Author Archives: Hlaing ChoOo

  • ဧရာဝတီတိုင်းဒေသကြီးအတွင်း သဘာဝဘေးကြိုတင်ပြင်ဆင်ရေးနှင့် ထောက်ပံ့ရေးလုပ်ငန်းများ ပူးပေါင်းဆောင်ရွက်မှုဖြင့် ထိရောက်စွာဆောင်ရွက်လျက်ရှိမှုသတင်း

    (၃၀-၇-၂၀၁၇)၊ ဧရာဝတီတိုင်းဒေသကြီး ၂၀၁ရခုနှစ်၊ ဇူလိုင်လ၊ (၃၀) ရက်နေ့ (ယနေ့) နံနက်ပိုင်းတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးသည် တာဝန်ရှိသူများလိုက်ပါလျက် သာပေါင်းမြို့၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် မြို့နယ်အဆင့်သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှု ကော်မတီဝင်များ၊ ဌာန ဆိုင်ရာများနှင့်တွေ့ဆုံရာ မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူး ဦးအောင်စိုးဦးက သာပေါင်းမြို့နယ်အတွင်း ဘေးအန္တရာယ်ကြိုတင် ကာကွယ်မှုလုပ်ငန်းများ ဆောင်ရွက်ထားရှိမှုအခြေအနေနှင့် လိုအပ်ချက်များကို ရှင်းလင်းတင်ပြမှုအပေါ် ပြည်ထောင်စုဝန်ကြီးက ညှိနှိုင်းဖြေရှင်းဆောင်ရွက်ပေးပြီး အမှာစကားပြောကြားရာတွင် အမျိုးသားသဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုကော်မတီ ဦးဆောင်မှု ဖြင့် သက်ဆိုင်ရာဝန်ကြီးဌာနများ ပါဝင်ဆောင်ရွက်သော လုပ်ငန်းကော်မတီ (၁၂) … Read more

  • ကယ်ဆယ်ရေးပစ္စည်းနှင့် ထောက်ပံ့ငွေပေးအပ်မှုသတင်း

    ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ကြံခင်းမြို့၊ တလိုင်းကွင်း အုပ်စု၊ ရေလယ်ကျွန်းအုပ်စု၊ သောကြာဒူးအုပ်စုတို့တွင် (၂၃-၇-၂၀၁၇) ရက်နေ့တွင်ဖြစ်ပွားခဲ့သော ကမ်းပြိုဘေးကြောင့် ဘေးသင့်ခဲ့သော အိမ်ထောင်စု (၅) စု၊ လူဦးရေ (၁၉) ဦးတို့အတွက် ကယ်ဆယ်ရေးပစ္စည်း (၄) မျိုးစီကိုလည်းကောင်း၊ အိမ်ဆောက်ပစ္စည်းဖိုး (၅၀၀,၀၀၀) ကျပ်၊ ဆန်ရိက္ခာဖိုးငွေ (၃၉,၉၀၀) ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ (၅၃၉,၉၀၀) ကျပ်တို့အား (၂၆-၇-၂၀၁၇)ရက်နေ့တွင်  သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source:             ဟင်္သာတခရိုင်ဦးစီးမှူးရုံး (ကဆရ)  

  • ထောက်ပံ့ငွေပေးအပ်မှုသတင်း

    ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မြန်အောင်၊ အမှတ် (၅) ရပ်ကွက်၊ အမှတ် (၆) ရပ်ကွက်၊ ဇလုပ်ကြီး (ကန့်ဘလူ) တို့၌ (၂၄-၇-၂၀၁၇) ရက်နေ့နှင့် (၂၅-၇-၂၀၁၇) ရက်နေ့များတွင် ဖြစ်ပွားသောရေဘေးကြောင့် ဘေးသင့် အိမ်ခြေ (၃၃) လုံး၊ အိမ်ထောင်စု (၃၃) စုမှ လူဦးရေ (၉၀) ဦးအတွက် ဆန်ရိက္ခာဖိုးငွေ (၁၈၉,၀၀၀) ကျပ်တို့အား (၂၆-၇-၂၀၁၇) ရက်နေ့တွင် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source:             ဟင်္သာတခရိုင်ဦးစီးမှူးရုံး (ကဆရ)  

