Author Archives: Hlaing ChoOo
-
ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့နယ် ကယ်ဆယ်ရေးစခန်းမှ ပြောင်းရွှေ့သွားကြသည့် ကမန်တိုင်းရင်းသားများ နှင့်ပတ်သက်၍ ဒေသတွင်း ပြန်လည်နေရာချထားရေးနှင့် လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းကော်မတီမှ ထောက်ပံ့ဆောင်ရွက်မှုအခြေအနေများ
– ရခိုင်ပြည်နယ်တည်ငြိမ်အေးချမ်းမှုနှင့် ဖွံ့ဖြိုးတိုးတက်ရေး အကောင်အထည်ဖော်ရေး ဗဟို ကော်မတီ၏လုပ်ငန်းများကို အောင်မြင်စွာ အကောင်အထည်ဖော်နိုင်ရန်အတွက် ဖွဲ့စည်းပေးထားသော လုပ်ငန်းကော်မတီများအနက် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ ဦးဆောင်သောဒေသတွင်း ပြန်လည်နေရာချထားရေးနှင့် လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းကော်မတီသည် ကယ်ဆယ်ရေးစခန်းများရှိ ကမန်တိုင်းရင်း သားများ၏ အရေးကိစ္စများကိုလည်း အလေးထား ဆောင်ရွက် လျက်ရှိပါသည်။ – ထိုသို့ဆောင်ရွက်လျက်ရှိရာရမ်းဗြဲမြို့၊ အမှတ် (၆) ရပ်ကွက်၊ တန်းရွာ IDP စခန်းတွင် နေထိုင် လျက်ရှိရာမှ၂၀၁ရခုနှစ်၊ ဧပြီ၊ မေနှင့်ဇွန်လများအတွင်း မိမိတို့၏သဘောဆန္ဒအလျောက် တရားဝင်တင်ပြ၍ ရန်ကုန်မြို့နှင့် သံတွဲမြို့များသို့ … Read more
-
ရေကြီးရေလျှံမှုများကိုထိရောက်စွာတုန့်ပြန်ဆောင်ရွက်နိုင်ရေး ပြည်ထောင်စုနှင့် တိုင်းဒေသကြီးအစိုးရတို့ ပူးပေါင်းဆောင်ရွက်မှုသတင်း
(၁၅-၇-၂၀၁၇)၊ မန္တလေး အမျိုးသားသဘာဝဘေးဆိုင်ရာစီမံခန့်ခွဲမှုကော်မတီဒုတိယဥက္ကဌ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထား ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးသည် ယနေ့နံနက်ပိုင်းတွင် မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမတွင် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်နှင့်တွေ့ဆုံ၍ မန္တလေးတိုင်းဒေသကြီးအတွင်း ယမန် နှစ် ရေကြီးနစ်မြှပ်မှုအတွေ့အကြုံများ၊ ယခုနှစ်ကြိုတင်ဆောင်ရွက်နေမှုများ၊ ပြည်ထောင်စုအစိုးရနှင့် တိုင်းဒေသကြီး အစိုးရတို့ သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး၊ တုန့်ပြန်ရေး၊ ပြန်လည်ထူထောင်ရေးလုပ်ငန်းများနှင့်စပ်လျဉ်း၍ ပူးပေါင်းဆောင်ရွက် ရန်ကိစ္စရပ်များကို ဆွေးနွေးညှိနှိုင်းပါသည်။ ယင်းနောက် မိုးရာသီတွင် ပုသိမ်ကြီးမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ အန္တရာယ်ကင်းရှင်းစွာဖြင့် သွားလာနိုင်ရန်နှင့် တိုင်းဒေသကြီး သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုလုပ်ငန်းများတွင် အသုံးပြုရန်အတွက် … Read more
-
ကယ်ဆယ်ရေးပစ္စည်းနှင့် ထောက်ပံ့ငွေပေးအပ်မှုသတင်း
ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ မိုးညှင်းခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မိုးကောင်းမြို့၊ နန့်ရင့်ရပ်ကွက်၌ (၇-၇-၂၀၁၇) ရက်နေ့တွင် ဖြစ်ပွားခဲ့သော မီးဘေးကြောင့် ဘေးသင့်ခဲ့သော နေအိမ်အတွက် ကယ်ဆယ်ရေးပစ္စည်း (၉) မျိုး ၊ အိမ်ဆောက်ပစ္စည်းဖိုးငွေ (၂၀၀,၀၀၀) ကျပ်နှင့် ဆန်ရိက္ခာဖိုးငွေ (၇) ရက်စာ (၆,၃၀၀) ကျပ်၊ စုစုပေါင်း (၂၀၆,၃၀၀) ကျပ်တို့အား နန့်ရင်းရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့်အတူ (၁၅-၇-၂၀၁၇) ရက်နေ့တွင် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: မိုးညှင်းခရိုင်ဦးစီးမှူးရုံး (ကဆရ)
-
မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးရေးရာကော်မတီအစည်းအဝေး (၁/၂၀၁၇) ကျင်းပပြုလုပ်ခြင်း
