ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ မိုင်းဖြတ်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၃-၆-၂၀၁၇) ရက်နေ့၊ နံနက် (၀၈:၀၀) နာရီအချိန်တွင် မိုင်းဖြတ်မြို့၊ ဝမ်ဟွေရပ်ကွက်အတွင်းရှိ ပြည်သူ (၉၀) ဦးခန့်နှင့် နံနက် (၁၀:၀၀) နာရီအချိန်တွင် မိုင်းဖြတ်မြို့၊ ဟိုနားရပ်ကွက်အတွင်းရှိ ပြည်သူ (၁၀၀) ဦးခန့်တို့အား သဘာဝဘေးအသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်ခဲ့ပြီး လက်ကမ်းစာစောင်များဝေငှပေးခြင်းနှင့် နံရံကပ်ပိုစတာများ ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။
Source: မိုင်းဖြတ်ခရိုင်ဦးစီးမှူးရုံး(ကဆရ)