  • ကယ်ဆယ်ရေးပစ္စည်းနှင့် ထောက်ပံ့ငွေပေးအပ်မှုသတင်း

    ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ မြေက်ဦးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မြောက်ဦးမြို့နယ်၊ စက်သားကျေးရွာ၌ ရုတ်တရက်လေပြင်းတိုက်ခတ်မှုကြောင့် တစ်စိတ်တစ်ပိုင်းပျက်စီးနေအိမ် (၁၆) လုံး၊ အိမ်ထောင်စု (၁၆) စုစာအတွက် ကယ်ဆယ်ရေးပစ္စည်း (၆) မျိုးအား (၂၅-၇-၂၀၁၇) ရက်နေ့တွင် ထောက်ပံ့ပေးအပ်ခဲ့ပြီး ထပ်မံ၍ အဆိုပါ အိမ်ထောင်စု (၁၆) စုအတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၃၂၀,၀၀၀)ကျပ်နှင့် လူဦးရေ (၅၄) ဦးအတွက် ဆန်ရိက္ခာဖိုးငွေ (၇) ရက်စာ (၁၁၃,၄၀၀) ကျပ်တို့အား (၂၆-၇-၂၀၁၇) ရက်နေ့တွင် ဆက်လက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source:             မြေက်ဦးခရိုင်ဦးစီးမှူးရုံး (ကဆရ)

  • ကယ်ဆယ်ရေးပစ္စည်းနှင့် ထောက်ပံ့ငွေပေးအပ်မှုသတင်း

    ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဟင်္သာတခရိုင်၊ အင်္ဂပူမြို့နယ်၊ (၂၅-၇-၂၀၁၇) နေ့တွင် ဝက်သေအုပ်စု စက်စက်ယိုကျေးရွာ၌ လူနေအိမ် (၁) လုံး ရေနှူး၍ ပြိုကျခြင်းနှင့် ကံဘက်အုပ်စု သာယာကုန်းကျေးရွာတွင် ကမ်းပြိုမှုကြာင့် လူနေအိမ် (၁) လုံး ကြိုတင်ရွှေ့ပြောင်းခဲ့ရမှုများ ဖြစ်ပွားခဲ့ရာ အဆိုပါ ဘေးသင့်ခဲ့သော နေအိမ် (၂) လုံးအတွက် ကယ်ဆယ်ရေးပစ္စည်း (၄) မျိုး၊ အိမ်ဆောက်ပစ္စည်းဖိုးငွေ (၂၀၀,၀၀၀) ကျပ်နှင့် လူဦးရေ (၉) ဦးအတွက် ဆန်ရိက္ခာဖိုးငွေ (၁၈,၉၀၀) ကျပ်၊ စုစုပေါင်း … Read more

  • ကယ်ဆယ်ရေးပစ္စည်းနှင့် ထောက်ပံ့ငွေပေးအပ်မှုသတင်း

    ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ မြောက်ဦးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မင်းပြားမြို့နယ်၊ ဟာလာကျေးရွာ၌ (၂၄-၇-၂၀၁၇) ရက်နေ့တွင် ရုတ်တရက်လေပြင်းတိုက်ခတ်မှုကြောင့် ဘေးသင့်ခဲ့သော လုံးဝပျက်စီးနေအိမ် (၁၇) လုံးအတွက် ကယ်ဆယ်ရေပစ္စည်း (၁၀) မျိုး၊ တစ်စိတ်တစ်ပိုင်းပျက်စီးနေအိမ် (၁၃) လုံးအတွက် ကယ်ဆယ်ရေးပစ္စည်း (၆) မျိုး၊ လူဦးရေ (၁၁၅) ဦးအတွက် ဆန်ရိက္ခာဖိုးငွေ (၂၄၁,၅၀၀) ကျပ်နှင့် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၁,၉၆၀,၀၀၀) ကျပ်၊ စုစုပေါင်း (၂,၂၀၁,၅၀၀) ကျပ်တို့အား (၂၆-၇-၂၀၁၇) ရက်နေ့တွင် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။  