(၁၄-၇-၂၀၁၇)၊ နေပြည်တော် မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးရေးရာကော်မတီအစည်းအဝေး (၁/၂၀၁၇) ကို ယနေ့နံနက်ပိုင်းက လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ရာ မြန်မာနိုင်ငံလုံးဆိုင်ရာအမျိုးသမီးရေးရာကော်မတီဥက္ကဌ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ် ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး တက်ရောက်အမှာစကားပြောကြားပါသည်။ ပြည်ထောင်စုဝန်ကြီးက မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးရေးရာ ကော်မတီသည် နိုင်ငံတော် အဆင့် လုပ်ငန်းယန္တရားတစ်ရပ်ဖြစ်ပြီး အမျိုးသမီးများအား နည်းမျိုးစုံဖြင့်ခွဲခြားမှု ပပျောက်ရေး ဆိုင်ရာ ကုလသမဂ္ဂကွန်ဗင်းရှင်းနှင့် လုပ်ငန်းအစီအစဉ်များကို နိုင်ငံတော်ကိုယ်စား အဓိကတာဝန်ယူ ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ အမျိုးသမီးများအားနည်းမျိုးစုံဖြင့် ခွဲခြားမှုပပျောက်ရေးဆိုင်ရာ ကုလသမဂ္ဂသဘောတူစာချုပ်နှင့် ကမ္ဘာ့အမျိုးသမီးညီလာခံ (ဘေးဂျင်း၁၉၉၅) … Read more
-
ကယ်ဆယ်ရေးပစ္စည်းနှင့် ထောက်ပံ့ငွေပေးအပ်မှုသတင်း
ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ကရင်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် လှိုင်းဘွဲ့မြို့နယ်၊ ရွှေဂွန်းကျေးရွာ၌ (၇-၇-၂၀၁၇) ရက်နေ့ (၁၅:၃၀) နာရီအချိန်တွင် သံလွင်မြစ်ရေတိုက်စားမှုကြောင့် ကမ်းပြိုမှုဖြစ်ပွားခဲ့ရာ အိမ် (၁) လုံးပြိုကျခဲ့ပြီး အိမ် (၁) လုံအား ကြိုတင်ဖျက်သိမ်းခဲ့ရာ အိမ်ထောင်စု (၂) စုမှ လူဦးရေ (၈) ဦးအား ပြောင်းရွှေ့ပေးခဲ့ပါသည်။ အဆိုပါ ကမ်းပြိုဘေးသင့်ပြည်သူများအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၀) မျိုး၊ (၂) အိမ်ထောင်စာ၊ အိမ်ဆောက်ပစ္စည်းဖိုးငွေ (၂၀၀,၀၀၀) ကျပ်နှင့် ဆန်ရိက္ခာဖိုးငွေ (၇) ရက်စာ (၁၆,၈၀၀) ကျပ် … Read more
-
မိုရာမုန်တိုင်းသင့်ပြည်သူများအတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေများထောက်ပံ့မှုသတင်း
ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ မောင်တောခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မောင်တောမြို့နယ်၊ လေဘေးသင့်ကျေးရွာအုပ်စုများရှိ အုပ်စု (၂) စုမှ လုံးဝပြိုလဲအိမ် (၇၆) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၃,၈၀၀,၀၀၀) ကျပ်နှင့် တစ်စိတ်တစ်ပိုင်းပျက်စီးအိမ် (၁၇၂) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၃,၄၄၀,၀၀၀) ကျပ်၊ စုစုပေါင်း (၇,၂၄၀,၀၀၀) ကျပ်တို့အား (၁၄-၇-၂၀၁၇) ရက်နေ့တွင် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: မောင်တောခရိုင်ဦးစီးမှူးရုံး (ကဆရ)
-
ရေဘေးကြိုတင်ကာကွယ်ရေးဆိုင်ရာ ဆောင်ရန်/ရှောင်ရန် ဗီနိုင်းပိုစတာများ စိုက်ထူမှုသတင်း
ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ပြည်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၃-၇-၂၀၁၇) ရက်နေ့တွင် ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပြည်မြို့နယ်၊ ကုန်းသာလင်းကျေးရွာအုပ်စု၌ ရေဘေးကြိုတင်ကာကွယ်ရေးဆိုင်ရာ ဆောင်ရန်/ရှောင်ရန် ဗီနိုင်းပိုစတာများအား စိုက်ထူပေးခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: ပြည်ခရိုင်ဦးစီးမှူးရုံး (ကဆရ)
-
ရေဘေးကြိုတင်ကာကွယ်ရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်မှုသတင်း
ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ပြည်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၃-၇-၂၀၁၇) ရက်နေ့တွင် ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပြည်မြို့နယ်၊ ကုန်းသာလင်းကျေးရွာအုပ်စု၌ ကျေးရွာသူ/သား (၁၀၀) ဦးတို့အား ရေဘေးကြိုတင်ကာကွယ်ရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲအား ကျင်းပပြုလုပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: ပြည်ခရိုင်ဦးစီးမှူးရုံး (ကဆရ)
