယ်၊ အမှတ် (၁၆) ရပ်ကွက်တွင် (၁၆-၄-၂၀၁၇) ရက်နေ့တွင် ဖြစ်ပွားခဲ့သော လေဘေးကြောင့် ဘေးသင့်ခဲ့သော အမိုးလန် အိမ်ခြေ (၁) လုံးအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၀) မျိုး၊ (၁) အိမ်ထောင်စာ၊ အိမ်ဆောက်ပစ္စည်းဖိုးငွေ (၅၀,၀၀၀) ကျပ်နှင့် ဒဏ်ရာရ လူနာ (၁) ဦးအတွက် ထောက်ပံ့ငွေ (၅၀,၀၀၀) ကျပ်တို့အား (၃-၆-၂၀၁၇) ရက်နေ့တွင် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံး(ကဆရ)

  • ထောက်ပံ့ငွေပေးအပ်မှုသတင်း

    ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ရခိုင်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ရခိုင်ပြည်နယ် ၊ပေါက်တောမြို့၊ ရပ်ကွက်(၃) ၌ (၁၇-၅-၂၀၁၇) ရက် (၀၈း၃၀)နာရီတွင် မီးလောင်ကျွမ်းမှုကြောင့် ဒဏ်ရာရလူနာ(၁၆) ဦးတို့အား တစ်ဦးလျင် (၅၀,၀၀၀)ကျပ်နှုန်းဖြင့် (၈၀၀,၀၀၀) ကျပ်တို့အား (၁၈-၅-၂၀၁၇) ရက်တွင် သွားေရောက်ထောက်ပံ့ပေးပြီးဖြစ်ပါသည်။ (၂၆-၅-၂၀၁၇) ရက်နေ့ ထပ်မံရရှိသော သတင်းများအရ အဆိုပါ ဒဏ်ရာရလူနာ (၁၆) ဦးမှ (၁) ဦးမှာ သေဆုံးသွားပါသဖြင့် အဆိုပါ သေဆုံးသူတစ်ဦးအတွက် ထောက်ပံ့ငွေ (၂၅၀,၀၀၀) ကျပ်အား စစ်တွေမြို့နယ် ပြည်သူ့ဆေးရုံကြီးသို့ သွားရောက်၍ ထပ်မံ … Read more

  • လေပြင်းတိုက်ခတ်မှုနှင့် ပင်လယ်ဒီရေရိုက်ခတ်မှုကြောင့် ပြိုကျပျက်စီးခဲ့သည့် နေအိမ်များအားထောက်ပံ့မှုသတင်း

    ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်၊ ဟိုင်းကြီးကျွန်းမြို့၊ အမှတ်(၃) ရပ်ကွက်နှင့် ဒီးဒူးကုန်းကျေးရွာအုပ်စု၊ ပြည်သာယာကျေးရွာတို့တွင် (၂၉-၅-၂၀၁၇) ရက်နေ့၌ ဖြစ်ပွားခဲ့သော လေပြင်းတိုက်ခတ်မှုနှင့် ပင်လယ်ဒီရေရိုက်ခတ်မှုကြောင့် ပြိုကျပျက်စီးခဲ့သည့် နေအိမ် (၆) လုံးအတွက်   Family Kits  (၆) ပုံး၊ အိမ်ဆောက်ပစ္စည်းဖိုးငွေ (၆၀၀,၀၀၀)၊ လူဦးရေ(၂၇) ဦးအတွက် ဆန်ရိက္ခာ(၇) ရက်စာ(၅၆,ရဝဝ)၊ စုစုပေါင်းရန်ပုံငွေ (၆၅၆,၇၀၀) အား (၃၁-၅-၂၀၁၇) ရက်နေ့တွင် ငပုတောမြို့နယ်အုပ်ချုပ်ရေးမှူးနှင့်အတူ  သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံး(ကဆရ)

  • လေဘေးထောက်ပံ့မှုသတင်း

    ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဒဂုံမြို့သစ်(အရှေ့ပိုင်း) မြို့နယ်၊ စစ်ပင်တောင်ရပ်ကွက်၌ (၃၀-၅-၂၀၁၇) ရက်နေ့တွင် ဖြစ်ပွားခဲ့သော လေပြင်းတိုက်ခတ်ခဲ့မှုကြောင့် ဘေးသင့်ခဲ့သော ပြိုကျပျက်စီးအိမ် (၇) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ တစ်အိမ်လျှင် (၁၀၀,၀၀၀) ကျပ်နှုန်းဖြင့် (၇၀၀,၀၀၀) ကျပ်၊ အမိုးလန်အိမ်ခြေ (၈) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ တစ်အိမ်လျှင် (၅၀,၀၀၀) ကျပ်နှုန်းဖြင့် (၄၀၀,၀၀၀) ကျပ်၊ ကယ်ဆယ်ရေးပစ္စည်း (၁၀) မျိုး၊ (၁၅) အိမ်ထောင်စာနှင့် လူဦးရေ (၆၄) ဦးအတွက် ဆန်ရိက္ခာ (၇) ရက်စာ … Read more

  • လေဘေးထောက်ပံ့မှုသတင်း

    ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ပြည်ထောင်စုနယ်မြေဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဒက္ခိဏသီရိမြို့နယ်၊ ချိုင်းကျေးရွာ၌ (၃၀-၅-၂၀၁၇) ရက်နေ့တွင် ဖြစ်ပွားခဲ့သော လေဘေးကြောင့် ဘေးသင့်ခဲ့သော အိမ်ထောင်စု (၁) စုအတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၁၀၀,၀၀၀) ကျပ်၊ ကယ်ဆယ်ရေးပစ္စည်း(၁၆) မျိုးနှင့် လူဦးရေ (၂) ဦးအတွက် ဆန်ရိက္ခာဖိုးငွေ (၄,၂၀၀) ကျပ်တို့အား (၃၁-၅-၂၀၁၇) ရက်နေ့တွင် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source:            ပြည်ထောင်စုနယ်မြေဦးစီးမှူးရုံး(ကဆရ)  

Sign Up

Upcoming Events