  • ကယ်ဆယ်ရေးပစ္စည်းနှင့် ထောက်ပံ့ငွေပေးအပ်မှုသတင်း

    ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၅-၇-၂၀၁၇) ရက်နေ့တွင် ပခုက္ကူခရိုင်၊ ပခုက္ကူမြို့နယ်၊ ကျွဲတဲကျေးရွာအုပ်စု၊ အေးကျွန်းကျေးရွာ၌ မြစ်ရေဝင်ရောက်မှုကြောင့် သစ်ပင်ပြိုလဲ၍ အိမ်ပျက်စီးသည့် ရေဘေးသင့်အိမ်ခြေ (၂) လုံး၊ အိမ်ထောင်စု (၂) စု၊ လူဦးရေ (၁၃) ဦးအတွက် ဆန်ရိက္ခာ (၇) ရက်စာ (၂၇,၃၀၀) ကျပ်၊ ကယ်ဆယ်ရေးပစ္စည်း (၉) မျိုးနှင့် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၂၀၀,၀၀၀) ကျပ်၊ စုစုပေါင်း (၂၂၇,၃၀၀) ကျပ်တို့အား (၂၆-၇-၂၀၁၇) ရက်နေ့တွင် ကျေးရွာအုပ်ချုပ်ရေးမှူးနှင့်အတူ ဘေးသင့်ပြည်သူများ၏ လက်ဝယ်အရောက် … Read more

  • ကယ်ဆယ်ရေးပစ္စည်းနှင့် ထောက်ပံ့ငွေပေးအပ်မှုသတင်း

    ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ပြည်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ( ၂၁-၇-၂၀၁၇) ရက်နေ့တွင် သာယာဝတီခရိုင် သာယာဝတီမြို့နယ်၊ အိမ်လဟာကျေးရွာအုပ်စု၊ အိမ်လဟာကျေးရွာ၌ ရေဘေးသင့် မျောပါနေအိမ် (၁) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုး ( ၁၀၀,၀၀၀)ကျပ်၊ ကယ်ဆယ်ရေးပစ္စည် (၉) မျိုး၊ လူဦးရေ (၂) ဦးအတွက် ဆန်ရိက္ခာဖိုးငွေ (၄,၂၀၀) ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ (၁၀၄,၂၀၀) ကျပ်အားလည်းကောင်း၊ (၂၁-၇-၂၀၁၇) ရက်နေ့တွင် တာရိုးကြိုးပေါက်၍ ရေဝင်ရောက်မှုကြောင့် ပြောင်းရွှေ့ခဲ့ရသည့် လူဦးရေ (၆၂၄) ဦးအတွက် ဆန်ရိက္ခာဖိုးငွေ(၇) ရက်စာ (၁,၃၁၀,၄၀၀) … Read more

  • ကယ်ဆယ်ရေးပစ္စည်းနှင့် ထောက်ပံ့ငွေပေးအပ်မှုသတင်း

    ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ပြည်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်၊ ဂွေးချောင်းရပ်ကွက် (၁) လမ်း၌ (၁၉-၇-၂၀၁၇) ရက်နေ့တွင် ဖြစ်ပွားခဲ့သော လေဘေးကြောင့် ဘေးသင့်ခဲ့သော ပြိုလဲနေအိမ် (၃) လုံးအတွက် ကယ်ဆယ်ရေးပစ္စည်း (၉) မျိုး၊ အိမ်ဆောက်ပစ္စည်းဖိုးငွေ (၃၀၀,၀၀၀) ကျပ်နှင့် လူဦးရေ (၁၅) ဦးအတွက် ဆန်ရိက္ခာဖိုးငွေ (၃၁,၅၀၀) ကျပ်၊ စုစုပေါင်း (၃၃၁,၅၀၀) ကျပ်တို့အား (၂၆-၇-၂၀၁၇) ရက်နေ့တွင် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source:                      ပြည်ခရိုင်ဦးစီးမှူးရုံး (ကဆရ)

Sign Up

Upcoming Events